Skip to main content

သုံးစွဲရာတွင် လိုက်နာရမည့် အချက်များ

International Rescue Committee (IRC) သည် ဤ (https://settleinus.org) ဝက်ဘ်ဆိုဒ်ကို ထားရှိရသည့် အကြောင်းအရင်းမှာ သုံးစွဲသူအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းနှင့် ပတ်သက်ပြီး သတင်းများကို သိရှိနိုင်စေရန်နှင့် IRC ကို ဆက်သွယ်နိုင်ရန်ဖြစ်ပါသည်။ IRC ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ပြီး အသုံးပြုခြင်း၊ IRC ဝက်ဘ်ဆိုဒ်နှင့် ချိတ်ဆက်ခြင်း၊ အကြောင်းအရာ များနှင့် ဖိုင်များကို ကူးယူခြင်းများကိုပြုလုပ်လိုပါက အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ပါသည်။ အကယ်၍ ထိုစည်းမျဉ်းအားလုံးကို မလိုက်နာပါက IRC ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်အသုံးပြုခြင်း၊ IRC အကြောင်းအရာများနှင့် IRC ဝက်ဘ်ဆိုဒ် ပေါ်ရှိ IRC ဖိုင်များကို ကူးယူခြင်းများကို ပြုလုပ်နိုင်မည် မဟုတ်ပါ။ သုံးစွဲသူများအနေဖြင့် သိထားရမည့်အချက်မှာ IRC မှ ထိုစည်းမျဉ်းများကို သတိပေးကြေငြာခြင်းမရှိပဲ အချိန်မရွေး ပြောင်းလဲနိုင်သည်ကို သိထားစေလိုပါသည်။ ထို့ကြောင့် သုံးစွဲသူအနေနှင့် ထိုသို့ စည်းကမ်းပြောင်းလဲသတ်မှတ်မှုကို လက်ခံကြောင်း သဘောတူရမည်ဖြစ်သည်။ IRC ဝက်ဘ်ဆိုဒ် ကို အသုံးပြုမည်ဆိုပါက ဝက်ဘ်ဆိုဒ် အသုံးပြုရာတွင် လိုက်နာရမည့်စည်းမျဉ်းများကို လိုက်နာပါမည်ဟု သဘောတူညီရပါမည်။ ထို့အပြင် ဝက်ဘ်ဆိုဒ် ၏အချို့နေရာတွင် သတ်မှတ်ထားသော စည်းမျဉ်းများကိုလည်း လိုက်နာရပါမည်။

မူပိုင်တံဆိပ်နှင့် ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်

သုံးစွဲသူအနေနှင့် IRCအမှတ်တံဆိပ်သည် IRC အဖွဲ့၏ နာမည်၊ တံဆိပ်နှင့် အခြား စာရင်းသွင်းမှတ်ပုံတင်ထားသော တံဆပ်များ နှင့် ဝန်ဆောင်မှု တံဆိပ်များ (“IRC ၏ တံဆိပ်များ”)၊ ပိုင်ဆိုင်မှု၊ IRC ၏ ဝက်ဘ်ဆိုဒ် ပေါ်ရှိ အကြောင်းအရာများကို တစ်ဦးတည်း ပိုင်ဆိုင်ထားကြောင်း သိရှိထားရမည်ဖြစ်သည်။

ကန့်သတ်ထားသော လိုင်စင်

IRC ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ပြီး အသုံးပြုခြင်း၊ အကြောင်းအရာများနှင့် IRC ဖိုင်များကို ကူးယူခြင်းများကိုပြုလုပ်လိုပါက အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ပါသည်။

အသုံးပြုခြင်း

မိတ်ဆွေအနေနှင့် IRC၏logoတံဆိပ်ကို လင့်ခ်အနေနှင့် အသုံးပြုနိုင်မည် မဟုတ်ပါ။ သို့သော် သင့်အနေဖြင့် IRC မှ အသိအမှတ်ပြုထားသည့် ဘန်နာများ၊ လင့်ခ်များကိုမူ ချိတ်ဆတ်နိုင်မည် ဖြစ်သည်။ တိတိကျကျဆိုရလျှင် သင့်အနေနှင့် IRC တံဆိပ်ပါ logoကို IRC မှလွဲပြီး အခြားလူမူကွန်ယက်များ၊ ဝက်ဘ်ဆိုဒ်များတွင်(Facebook၊ Youtube) အသုံးပြုခြင်းများကို မပြုလုပ်စေလိုပါ။

မိတ်ဆွေအနေနှင့် ပညာရေးနှင့် သက်ဆိုင်မှသာလျှင် IRCမှအသိအမှတ်ပြုထားသည့် ဘန်နာများ၊ လင့်ခ်များနှင့်/သို့မဟုတ် Websiteပေါ်မှ အကြောင်းအရာများ၊ပစ္စည်းများကို အသုံးပြုနိုင်သည်ကို သိရှိထားရမည်။

IRC ၏ဘန်နာများ၊ လင့်ခ်များနှင့်/သို့မဟုတ် Websiteပေါ်မှ အကြောင်းအရာများ၊IRCအမှတ်တံဆိပ်ပါ ပစ္စည်းများ၊ အကြောင်းအရာ များကို အသုံးပြုရာတွင် ထိုအရာများကို ဂရပ်ဖစ်ပိုင်းဆိုင်ရာ ပြုပြင်ခြင်းများ (သို့) အရွယ်အစား၊ တံဆိပ်၊ အစိတ်အပိုင်းများ၊ ဖောင့်အရွယ်အစားများ၊ ဒီဇိုင်းပိုင်း၊ ဖန်တီးမှုများ၊အရောင်များ၊ ပါဝင်ပစ္စည်းများကို ပြောင်းလဲပြုပြင်ခြင်းများကို မပြုလုပ်ရပါ။ ထို့အပြင် IRC ပိုင်ဆိုင်သောအရာများကို Animation ပြုလုပ်ခြင်း၊ ဆင်တူယိုးမှား ပုံစံများပြုလုပ်ခြင်းများ မလုပ်ပါရန် အသိပေးပါသည်။

မိတ်ဆွေအနေနှင့် IRCအမှတ်တံဆိပ်ပါ ပစ္စည်းများ၊ IRC အကြောင်းအရာများနှင့်/သို့မဟုတ် IRC ဘန်နာများ၊ လင့်ခ်များကို အလွဲသုံးစားခြင်းပြုလုပ်မည် မဟုတ်ကြောင်း သဘောတူရပါမည်။

သုံးစွဲသူအနေဖြင့် IRC အမှတ်တံဆိပ်ပါ ပစ္စည်းများ၊ အကြောင်းအရာများ (သို့) ဘန်နာများ၊ လင့်ခ်များ နှင့် Websiteပေါ်မှ အကြောင်းအရာများကို ဥပဒေနှင့်ငြိစွန်းသည့် ကိစ္စများ၊ တရားဥပဒေနှင့်သက်ဆိုင်သည့် ကိစ္စများတွင် အသုံးမပြုပါကြောင်း သဘောတူညီထားရပါမည်။ ထိုအထဲတွင် အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေလည်းပါဝင်ပါသည်။

သုံးစွဲသူအနေဖြင့် မိတ်ဆွေနှင့် IRCတို့၏ ဆက်သွယ်မှုကို အလွဲသုံးစားခြင်း မပြုလုပ်ရပါ။

မိတ်ဆွေအနေဖြင့် IRCပိုင် အကြောင်းအရာများနှင့်ပစ္စည်းများ၊ IRCဘန်နာများ၊ လင့်ခ်များ ကို အသုံးပြုရာတွင် မိမိ၏ ထုတ်ကုန်များ၊ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ဝက်ဘ်ဆိုဒ်ကို IRCမှထောက်ခံထားသည့်ပုံစံ၊ ထောက်ပံ့ကူညီထားသည့် ပုံစံ စသည်ဖြင့် အတုအယောင်လုပ်ကာ အလွဲသုံးစားပြုလုပ်ခြင်းများ မပြုလုပ်ရပါ။

မိတ်ဆွေအနေဖြင့် IRC ပိုင် အကြောင်းအရာများနှင့်/သို့မဟုတ် ပစ္စည်းများ၊ IRC ဘန်နာများ၊ လင့်ခ်များ ကို အသုံးပြုပြီး မိတ်ဆွေ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ရောင်းချရာတွင် ထိုမှရရှိသော အကျိုးအမြတ်များကို IRC မှရရှိသည်ဟူသော အထင်လွဲစေသည့် အရာများကို မပြုလုပ်ရပါ။

မိတ်ဆွေအနေဖြင့် IRC ပိုင် အကြောင်းအရာများနှင့်ပစ္စည်းများ နှင့်/သို့မဟုတ် IRC မှ ထောက်ခံချက်ပေးထားသော ဘန်နာများ၊ လင့်ခ်များ ကို အများပြည်သူတို့အထင်မြင် လွဲစေနိုင်သည့်ကိစ္စများ၊ IRC ကို နာမည်ပျက်စေသော ကိစ္စများတွင် အသုံးပြုခြင်းများ မပြုလုပ်ရပါ။

IRC ပိုင် အကြောင်းအရာများနှင့်ပစ္စည်းများ နှင့်/သို့မဟုတ် IRC မှထောက်ခံချက်ပေးထားသော ဘန်နာများ၊ လင့်ခ်များ ကို တစ်စုံတစ်ယောက်မှ IRC အဖွဲ့ကို အသရေဖျက်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် ညစ်ညမ်းသော၊ အကြမ်းဖက်မှုပါသော၊ ရိုင်းစိုင်းသော၊ လိင်ကိစ္စများနှင့်သက်ဆိုင်သော အကြောင်းအရာများ အတွက် အသုံးပြုပါက ထိုသူ၏ Websiteအသုံးပြုခွင့်ကို ပိတ်ပင်မည့်အချက်ကို သဘောတူထားရပါမည်။ အတိအကျဆိုရသော် IRCမှထောက်ခံချက်ပေးထားသော ဘန်နာများ၊ လင့်ခ်များ သည် အရက်သေစာ၊ ဆေးလိပ်၊ ညစ်ညမ်းရုပ်ရှင်နှင့်ပတ်သက်သော၊ ဘာသာရေး၊ပါတီရေး၊ နိုင်ငံရေးနှင့် လက်နက်များနှင့်ပတ်သက်သော မည်သည့် web page၊ မည်သည့် website ပေါ်တွင်မှ ပေါ်နေမည် မဟုတ်ပါ။

သုံးစွဲခွင့် ပိတ်ပင်ခြင်း

IRC အနေနှင့် မိတ်ဆွေကို IRC ပိုင် အကြောင်းအရာများနှင့် ပစ္စည်းများ (သို့) IRC၏ ဘန်နာများ၊ လင့်ခ်များ ကိုသုံးစွဲခွင့်ကို အကြောင်းပြချက် ပေး၍ဖြစ်စေ၊ မပေး၍ဖြစ်စေ ပိတ်ပင်နိုင်ပါသည်။ ထိုသို့ သုံးစွဲခွင့် ပိတ်ပင်ခြင်း သတိပေးစာရှိသည်နှင့် မိတ်ဆွေအနေနှင့် IRC ပိုင် အကြောင်းအရာများနှင့်ပစ္စည်းများ (သို့) IRCမှ ထောက်ခံချက် ပေးထားသော ဘန်နာများ၊ လင့်ခ်များ ကို ထပ်မံသုံးစွဲခွင့် ရရှိတော့မည် မဟုတ်ပါ။တစ်စုံတစ်စုံတစ်ဦးမှ IRC ပိုင် အကြောင်းအရာများနှင့် ပစ္စည်းများ (သို့) IRCဘန်နာများ၊ လင့်ခ်များ ကို အသုံးပြုလျှင် လိုက်နာရမည့် စည်းမျဉ်းများ ချိုးဖောက်နေကြောင်း သိရှိပါက IRC အနေနှင့် မိတ်ဆွေကို IRC ပိုင် အကြောင်းအရာများနှင့်ပစ္စည်းများ (သို့) ဘန်နာများ၊ လင့်ခ်များ ကိုသုံးစွဲခွင့်ကို ပိတ်ပင်သည့် လုပ်ပိုင်ခွင့်ရှိ ပါသည်။ ထိုမျှသာမက တစ်စုံတစ်ဦးမှ ဉာဏပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေး (သို့) IRC နှင့် အခြားတတိယပါတီတို့၏အခွင့်အရေးကို ဖောက်ဖျက်ခြင်း၊ IRC ၏ ပုံရိပ်၊ဂုဏ်သိက္ခာ၊ဝန်ဆောင်မှု (သို့) အစီအစဉ်တို့ကို ထိခိုက်စေခြင်း၊ ဥပဒေကို ချိုးဖောက်ခြင်း၊ စည်းမျဉ်းကို ချိုးဖောက်ခြင်းနှင့် တားမြစ်ထားသည့်အရာများကို ကျူးလွန်ခြင်း စသည့် ကိစ္စများကို တွေ့ရှိလျှင်လည်း ဝက်ဘ်ဆိုဒ် သုံးစွဲခွင့် ပိတ်ပင်မည်ဖြစ်သည်။

တရားစီရင်ခြင်း

ဤ သုံးစွဲခြင်းဆိုင်ရာ စည်းမျဉ်းသည် New York ပြည်နယ်ဥပဒေနှင့် အညီ ဖွဲ့စည်းထားသည်ဖြစ်ရာ သင်နေထိုင်ရာ ဒေသ၏ ဥပဒေကို သက်ရောက်မှုမရှိပါ။ တောင်းဆိုချက်၊ တရားစွဲဆိုခြင်း (သို့) ဆင့်ခေါ်စာနှင့် တရားစွဲဆိုခြင်းတို့ကို ဆောင်ရွက်ရာတွင် New York တရားရုံး၊ New York ပြည်နယ်တစ်ခုတည်းတွင်သာ ပြုလုပ်နိုင်သည်။

ဥပဒေများ

တစ်စုံတစ်ယောက်မှ IRC ၏ မူပိုင်ခွင့်၊အမှတ်တံဆိပ်နှင့် ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ခဲ့ပါလျှင် ထိုသူအား ဥပဒေအရ အရေးယူသွားမည်ဖြစ်သည်။

ဒဏ်ငွေ

သုံးစွဲသူအနေဖြင့် IRC ပိုင် အကြောင်းအရာများနှင့် ပစ္စည်းများ (သို့) IRC မှ ထောက်ခံချက်ပေးထားသော ဘန်နာများ၊ လင့်ခ်များ ကို မမှန်မကန်သုံးစွဲပါက ဒဏ်ကြေးပေးဆောင်ခြင်းနှင့် ခံဝန်ကတိထိုးခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။

အာမခံအတွက် ငြင်းပယ်မှု

IRC အနေဖြင့် ဝက်ဘ်ဆိုဒ်ရှိ အကြောင်းအရာများနှင့်ပစ္စည်းများအပြကို လေးစားသောအားဖြင့် မည်သည့်အာမခံချက်၊ကိုယ်စားပြုခြင်းများ သို့မဟုတ် အဆိုပြုချက်များ၊ ညွန်းဆိုချက်များကို ပြုလုပ်မည် မဟုတ်ပါ။ ထို့အပြင် ဥပဒေနှင့်ငြိစွန်းသည့် မည်သည့်အာမခံချက်ကိုမဆို လက်မခံပါ။ ထို့ကြောင့် သုံးစွဲသူအနေဖြင့် IRC ပိုင် အကြောင်းအရာများနှင့်ပစ္စည်းများနှင့်/သို့မဟုတ် IRC မှ ထောက်ခံချက်ပေးထားသော ဘန်နာများ၊ လင့်ခ်များ ကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို မိမိဘာသာခံယူရမည်ဖြစ်သည်။

ဤဝက်ဘ်ဆိုဒ်တွင်ပါသော အကြောင်းအရာများသည် အမေရိကန် ရွှေ့ပြောင်းဒုက္ခသည်နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ထောက်ခံချက် ရထားပါသည်။ သို့သော် ဝက်ဘ်ဆိုဒ်ပေါ်ရှိ အကြောင်းအရာများသည် ထိုအဖွဲ့ကို ကိုယ်စားပြုမည် မဟုတ်သည့်အပြင် ဗဟိုအစိုးရ၏ ထောက်ခံချက်ရရှိထားသည်ဟု မထင်စေလိုပါ။