အဆင့် (၁): ပထမအဆင့် အင်တာဗျူး

: အပ်ဒိတ်လုပ်ထားသည်9/19/2024
အမေရိကန်ပြည်ထောင်စုတွင် ပြောင်းရွှေ့အခြေချရန် သင့်ကို ထည့်သွင်းစဉ်းစားပြီးလျှင် သင်နှင့် အနီးစပ် ဆုံးရှိ ပြောင်းရွှေ့အခြေချခွင့်ထောက်ပံ့ရေး စင်တာက ပထမအဆင့်အင်တာဗျူးကို တက်ရောက်ရန် ဆက်သွယ်လိမ့်မည်။ အမေရိကန် အစိုးရသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ပြောင်းရွှေ့ အခြေချခွင့် ထောက်ပံ့ရေးစင်တာ (RSC) များအဖြစ် ဆောင်ရွက်ပေးရန် ငွေကြေးထောက်ပံ့ ထားသည်။
Image
Prescreening Interview

ပထမအဆင့် အင်တာဗျူး

RSC မှ တာဝန်ရှိသူသည် သင့်ကိုယ်ရေး အချက် အလက်များကို ကြည့်ပြီး ဖိုင်တစ်ခု တည်ဆောက်မည် (သင့်မိသားစုပါ အတူ လျှောက်ပါက မိသားစုပါမည်)။ တာဝန်ရှိသူက သင့်တိုင်းပြည်မှ ဘာကြောင့်စွန့်ခွာလို သလဲစသည့် အရေးကြီးသော မေးခွန်းများကို မေးလိမ့်မည်။ ကနဦးစိတ်ချရမှုအတွက် ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို ကောက်နုတ် စုဆောင်းလိမ့်မည်။ သင်နှင့်အတူရှိမနေသော ဆွေမျိုး များ၏ အချက်အလက်များကိုပင် တောင်းလိမ့်မည်။ သင့်ဓါတ်ပုံကိုလည်း ရိုက်ယူလိမ့်မည်။

ပထမအဆင့်အင်တာဗျူးအပြီးတွင် သင့်ကိုယ်ရေး အချက်အလက်များကို လုံခြုံရေးစစ်ဆေးရန် အခြားသော အမေရိကန်အစိုးရကိုယ်စားလှယ်များထံ ပို့လိမ့်မည်။ ထိုကိုယ်စားလှယ်များသည် သင်ပေးထား သော အချက်အလက်များ မှန်ကန်မှုရှိမရှိ စုံစမ်းလိမ့်မည်။ တစ်ခါတရံ လုံခြုံရေးစစ်ဆးခြင်းသည် လပေါင်းများစွာ ကြာတတ်ပြီး တစ်ခါတရံ အမေရိကန် အစိုးရမှ လုံးဝခွင့်မပြုတတ်ပေ။

RSC မှတာဝန်ရှိသူသည် ရွှေ့ပြောင်းခိုလှုံသူအဖြစ် အမေရိကန်ပြည်ထောင်စုတွင် ပြောင်းရွှေ့အခြေချရန် သင့်လျှောက်ထားမှုနှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်းရန် တာဝန်ရှိသည်။ ပထမအဆင့်အင်တာဗျူးတွင် တာဝန်ရှိသူသည် သင့်တိုင်းပြည်မှ ထွက်ခွာလိုသော အကြောင်းရင်းနှင့် သင့်တိုင်းပြည်သို့ မပြန်နိုင်တော့သော အကြောင်းရင်းကို မှတ်တမ်းတင်ထားမည်။

တာဝန်ရှိသူသည် သင့်ဘာသာစကားကို မပြောတတ် ပါက RSC မှ ဘာသာပြန်တစ်ယောက် ထားပေးမည်။ RSC မှ ဘာသာပြန်များသည် ကောင်းစွာလေ့ကျင့်ပြီး ကျွမ်းကျင်သူများဖြစ်သည်။ ဘာသာပြန်၏ တာဝန်သည် သင်နှင့် တာဝန်ရှိသူတို့ ကောင်းစွာ ဆက်သွယ်နိုင်အောင် ကူညီပေးရန်ဖြစ်သည်။ ဘာသာပြန်သည် သင်ပြောပြသော အကြောင်း အရာကို ထပ်မံဖြည့်စွက်ခြင်း။ ထိန်ချန်ထားခြင်း မလုပ်ပါ။ သင်နှင့် တာဝန်ရှိသူတို့ပြောသမျှ ဘာသာပြန်ပြီး သင့်စကားအဓိပ္ပါယ်ပြောင်းလဲ သွားအောင် မလုပ်ပါ။ ဘာသာပြန်နှင့်ပတ်သက်၍ သံသယရှိပါက ပွင့်လင်းစွာပြောပါ။ အင်တာဗျူးတွင် နားမလည်ပါက သို့မဟုတ် တစ်ခုခုမရှင်းလင်းပါက တာဝန်ရှိသူကို မေးမြန်းခြင်း သို့မဟုတ် ထပ်မံပြောဆိုစေခြင်းများ ပြုလုပ်န်ိုင်သည်။ ဘာသာပြန်နှင့် ပြောဆိုမှုအဆင်မပြေပါက RSC မှ ဝန်ထမ်းကို ပြောနိုင်သည်။

သင်သည် ရိုးသားရမည်။ အသေးစိတ် အချက်အလက်တိုင်းတွင် မှန်ကန်ပြီး တိကျရမည်။ အဖြေများကို မလိမ်ပါနှင့်။ မေးခွန်းအတွက် အဖြေကို မသိပါက မသိပါဟု ပြောနိုင်သည်။ သင့်အဖြေများသည် တတ်နိုင်သမျှ မှန်ကန်တိကျ ပြည့်စုံရမည်။ တာဝန်ရှိသူသည် ရွှေ့ပြောင်း ခိုလှုံသူအဖြစ် သင်၏ လျှောက်ထားမှုကို မှတ်တမ်း တင်လိမ့်မည်။ အထူးသဖြင့် နိုင်ငံကို စွန့်ခွာပြီး မပြန်လိုသော အကြောင်းပြချက်ကို မေးမည်။ ဤအချက်အလက်များကို အမေရိကန်ပြည်ထောင်စု နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေး (USCIS) ကို တင်သော ဖိုင်တွင် သိမ်းထားမည်။

လျှို့ဝှက်ချက်-RSC မှ တာဝန်ရှိသူနှင့် ဆွေးနွေးမှု အားလုံးသည် အမေရိကန်ပြည်ထောင်စုတွင် ပြောင်းရွှေ့အခြေချမှုအား လက်ခံရန် စဉ်းစားခြင်း အတွက် ရည်ရွယ်ပြီး လျှို့ဝှက်ထားသည်။ ဘာသာပြန် များသည် အင်တာဗျူးအတွင်း ဆွေးနွေးသော အချက်အလက်များကို မပေါက်ကြားစေရန် ကတိသစ္စာဆိုထားကြသည်။ RSC မှ တာဝန်ရှိသူနှင့် ဘာသာပြန်များသည် သင့်အရေးကိစ္စ အောင်မြင်မှု အတွက် လုံးဝသက်ဆိုင်မှုမရှိပါ။ USCIS သည်သာ ဆုံးဖြတ်နိုင်စွမ်းရှိသည်။

Image
Prescreening Interview
Image
Prescreening Interview

မကြာခဏမေးတတ်သော မေးခွန်းများ

RSC သို့ အင်တာဗျူးနေရာသို့ ရောက်ရှိသောအခါ လုံခြုံရေးစစ်ဆေးခံရမည် (သတ္တုစစ်စက်)။ RSC တွင် ရှိနေသည့် အချိန်ကာလအတွင်း မိုဘိုင်းဖုန်းအပါအဝင် အီလက်ထရောနစ်ပစ္စည်းများကို လုံခြုံစိတ်ချရသည့်နေရာတွင် ထားခဲ့ရမည်။

အင်တာဗျူးမတိုင်ခင် RSC သို့ အင်တာဗျူးနေရာတွင် အကြာကြီးစောင့်ရနိုင်သည်။ RSC ဝန်ထမ်းသည် တတ်နိုင်သမျှ အဆင်ပြေအောင် စီစဉ်ပေးလိမ့်မည်။ သို့သော် သင့်စိတ်ရှည်မှုကို အသိအမှတ်ပြုပါလိမ့်မည်။ စောင့်ဆိုင်းနေစဉ် မေးခွန်းမေးလိုပါက စောင့်ဆိုင်းရာနေရာရှိ RSC ဝန်ထမ်း သို့ လုံခြုံရေးဝန်ထမ်းကို မေးနိုင်သည်။