အမေရိကန်တွင် အိမ်ငှားခြင်း (ဗီဒီယိုခေါင်းစဉ်)

: အပ်ဒိတ်လုပ်ထားသည်9/19/2024
အမေရိကန်တွင် လူအများအပြားသည် အိမ်ငှား သို့မဟုတ် အိမ်ကို ရှယ်၍ နေကြသည်။ သင်က အိမ်ရှာပါက သင်၏ ဝင်ငွေထွက်ငွေ၊ ပုံမှန်အားဖြင့် သင့်နေရာရှိ အိမ်ငှားခနှင့် နေအိမ်တွင် သင့်အတွက် အရေးကြီးသော အချက်ကို နားလည်ရန် လိုအပ်သည်။

အမေရိကန်တွင် အိမ်ငှားခြင်း

အဓိက အိမ်ပုံစံများမှာ အိမ်ခန်းအဆောက်အအုံ၊ နှစ်လုံးတွဲအိမ်၊ အိမ်ခန်းများအဖြစ် ခွဲထားသော အိမ်၊ မျှဝေနေထိုင်သော အိမ်မှ သင့်အတွက် ငှားရမ်းရန် အခန်း အကြီး၊ အသေး တို့ဖြစ်သည်။

ငှားရန်အိမ်ခန်း၊ နှစ်လုံးတွဲအိမ်နှင့် လုံးချင်းအိမ်တို့တွင် မီးဖို၊ ဧည့်ခန်း၊ ထမင်းစားစားပွဲနေရာ၊ အိပ်ခန်းနှင့် ရေချိုးခန်းအိမ်သာ တစ်ခန်း သို့မဟုတ် ၎င်းထက်ပို၍ ပါဝင်သည်။

မျှဝေနေထိုင်သော အိမ်တွင် မီးဖို၊ ထမင်းစားစားပွဲနေရာနှင့် အများအားဖြင့် ရေချိုးခန်းအိမ်သာကို မျှဝေအသုံးပြုရသည်။

နေရာပေါ်တွင် မူတည်ပြီး ရနိုင်သည့် ငှားရမ်းရန် အိမ်အမျိုးအစား ကွဲပြားသည်။ မြို့ကြီးများတွင် ငှားရမ်းအိမ်ခန်းကိုသာ အများအားဖြင့် တွေ့နိုင်သည်။

မြို့ပြင်ပပိုင်း သို့မဟုတ် မြို့ငယ်များတွင် အိမ်ခန်းများ၊ တွဲလျက်အိမ်များနှင့် လုံးချင်းအိမ်များ တွေ့နိုင်သည်။

 

သင်က အိမ်ငှားပါက အိမ်ပိုင်ရှင် သို့မဟုတ် အဆောက်အအုံ မန်နေဂျာကို လစဉ် သဘောတူထားသည့် ငွေပမာဏကို ပေးရသည်။

အများအားဖြင့် အိမ်ငှားစာချုပ်ဟု ခေါ်သည့် ငှားရမ်းမှုသဘောတူညီချက်ကို လက်မှတ်ထိုးရသည်။

အိမ်ငှားစာချုပ်သည် သဘောတူထားသည့် ကာလအတွင်း သဘောတူထားသည့် လစဉ်အိမ်ငှားခဖြင့် နေထိုင်နိုင်ရန် အာမခံသည်။

Image
Rental Housing
Image
Rental Housing

အိမ် မရှာမီ

အိမ်မရှာမီ သင်သည် သင်၏ ဝင်ငွေထွက်ငွေ အခြေအနေနှင့် သင်လိုလားသည့် နေရာကို သိရမည်။

သင်လိုအပ်သည့် နေအိမ်အတွက် စဉ်းစားလျှင် သင်လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် မည်သည့်အရာများကို မဖြစ်မနေ လိုအပ်သည်ကို စဉ်းစားပါ။ အထူးသဖြင့် သင့်မိသားစုတွင် မသန်စွမ်းသူ ရှိလျှင်ဖြစ်သည်။

ထို့အပြင် သင့်အလုပ်နေရာ၊ ဈေးဝယ်သည့်နေရာ၊ ကျောင်း၊ မိမိအသိုင်းအဝိုင်းစုဝေးရာနေရာ၊ စာကြည့်တိုက်နှင့် အများသုံး သယ်ယူပို့ဆောင်ရေး ရှိသည့် နေရာများကို စဉ်းစားရမည်။

နောက်ဆုံးအားဖြင့် မိသားစု သို့မဟုတ် မိမိအသိုင်းအဝိုင်း အကူအညီရနိုင်သည့်နေရာကို စဉ်းစားပါ။

အိမ်ငှားခသည် အကြီးဆုံး ကုန်ကျစရိတ် ဖြစ်သောကြောင့် လစဉ် အိမ်လခအတွက် မည်မျှအထိ အကုန်အကျခံနိုင်မည်ကို သိရန် သင့်ဝင်ငွေထွက်ငွေကို နားလည်ရန် လိုသည်။

အထွေထွေအားဖြင့် အမေရိကန်ရှိ လူများသည် မိသားစုဝင်ငွေမှ အခွန်နှုတ်ပြီး ကျန်ငွေစုစုပေါင်း၏ ၃၀% ထက်ပို၍ မသုံးကြပါ။

သို့သော် လူသစ်အများအပြားသည် ၎င်းတို့လိုအပ်သော နေအိမ်အတွက် ၄၀% သို့မဟုတ် ၅၀% အထိ သုံးရနိုင်သည်။

Image
Rental Housing

ဈေးသက်သာသည့် အိမ်ရာ ရှာဖွေခြင်း

အမေရိကန် အိမ်ရာသည် အထူးသဖြင့် ဝင်ငွေ အကန့်အသတ် ရှိသူများအတွက် ဈေးကြီးသည်။ သို့သော် အကူအညီ ရနိုင်ပါသည်။

သင့်အား ပံ့ပိုးသူ သို့မဟုတ် ပံ့ပိုးသည့် အဖွဲ့၊ သင်၏ ရွှေ့ပြောင်းနေရာချထားခြင်းဆိုင်ရာ အေဂျင်စီ သို့မဟုတ် မေရီကော့ပ် ကဲ့သို့သော အခြားအဖွဲ့အစည်းများက သင့်အတွက် အိမ်ရာအရင်းအမြစ်များဖြင့် ကူညီပေးနိုင်သည်။

Image
Rental Housing

မကြာခဏမေးတတ်သော မေးခွန်းများ

ဇီလို၊ အပါ့တမန့် ဒေါ့ ကွမ်း၊ ထရူလီယာ၊ ရန့်ကာဖေး ကဲ့သို့သော ဝဘ်စာမျက်နှာများတွင် အမေရိကန်တစ်နိုင်ငံလုံးအတွက် ရနိုင်သည့် အိမ်ရာများကို ဖော်ပြထားသည်။ ၎င်းဝဘ်စာမျက်နှာများကို သုံးပြီး သင်နှင့် သင့်မိသားစု လိုအပ်သည့် အိမ်ရာများကို သင်လိုလားသည့်နေရာနှင့် တတ်နိုင်သည့် အိမ်လခတို့ဖြင့် ရှာဖွေနိုင်သည်။

ရောနှောဝင်ငွေနှင့် ပြည်သူပိုင်အိမ်ရာများအတွက် ကုန်ကျငွေ ကွဲပြားသည်။ ဈေးသက်သာသည့် အိမ်ရာ အစီအစဉ်တွင် အိမ်ရာရွေးချယ်မှု ဘောက်ချာ အစီအစဉ်၊ အိမ်လခပံ့ပိုးပေးခြင်းတို့သည် သင်ပေးရမည့် အိမ်လခကို ရော့ကျစေသည် သို့မဟုတ် အိမ်ရာ အကူအညီ ဖြစ်စေနိုင်သည်။ အကယ်၍ သင်သည် ဈေးသက်သာသည့် အိမ်ရာကို ရှာရန်အတွက် အကူအညီလိုအပ်ပါက သင့်ဒေသရှိ ပြည်သူ့အိမ်ရာ အေဂျင်စီ ကို ဆက်သွယ်ပါ။ အချို့ အိမ်ငှားခများကို အောက်တွင် ဖော်ပြထားသည်-

•ဈေးကွက်နှုန်း အိမ်လခဖြင့် ငှားရမ်းမှုများသည် အိမ်ရှင်က အိမ်ခန်း သို့မဟုတ် အိမ်အတွက် အိမ်လခကို ကြိုက်သလို သတ်မှတ်နိုင်သည်။ ၎င်းတို့သည် ဈေးအလွန်ကြီးနိုင်ပြီး နေရာပေါ်တွင် မူတည်၍ ဈေးအပြောင်းအလဲ ရှိသည်။

•ရောနှောဝင်ငွေ အိမ်ရာများသည် ဈေးကွက်နှုန်းဖြင့် ငှားရမ်းသော အချို့ အိမ်ခန်းများ၊ တွဲဖက်အိမ်များရှိသည်။ ရောနှောဝင်ငွေ အိမ်ရာများသည် ဈေးသက်သာလေ့ရှိရာ ယင်းသည် ဝင်ငွေနိမ့်သူများအား အိမ်လခပံ့ပိုးပေးမှုများ ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဆိုင်များ၊ ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ အများသုံးသယ်ယူပို့ဆောင်ရေး ယာဉ်များနှင့် နီးလေ့ရှိသည်။

•ပြည်သူ့အိမ်ရာကို အစိုးရက အကုန်အကျခံ၍ ဆောက်လုပ်ထားသည်။ မိသားစုဝင်ငွေမှ အခွန်နှုတ်ပြီး ကျန်ငွေပေါ် မူတည်၍ အိမ်လခ သတ်မှတ်သည်။ ပြည်သူ့အိမ်ရာမှ အိမ်ခန်းရရန် အမေရိကန် အများအပြားက စောင့်ဆိုင်းနေသဖြင့် လူသစ်များအတွက် ၎င်းတွင် အိမ်ခန်းရရန် ခက်ခဲလေ့ရှိသည်။

•အပိုင်း ၈ အိမ်ရာ အစီအစဉ်ကို အိမ်ရာရွေးချယ်မှု ဘောက်ချာ အစီအစဉ် ဟုလည်း ခေါ်ဆိုပြီး ယင်းအစီအစဉ်တွင် အိမ်လခ တစ်စိတ်တစ်ပိုင်းကို အစိုးရက ကူညီ၍ သင့်အိမ်ရှင်အား ပေးသည်။ ဤအစီအစဉ်အတွက် လူတိုင်းအကျုံးမဝင်ပါ။ သင်အကျုံးဝင်မှုရှိရန် လိုအပ်သည့် သတ်မှတ်ချက်များနှင့် ပြည့်စုံရမည်ဖြစ်ပြီး လျှောက်ထားရမည်။

ဈေးသက်သာသော အိမ်ရာရှာဖွေရာတွင် အကူအညီ လိုအပ်ပါက သင့်ဒေသတွင်း ရွှေ့ပြောင်းနေရာချထားရေးဆိုင်ရာ အေဂျင်စီ၊ ပံ့ပိုးကူညီရေးအဖွဲ့၊ သို့မဟုတ် ဒေသခံ အိမ်ရာဆိုင်ရာ အာဏာပိုင်ကို ဆက်သွယ်ပါ။

သင့်အိမ်ငှားစာချုပ်တွင် မည်သည့် အပိုဆောင်း ကျသင့်ငွေကို အိမ်လခတွင် ထည့်သွင်းထားကြောင်း ဖော်ပြထားလိမ့်မည်။ မည်သည်ကို သင်က ပေးချေရမည်နှင့် မည်သည့် အချိန်တွင် ပေးချေရမည်ကို ဖော်ပြထားသည်။ သင်က အိမ်ခန်း သို့မဟုတ် အိမ်ကို ငှားရမ်းသောအခါ လုံခြုံရေးအာမခံငွေကို ပေးရပြီး ၎င်းသည် သင်ပြောင်းထွက်သည့်အချိန်တွင် ရှိမည့် အပျက်အစီးများအတွက် ဖြစ်သည်။ အိမ်အတွက် ပထမဆုံးလနှင့် နောက်ဆုံးလအတွက် လခကိုလည်း ပေးရနိုင်သည်။

အမှိုက်သိမ်းခြင်း၊ ပိုးမွှားတိရစ္ဆာန် ရှင်းလင်းခြင်းနှင့် လျှပ်စစ်၊ ဓာတ်ငွေ့၊ ရေနှင့် ဝိုင်ဖိုင် စသည်တို့အတွက် အသုံးပြုခများကိုလည်း သင်က ပေးရနိုင်သည်။ မည်သည်တို့ကို သင်က ပေးချေရမည်ကို သိရန် အရေးကြီးပြီး သို့မှသာ သင်၏ ဝင်ငွေထွက်ငွေကို စီစဉ်နိုင်မည် ဖြစ်သည်။

Was this article helpful?
0
0