အဆင့် (၆): ရောက်ရှိခြင်း

: အပ်ဒိတ်လုပ်ထားသည်9/19/2024
အမေရိကန်ပြည်ထောင်စုတွင် နောက်ဆုံးသွားမည့် နေရာသို့ ရောက်ရှိပါက ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီမှ လေဆိပ်တွင် လာကြိုမည်။ ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီသည် USRAP စနစ်အရ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာသော ရွှေ့ပြောင်းခိုလှုံသူများကို အကူအညီပေးသည့် အမေရိကန်အစိုးရ၏ မိတ်ဖက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည်။ ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီသည် အမေရိကန် ပြည်ထောင်စုသို့ လာရောက်ခိုလှုံသော ရွှေ့ပြောင်းခိုလှုံသူများကို အကူအညီပေးလာသည်မှာ ဆယ်စုနှစ်ချီပြီဖြစ်သည်။
Image
A woman wearing a blue blouse and a name tag is extending her hand for a handshake in an airport or transit terminal. People with luggage are seen in the background near escalators and departure gates, indicating a welcoming or assistance scene.

အဆင့် (၆) ရောက်ရှိခြင်း

ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီသည် အမေရိကန် ပြည်ထောင်စုတွင် ပထမ ရက် ၃၀ မှ ၉ဝအတွင်း သင်၏ အခြေခံလိုအပ်ချက်များကို ကူညီပေးမည်။ ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီဝန်ထမ်းသည် သင့်ပထမဆုံးလတွင် နေစရာစီစဉ်ပေးမည်။ သန့်ရှင်းပြီး လုံခြုံသော တန်ဖိုးသင့် ပတ်ဝန်းကျင်တွင် အိမ်တစ်လုံးရှာပေးမည်။ သင်သည် အမေရိကန် ပြည်ထောင်စုတွင် တရားဝင် အလုပ်လုပ်ခွင့် ရရှိမည်။ ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီသည် သင့်ကို အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုများနှင့် မိတ်ဆက်ပေးမည်။ သင့်တွင် ကျောင်းနေအရွယ် သားသမီးရှိပါက အခမဲ့ပြည်သူလူထုကျောင်းများတွင် တက်နိုင်သည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်သည်နှင့် အခြားသူများနည်းတူ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားခွင့်စသော အခွင့်အရေးများကို နှစ်သက်မည် ဖြစ်သည်။ သင့်အကြံကို ထုတ်ဖော်ပြောဆိုခြင်း၊ သင့်ဘာသာတရားကို ကိုးကွယ်ခြင်း၊ သူငယ်ချင်း အုပ်စုလိုက်တွေ့ခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းများ ရှိမည်မဟုတ်ပါ။ တစ်နှစ်ပြည့်ပါက အမြဲတမ်း နေထိုင်သူ (Permanent Resident) ဖြစ်မည်။ ၅ နှစ်ပြည့်ပါက အမေရိကန်နိုင်ငံသား လျှောက်ထား နိုင်သည်။ နိုင်ငံသားဖြစ်ပြီးပါက မဲပေးပိုင်ခွင့်ရှိသည်။

Image
A group of people are celebrating, holding small American flags and certificates. A woman in a green dress, a woman wearing a headscarf, and a man in a green shirt are in the foreground, all smiling and waving their flags. The image represents a citizenship or naturalization ceremony.
Image
The Statue of Liberty is depicted alongside an American flag and a document resembling a certificate or identification card. The image symbolizes themes of citizenship or immigration.

မကြာခဏမေးတတ်သော မေးခွန်းများ

ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီသည် အိမ်၊ ဆေးဝါးကုသမှု၊ အလုပ်ရှာဖွေရေးနှင့် အခြား အရေးကြီးသောလုပ်ငန်းများအတွက် သင့်ကို အနည်းဆုံး ရက် ၃၀ မှ ၉၀ အတွင်း ကူညီပေးမည်။ ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီသည် အခြေခံ အိမ်ထောင်ပရိဘောဂ၊ အစားအစာ၊ ရာသီအလိုက် မရှိမဖြစ်လိုအပ်သော အဝတ်အစားများကို ထောက်ပံ့မည်။ သင်သည် တရားဝင် အလုပ်လုပ်ခွင့် ရရှိပြီး အလုပ်ရှာရမည်။ အမြန်ဆုံး ကိုယ့်အားကို ကိုးနိုင်မည်။

မှန်ပါသည်။ ရွှေ့ပြောင်းခိုလှုံရေးအေဂျင်စီသည် သင် အခြေချရာနေရာတွင် အလုပ်ရရန် ကူညီမည်။ အမေရိကန်တွင် အလုပ်ရှာခြင်းသည် အရေးကြီးသည်။ ပထမဆုံးအလုပ်သည် သင့်မိခင် နိုင်ငံတွင် လုပ်ခဲ့သော အလုပ် ဖြစ်ချင်မှဖြစ်မည်။ စဝင်သည့်အဆင့်၊ မကျွမ်းကျင်သောအလုပ်၊ အချိန်ပိုင်း အလုပ်ပင် ဖြစ်ကောင်းဖြစ်မည်။ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်စရိတ် ကြီးသောကြောင့် အမျိုးသားရော အမျိုးသမီးပါ အပြင်ထွက် အလုပ်လုပ်လေ့ရှိသည်။

အမေရိကန်ရှိ မြို့တော်တာ်များများတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးများ ရှိသည်။ ရွှေ့ပြောင်းခိုလှုံရေး အစိတ်အပိုင်းအဖြစ် ကားမပေးပါ။ ထို့ကြောင့် အလုပ်သွားရန် အများပြည်သူသယ်ယူပို့ဆောင်ရေးကို အားကိုးရန် လိုအပ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ရွှေ့ပြောင်းခိုလှုံသူစခန်း မရှိပါ။ ထို့ကြောင့် သင် စခန်းတွင် မနေရပါ။ အိမ်များသည် တစ်နေရာနှင့်တစ်နေရာ ကွဲပြားသည်။ ပုံမှန်အားဖြင့် အိမ်များသည် ပြည်တွင်းအဖွဲ့ အစည်းများမှ လှူဒါန်းထားသော ပရိဘောဂများပါသည့် တိုက်ခန်းများဖြစ်သည်။ မတူကွဲပြားသော လူမျိုးစုများ၊ ဘာသာများ၊ ယဉ်ကျေးမှုများနှင့် ပတ်ဝန်းကျင် နောက်ခံများရှိသည့် ရွှေ့ပြောင်းခိုလှုံသူများကို တိုက်ခန်းများတွင် နေရာချထားသည်။

အမေရိကန်ပြည်ထောင်စုတွင် ရွှေ့ပြောင်း ခိုလှုံသူအဖြစ် ခွင့်ပြုထားခြင်းသည် သင့်ကို အမြဲတမ်းနေထိုင်စေပြီး နောက်ဆုံး နိုင်ငံသားပါ ပေးလျှောက်သည်။ အမေရိကန်ပြည်ထောင်စု အပြင်ဘက်တွင် ခရီးသွားလိုပါက ရွှေ့ပြောင်းခိုလှုံရေး အေဂျင်စီထံမှ အကြံယူသင့်သည်။ ရွှေ့ပြောင်းခိုလှုံသူ မည်သူမဆို အမေရိကန်ပြည်ထောင်စုမှ မထွက်ခွာမီ ရွှေ့ပြောင်းခိုလှုံသူ ခရီးသွားစာရွက်စာတမ်း ရှိရမည်။ ပတ်စပို့နှင့် တူပြီး အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ဝင်ရောက်ရာတွင် လိုအပ်သည်။ အမေရိကန် ပြည်ထောင်စုတွင် အခြေချရန် ဆုံးဖြတ်ချက်သည် သင့်နိုင်ငံသို့ ပြန်လို့မရနိုင်တော့ခြင်း မဟုတ်ပါ။ သို့သော် နိုင်ငံသားမဖြစ်မီ ထိုသို့ ပြုလုပ်ခြင်းက အမေရိကန်ပြည်ထောင်စုရှိ သင့်အခြေအနေကို ထိခိုက်နိုင်သည်။

ခရီးသွားစာရွက်စာတမ်းလျှောက်ထားရန် လမ်းညွှန်ချက်များကို ကြည့်ပါ။

http://www.uscis.gov/sites/default/files/files/form/i-131instr.pdf

အမေရိကန်ပြည်ထောင်စုသို့ သင်လာရောက်ရာတွင် ပါဝင်နိုင်သော မိသားစုဝင်များမှာ ဇနီး/ခင်ပွန်း၊ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုသေးသော သားသမီးများ ဖြစ်ကြသည်။ သင့် ဇနီး/ခင်ပွန်း၊ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုသေးသော သားသမီးများ မပါလာပါက လိုက်လာနိုင်သည်။ သင့်မိဘများလည်း ရွှေ့ပြောင်းခိုလှုံသူအဖြစ် လျှောက်ထားနိုင်သည်။ သင့်အခြေအနေပေါ်မူတည်ပြီး (ရွှေ့ပြောင်းခိုလှုံသူ၊ အမြဲတမ်းနေထိုင်သူ၊ နိုင်ငံသား) အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းနေထိုင်ရန် အသနားခံလွှာလျှောက်ထားနိုင်သည်။ ရွှေ့ပြောင်း ခိုလှုံရေးအေဂျင်စီသည် သင်အခြေကျပြီးနောက် မိသားစုပေါင်းစည်းရေးအတွက် ကူညီပေးမည်။ အသနားခံလွှာတင်ရမည့် အချက်အလက်များကို http://www.uscis.gov တွင် လေ့လာနိုင်သည်။