အဆင့် (၅): ထွက်ခွာခြင်း
အဆင့် (၅) ထွက်ခွာခြင်း
သင်ပိုင်ဆိုင်သော ပစ္စည်းများကို မရောင်းမီ၊ အလုပ်မထွက်မီ၊ အိမ်မှ မထွက်ခွာမီ IOM မှ ခရီးသွားရန် အကြောင်းအရာအသေးစိတ်ကို အတည်ပြုသည်အထိ စောင့်ဆိုင်းပါ။
ထွက်ခွာခြင်းနှင့် ပတ်သက်၍ အောက်ပါ ထောက်ပံ့မှုများကို ရရှိမည်။
နိုင်ငံမှ ထွက်ခွာခွင့်၊ လေယာဉ်ပြောင်းစီးခြင်းနှင့် ပြည်ဝင်ဗီဇာ
မထွက်ခွာမီခေါ်ဆောင်ပေးခြင်း
ကျးမှုဖလှယ်ခြင်းသင်တန်းတွင် ပေးထားသော ခရီးသွားခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ အပြင် လေယာဉ်ချိန်၊ လေကြောင်းလိုင်းစည်းမျဉ်းများ၊ အကောက်ခွန်လိုအပ်ချက်များနှင့် လေယာဉ်ပြောင်း စီးချိန်နှင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိချိန်တွင် လိုအပ်သည့် အချက်များကိုလည်း ထပ်မံလက်ခံရရှိမည်။
အမေရိကန်နိုင်ငံပြင်ပရှိ လေဆိပ်များသို့ သွားလာမှုနှင့် နားနေမှု
လေဆိပ်တွင် check-in (ချက်အင်)ဝင်ခြင်း၊ အကောက်ခွနှ်နှင့်
လူဝင်မှုကြီးကြပ်ရေးကိစ္စများအတွက် သင့်ကို ကူညီပေးလိမ့်မည်။
ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု
ခရီးသွားစဉ် စောင့်ရှောက်မှုလိုအပ်သော ခရီးသည်များကို လိုအပ်သလို ကူညီပေးမည်။
လေယာဉ်ပြောင်းစီးချိန်တွင် ကူညီခြင်း
လေယာဉ်ရှာဖွေရာတွင် ကူညီခေါ်ဆောင်ပေးမည်။ လေယာဉ်ပြောင်းစီးချိန်အတွင်း အစားအသောက်နှင့် နေထိုင်မှုကို IOM မှ စီစဉ်ပေးမည်။
ဆိုက်ရောက်ချိန်တွင် ကူညီခြင်း
အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိချိန်တွင် IOM ဝန်ထမ်းမှ သင့်ကို လာကြိုပြီး နိုင်ငံတွင်း လေယာဉ်ပေါ်သို့ တင်ဆောင်ပေးမည်။ နောက်ဆုံး သွားမည့်နေရာတွင် ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီမှ လာကြိုမည်။
မကြာခဏမေးတတ်သော မေးခွန်းများ
မထွက်ခွာမီ သင်နှင့်တူတူ ထွက်ခွာသူတိုင်းအတွက် လေယာဉ်လက်မှတ်ဖိုး ပြန်ဆပ်မည်ဟု ကတိပါသည့် ငွေပေးချေရန် ကတိစာချုပ်တွင် လက်မှတ်ထိုးရမည်။ အမေရိကန်ပြည်ထောင်စုသို့ ရောက်ပြီးနောက် ဤအတိုးမဲ့ချေးငွေကို ပြန်ပေးရန် ၄၂ လ အချိန်ရှိသည်။ ပုံမှန်အားဖြင့် ချေးငွေကို ရောက်ရှိပြီး ၆ လ မှစ၍ ဆပ်နိုင်သည်။ ချေးငွေကို ချေးငွေစာချုပ်တွင် ပါသည့်အတိုင်း လစဉ် ဆပ်ရမည်။ လစဉ်ဆပ်ငွေကို ရွှေ့ပြောင်းခိုလှုံသူအေဂျင်စီသို့ ပေးပို့ရမည်။ ရွှေ့ပြောင်းခိုလှုံသူအေဂျင်စီသည် အခြားရွှေ့ပြောင်း ခိုလှုံခွင့်တောင်းသူများအတွက် ငွေကို IOM သို့ ပြန်ပေးမည်။ ခရီးသွားချေးငွေပြန်ဆပ်ခြင်းသည် ခရီးသွားချေးငွေပရိုဂရမ်ကို ထောက်ပံ့စေနိုင်ပြီး အမေရိကန်ပြည်ထောင်စုတွင် အကြွေးယူစနစ် အတွက် သင်နာမည်ကောင်းရစေရန် ကူညီပေးသည်။ ချေးငွေဆပ်ရန် အခက်အခဲရှိပါက ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီကို အကြောင်းကြား သင့်သည်။ အချို့သော ချေးငွေပမာဏ လျှော့ချပေးနိုင်ပြီး ချေးငွေဆပ်သည့်ကာလကို တိုးပေးနိုင်သည်။ ရောက်ရှိပြီးပါက ချေးငွေကတိ စာချုပ်ကိစ္စနှင့် ပတ်သက်ပြီး ရွှေ့ပြောင်းခိုလှုံရေး အေဂျင်စီနှင့် ဆက်သွယ်ရန် အရေးပါသည်။
မထွက်ခွာမီ IOM သည် ဝန်စည်စလှယ် ကန့်သတ်ခြင်းနှင့် အမေရိကန်ပြည်ထောင်စုသို့ သယ်ဆောင်ခွင့်မရှိသော ပစ္စည်းများအကြောင်း ရှင်းပြလိမ့်မည်။ ဝန်စည်စလှယ် အလွန် ကန့်သတ်ထားကြောင်းနှင့် IOM သည် တန်ပိုပေးဆောင်ခြင်း မပြုပေးဘဲ မိမိဘာသာ ရှင်းရမည်။ တန်ပိုရှိပါက လေဆိပ်တွင် ပစ္စည်းလျှော့ချရန် လိုအပ်သည်။