အိမ်ရာ အကြောင်းနောက်ထပ်
အမေရိကန်နိုင်ငံသို့ရောက်လျှင် သင်၏ အိမ်သည် တီဗီရှိုးများ၊ ရုပ်ရှင်များ၊ ကြော်ငြာများတွင် တွေ့ရသကဲ့သို့ မဟုတ်ကြောင်း သိရန် လိုအပ်သည်။ အမေရိကန်နိုင်ငံရှိ လူအများစုသည် အိမ်ငယ်လေးများနှင့် တိုက်ခန်းများတွင် ရိုးရိုးကုတ်ကုတ်သာ နေထိုင်ကြသည်။ အမေရိကန်နိုင်ငံတွင် နေအိမ်မလုံလောက်မှု ရှိကြောင်း သင်သိရန်လည်း...
အမေရိကန်တွင် လူအများအပြားသည် အိမ်ငှား သို့မဟုတ် အိမ်ကို ရှယ်၍ နေကြသည်။ သင်က အိမ်ရှာပါက သင်၏ ဝင်ငွေထွက်ငွေ၊ ပုံမှန်အားဖြင့် သင့်နေရာရှိ အိမ်ငှားခနှင့် နေအိမ်တွင် သင့်အတွက် အရေးကြီးသော အချက်ကို နားလည်ရန် လိုအပ်သည်။
အမေရိကန်ပြည်ထောင်စုသို့ သင်စတင်ရောက်ရှိသောအခါ သင့်ကို တိုက်ခန်း သို့မဟုတ် ဟိုတယ်တစ်ခုတွင် ထားနိုင်ပါသည်။ သို့မဟုတ် အမေရိကန်ပြည်ထောင်စုတွင် အခြေကျနေပြီးသားဖြစ်သော ဆွေမျိုး များနှင့် နေထိုင်ရနိုင်ပါသည်။ သင်အိမ်ထောင်မရှိပါက သင်နှင့် လိင်တူညီသည့် အခြားအိမ်ထောင်မရှိသော ဒုက္ခသည်များနှင့်အတူ ထားနိုင်ပါသည်။