အမေရီကန်ပြည်ထောင်စု လက်ခံရေး နှင့် နေရာချထားရေးအစီအစဉ် ခြုံငုံလေ့လာချက်

: အပ်ဒိတ်လုပ်ထားသည်9/19/2024
အမေရီကန်ပြည်ထောင်စုရှိ သင်၏ နောက်ဆုံး ခရီးပန်းတိုင် နေရာသို့ သင် ရောက်ရှိချိန်တွင် ပြန်လည်အခြေချနေထိုင်ရေး ရုံးခန်းတစ်ခုမှ ကိုယ်စားလှယ်များ (သို့မဟုတ် ယူအက်စ်တွင် ရှိနေသည့် သင်၏ ဆွေမျိုး၊ အကယ်၍ ရှိခဲ့လျှင်) သည် သင့်အား ကြိုဆိုရန်အတွက်ငှာ လေဆိပ်တွင် သင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

အမေရီကန်ပြည်ထောင်စု လက်ခံရေး နှင့် နေရာချထားရေးအစီအစဉ် ခြုံငုံလေ့လာချက်

သင်နှင့် သင့်မိသားစုအတွက် ကြိုတင်စီစဉ်ထားသည် လုံခြုံအန္တရာယ်ကင်း၍ သန့်စင်သန့်ရှင်းမှုရှိသော အိမ်ရာသို့ သင့်အား ပို့ဆောင်မည်ဖြစ်သည်။

အဆိုပါအိမ်ရာတွင် အခြေခံ ပရိဘောဂပစ္စည်းများ၊ အိမ်သုံးပစ္စည်း အသုံးအဆောင်များ နှင့် ကနဦး အစားအသောက် ထောက်ပံ့မှုတစ်ခုတို့ ပါရှိမည်ဖြစ်သည်။

ရောက်ရှိပြီးနောက် များမကြာမီအတွင်းတွင်ပင် သင်သည် ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီမှ ဝန်ထမ်းများဖြင့် တွေ့ဆုံရမည်ဖြစ်သည်။

ပြန်လည်အခြေချနေထိုင်ရေး ရုံးခန်းသည် သင့်အား လက်ခံရေးနှင့် နေရာချထားရေး ဝန်ဆောင်မှုများ ထောက်ပံ့ပေးမည်ဖြစ်ပြီး၊ အမေရီကန်ပြည်ထောင်စု၌ သင်၏ နေထိုင်မှု ပထမဆုံး ရက် ၃၀ မှ ၉၀ အတွင်း သင့်အား အခြားသော လူထုဝန်ဆောင်မှုများဖြင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။

ပြန်လည်အခြေချနေထိုင်ရေး ရုံးခန်း ဝန်ထမ်းများသည် သင့်အား အကူအညီပေးရန်အတွက် ရှိနေကြမည်ဖြစ်ပြီး၊ သင် အဓိက ဆက်သွယ်ရမည့်သူများအဖြစ် ရှိနေမည်ဖြစ်သည်။ ဝန်ထမ်းများသည် သင်၏ လက်ရှိ လိုအပ်ချက်များအားလုံးကို ကူညီဖြေရှင်းပေးမည် ဖြစ်သည်။

အကယ်၍ သင် အင်္ဂလိပ်လို ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိလျှင် စိတ်မပူပါနှင့်၊ အဘယ်ကြောင့်ဆိုသော် လိုအပ်သည့် ဝန်ဆောင်မှုများ အားလုံးအတွက် စကားပြန်ဆိုမှုအား လိုအပ်သလို ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

သင့်မိသားစုရှိ အသက်ပြည့်အရွယ်ရောက်ပြီးသူ တစ်ဦးစီတိုင်းအား ကိုယ်ရေးကိုယ်တာကိစ္စ သုံးစွဲနိုင်ရန်အတွက်ငှာ ငွေကြေးပမာဏ အနည်းငယ် ပေးအပ်ထားမည် ဖြစ်သည်။

သင့်မိသားစုအရွယ်အစားနှင့်အညီ အစားအသောက် သို့မဟုတ် အစားအသောက် အသုံးစရိတ်တစ်ခုအားလည်း ထောက်ပံ့ပေးမည် ဖြစ်သည်။

ဝန်ထမ်းများသည် အမေရီကန်ပြည်ထောင်စုအတွင်း အလုပ်ခန့်အပ်မှု နှင့် အခြားသော အကျိုးအမြတ်ခံစားခွင့်များ ရရှိနိုင်ရန်အတွက် လိုအပ်သည့် လူမှုလုံခြုံရေးကဒ် တစ်ကဒ်အား သင် လျှောက်ထားနိုင်ရန်အတွက် အကူအညီပေးမည်ဖြစ်သည်။

၎င်းတို့သည် သင်၏ အလုပ်အကိုင်ရှာဖွေမှုတွင် သင့်အား ကူညီထောက်ပံ့ပေးနိုင်သည့် အလုပ်အကိုင်ရှာဖွေပေးရေး ဝန်ဆောင်မှုများ၌ သင် စာရင်းပေးသွင်းနိုင်ရန်အတွက်ငှာ အကူအညီပေးအပ်သွားမည် ဖြစ်သည်။

သင့်မိသားစု၏ အနာဂါတ် နှင့် ဖူလုံပြည့်စုံရေးတို့အတွက် အလုပ်အကိုင်တစ်ခု ရှာဖွေခြင်း၊ ရရှိခြင်း နှင့် အလုပ်အား ထိန်းသိမ်းထားနိုင်ခြင်းသည် အရေးကြီးပေသည်။ မိမိလိုအပ်ချက်အား မိမိဘာသာဖြည့်ဆည်းနိုင်ရန်အတွက် အလျှင်မြန်ဆုံးနည်းလမ်းမှာ အလုပ်ရရှိမှုပင်ဖြစ်ပြီး၊ အောင်မြင်မှုအတွက်လည်း အလုပ်ရရှိရန် လိုအပ်ပေသည်။

အမေရီကန်ပြည်ထောင်စုတွင် ကလေးများ အားလုံး ကျောင်းတက်ရမည်မှာ မဖြစ်မနေလိုက်နာရမည်ဖြစ်သော ပြဌာန်းချက်တစ်ခု ဖြစ်ပေသည်။ သင့်ကလေးများအား အခမဲ့ဖြစ်သည့် အများပြည်သူပိုင်ကျောင်းတစ်ကျောင်းတွင် စာရေးပေးသွင်းနိုင်ရန်ငှာ သင့်အား ကူညီထောက်ပံ့ပေးသွားမည် ဖြစ်သည်။

အကယ်၍ သင် နှင့် သင့်မိသားစုသည် အင်္ဂလိပ်စကား မပြောဆိုနိုင်လျှင် ပြန်လည်အခြေချနေထိုင်ရေး ရုံးခန်း ဝန်ထမ်းများသည် အင်္ဂလိပ်ဘာသာစကား သင်တန်းတစ်ခုအား သင် ရှာဖွေ၊ တက်ရောက်နိုင်ရန်အတွက် အကူအညီပေးအပ်သွားမည် ဖြစ်သည်။

၎င်းတို့သည် သင် နှင့် သင့်မိသားစုမှ ကနဦး ကျန်းမာရေး စစ်ဆေးမှုတစ်ခုအား ရယူနိုင်ရန်အတွက် အကူအညီပေးသွားမည် ဖြစ်ပြီး၊ သင် လိုအပ်ချိန်၌ ကျန်းမာရေး ဝန်ဆောင်မှုများအား သင် မည်သို့ ဝင်ရောက်ရယူနိုင်မည်ဖြစ်ကြောင်း၊ မည်သို့ ပေးချေမှုပြုရမည်ဖြစ်ကြောင်း အစရှိသည်တို့ကိုလည်း ရှင်းလင်းပြောပြပေးမည်ဖြစ်သည်။

အကယ်၍ သင်၏ အလုပ်ရှင်မှတဆင့် ကမ်းလှမ်းထောက်ပံ့ပေးထားခြင်း မရှိလျှင် ကျန်းမာရေးအာမခံအား သင် လျှောက်ထားနိုင်ရန်အတွက် သို့မှမဟုတ် အကယ်၍ သင် အရည်အချင်းပြည့်မှီလျှင် အစိုးရထံမှ ကျန်းမာရေးဆိုင်ရာ အကျုံးဝင်လွှမ်းခြုံပေးမှုတစ်ခုအား လျှောက်ထားနိုင်ရန်အတွက် ၎င်းတို့သည် သင့်အား ကူညီပေးသွားမည် ဖြစ်သည်။

ပြန်လည်အခြေချနေထိုင်ရေး ရုံးခန်းသည် ယဉ်ကျေးမှုသင်တန်းတစ်ခုအား ထောက်ပံ့ပေးမည်ဖြစ်ပြီး၊ ၎င်းသင်တန်းသည် ပြန်လည်နေရာချထားရေး ထောက်ပံ့မှု စင်တာ၌ သင် တက်ရောက်ခဲ့သည့် ယဉ်ကျေးမှုသင်တန်းပေါ်တွင် အခြေပြုတည်ဆောက်ထားခြင်း ဖြစ်သည်။

ဤယဉ်ကျေးမှုသင်တန်းသည် သင်၏ ရပ်ရွာအဖွဲ့အစည်း အသစ်နှင့်ပတ်သက်၍ သင် ပိုမို လေ့လာသင်ယူနိုင်ရန် အထောက်အကူပြုပေးမည် ဖြစ်သည်။

အမေရီကန်ပြည်ထောင်စုသို့ သင် ရောက်ရှိချိန်မှစတင်ပြီး သင်သည် အမေရီကန်ပြည်ထောင်စု နိုင်ငံသားအားလုံးအပေါ် ကာကွယ်ပေးထားသည့် တူညီသော ဥပဒေများ၏ အကာအကွယ်ပေးမှုကို ရရှိမည်ဖြစ်သည်။

သင်သည် တရားဝင် အခြေချနေထိုင်သူတစ်ဦးအဖြစ် သင်၏ အခွင့်အရေးများ နှင့် တာဝန်ဝတ္တရားများအကြောင်းကို လေ့လာရမည်ဖြစ်ပြီး၊ သင် လိုအပ်ချိန်၌ အကူအညီ မည်သို့ ရယူနိုင်မည်ဖြစ်ကြောင်းကိုလည်း လေ့လာသင်ကြားရမည် ဖြစ်သည်။

လက်ခံရေး နှင့် နေရာချထားရေး ကနဦး ရက် ၃၀ မှ ၉၀ ကာလ အတွင်းတွင် ပြန်လည်အခြေချနေထိုင်ရေး ဝန်ထမ်းများသည် သင်နှင့်အတူ တွဲဖက်လုပ်ဆောင်ကာ သင် မိမိကိုယ်ကိုအားကိုး ရပ်တည်နိုင်စေရန် အထောက်အကူပြုပေးနိုင်သည့် အစီအစဉ်တစ်ခုအား အတူ ရေးဆွဲ၊ အကောင်အထည်ဖော်ဆောင်ရွက်ကြမည် ဖြစ်သည်။

ပထမ ရက် ၃၀ မှ ၉၀ ကာလ ကျော်လွန်ပြီးနောက် နောက်ထပ်သော ကူညီထောက်ပံ့မှုများအား လိုအပ်လျှင် ၎င်းတို့သည် သင့်အား အခြားသော လူထုဝန်ဆောင်မှုများ သို့မဟုတ် အစိုးရဝန်ဆောင်မှုများဖြင့် ချိတ်ဆက်ပေးမည်ဖြစ်သည်။

အမေရီကန်ပြည်ထောင်စု၌ နေထိုင်သည်မှာ တစ်နှစ်ကျော်လွန်သွားပြီးသည့်နောက်တွင် သင် နှင့် သင့်မိသားစုသည် တရားဝင် အမြဲတမ်း နေထိုင်သူများ ဖြစ်လာရန် လျှောက်ထားရမည် ဖြစ်သည်။

ရောက်ရှိပြီးနောက် ငါးနှစ်အကြာတွင် သင်သည် အမေရီကန်နိုင်ငံသားဖြစ်လာရန် လျှောက်ထားနိုင်ပေသည်။

ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်ဆောင်ရွက်မှု ဝန်ဆောင်မှုများ အားလုံးသည် အခမဲ့ ဖြစ်ပါသည်။ လုပ်ငန်းစဉ်အတွင်း မည်သူတစ်ဦးတစ်ယောက်မျှသည့် မည်သည့်ဝန်ဆောင်မှုမဆိုအတွက် သင့်ထံမှ ငွေကြေးတောင်းဆိုမှုများကို မည်သည့်အချိန်၌မဆို ပြုလုပ်နိုင်ခွင့် မရှိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သင့်ထံမှ ငွေကြေး တောင်းဆိုခဲ့လျှင်၊ အခွင့်အရေးများတောင်းဆိုခဲ့လျှင် သို့မဟုတ် တစ်နည်းနည်းဖြင့် ခြိမ်းခြောက်လာခဲ့လျှင် ကျေးဇူးပြုပြီး ဤသည်အား ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီသို့ တိုင်ကြားပါ။

Image
Resettlement Placement
Image
Resettlement Placement
Image
Screenshot of Settle In app
Image
App Icon

Settle In အက်ပ်ကို ဒေါင်းလုပ်လုပ်ပါ

ဗီဒီယိုတိုများ၊ တုန့်ပြန်သည့် သင်ခန်းစာများ၊ သင်ယူခြင်း တိုးတက်မှုကို ခြေရာခံသည့် တံဆိပ်များကို ရယူအသုံးပြုပါ။ Settle In သည် သင်၏ ရွှေ့ပြောင်းအခြေချနေထိုင်သည့် ခရီးစဉ်အတွင်း သင်၏ အဖော်မွန်ဖြစ်ပါသည်။

Was this article helpful?
0
0