အဆင့် (၄) ယဉ်ကျေးမှုဖလှယ်ခြင်း
အမေရိကန်ပြည်ထောင်စုသို့ မထွက်ခွာမီ RSC သည် အမေရိကန်ပြည်ထောင်စုသို့ သွားသော ခရီးနှင့် ရောက်သောအခါ ကြုံတွေ့နိုင်သောအရာများကို ရှင်းလင်းသင်ကြားပေးမည်။
ဤစာမျက်နှာရှိ သတင်းအချက်အလက်များကို လေ့လာရန် ပုံစံတစ်ခုကို ရွေးချယ်ပါ။ သင်သည် ဗွီဒီယို ကြည့်ရှုခြင်း၊ အချက်အလက်စာရွက်တစ်ခုကို ဒေါင်းလုပ် ဆွဲနိုင်ခြင်း Podcast ကို နားထောင်ခြင်းတို့ ကို ပြုလုပ်နိုင်သည်။ ရွေးချယ်မှုတိုင်း အတွက် သတင်း အချက်အလက်မှာ အတူတူ ဖြစ်သည်။
အဆင့် (၄) ယဉ်ကျေးမှုဖလှယ်ခြင်း
ယဉ်ကျေးမှုဖလှယ်ခြင်းသည် အမေရိကန် ပြည်ထောင်စု ဥပဒေများနှင့် ယဉ်ကျေးမှုကို လက်တွေ့ကျကျ နားလည်စေရန် ပြင်ဆင်ပေးသည်။ ယဉ်ကျေးမှုဖလှယ်ခြင်းသည် မှန်ကန်သော မျှော်မှန်းချက်များ ဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင်သစ်တွင် အခြေကျအောင်မြင်ရန် လိုအပ်သော အရည်အသွေးနှင့် စိတ်ဓါတ်ကို သင်ကြားပေးသည်။ USRAP သည် ယဉ်ကျေးမှုဖလှယ်ခြင်း သင်ရိုးညွှန်းတမ်းကို ဆယ်စုနှစ်ပေါင်းများစွာ ရရှိခဲ့သော အတွေ့အကြုံပေါ်မူတည်၍ ပြုစုထားသည်။ အမေရိကန်ပြည်ထောင်စုတွင် အခြေချ နေထိုင်ခြင်းနှင့်ပတ်သက်၍ သင်သိလိုသမျှ ဖြေပေးနိုင်ပြီး စိန်ခေါ်မှုများကို ရှင်းလင်းပြောဆို ပေးနိုင်သော ဘာသာစကားကြွယ်ဝပြီး လူမျိုးစုပေါင်းစုံပါဝင်သည့် ဝန်ထမ်းများက သင်ကြားပေးမည်။
မကြာခဏမေးတတ်သော မေးခွန်းများ
ယဉ်ကျေးမှုဖလှယ်ခြင်းသင်တန်း ရည်ရွယ်ချက်သည် အမေရိကန်ပြည်ထောင်စုတွင် ဘဝသစ် စတင်သည့်အခါ အဆင်ပြေစေရန် ကူညီပေးသည့် သဘောဖြစ်သည်။ ခေါင်းစဉ်များမှာ
- Resettlement Agency ၏ အခန်းကဏ္ဍ
- အလုပ်အကိုင်
- နေထိုင်ရေး
- ပညာရေး
- ကျန်းမာရေး
- ပတ်ဝန်းကျင်အသိုင်းအဝိုင်း
- လူ့အခွင့်အရေးနှင့်တာဝန်များ
- အင်္ဂလိပ်စာသင်ခြင်း
- ငွေကြေးစီမံခန့်ခွဲခြင်း
- သွားလာရေး
- ယဉ်ကျေးမှုညှိနှိုင်းခြင်း
သင့်အတွက် အကျိုးများစေရန် ယဉ်ကျေးမှုဖလှယ်ခြင်း သင်တန်းများကို ပါဝင်ဆောင်ရွက်ရလွယ်အောင် စီစဉ်ထားသည်။ ပြောင်းရွှေ့ခွင့်ရသော မိသားစုဝင်များ အားလုံးကို တက်စေချင်သည်။
ယဉ်ကျေးမှုဖလှယ်ခြင်းသင်တန်းကို မတက်ရောက် နိုင်ခြင်းများလည်း ရှိနိုင်သည်။ ထိုအခါ အမေရိကန် ပြည်ထောင်စုတွင် သင့်ဘဝရပ်တည်ရေးကို အထောက်အကူပြုမည့် စာရွက်စာတမ်းများကို လက်ခံရရှိမည်။ အမေရိကန်ပြည်ထောင်စုသို့ မထွက်ခွာမီ ထိုစာရွက်စာတမ်းများကို ဖတ်ရန် တိုက်တွန်းလိုသည်။
အမေရိကန်ပြည်ထောင်စု တွင်လည်း ယဉ်ကျေးမှုဖလှယ်ခြင်းသင်တန်းကို ထပ်မံတက်ရောက်ရမည်။
Ready to test your knowledge?
Download the Settle In App
Get unlimited access to hundreds of lessons designed for all learners
Download the Settle In App
With short videos and interactive lessons, you can learn about a wide range of pre- and post-arrival resettlement topics like traveling to the U.S., housing, and looking for a job.