အသိုင်းအဝိုင်းဝန်ဆောင်မှုများ

အစိုးရကူညီမှု
အစိုးရလူမှုရေးလုပ်ငန်းဝန်ဆောင်မှုအေဂျင်စီများသည် လူမှုအဖွဲ့အစည်းအတွင်းရှိ လူများကို ဝန်ဆောင်မှု ပေးသည်။ သူတို့သည် ဝင်ငွေနည်းသော မိသားစုများ၊ အိမ်ခြေမဲ့များ၊ မသန်စွမ်းသူများစသော အကူအညီ လိုအပ်သူများကို ကူညီသည်။ အစိုးရအစီအစဉ် များတွင် ပါဝင်ရန် အချိန်သတ်မှတ်ချက်နှင့် လမ်းညွှန်ချက်များ ရှိသည်။
ရွှေ့ပြောင်းခိုလှုံသူများကို ကူညီသော အစိုးရအစီအစဉ်များမှာ
ငွေကြေးထောက်ပံ့မှုအစီအစဉ်များ
အလုပ်ရှာရန် ခက်ခဲနေသော လူများအတွက် အစီအစဉ် ၂ ခု သည် ယာယီငွေကြေးထောက်ပံ့မှု ပေးသည်။ ကလေးရှိသော မိဘများအတွက် လိုအပ်သော မိသားစုများ ယာယီထောက်ပံ့မှု (TANF) နှင့် ကလေးမရှိသော အိမ်ထောင်သည်များနှင့် လူလွတ်ရွှေ့ပြောင်းခိုလှုံသူများအတွက် ရွှေ့ပြောင်း ခိုလှုံသူ ငွေကြေးထောက်ပံ့မှု (RCA)။
ဖြည့်စွက်အာဟာရထောက်ပံ့သော အစီအစဉ် (SNAP)
ဤအစီအစဉ်သည် အမေရိကန်ပြည်ထောင်စုရှိ ဝင်ငွေနည်းသော လူများကို အစားအစာဝယ်ရန် ထောက်ပံ့ပေးသည်။ လူတစ်ယောက်ကို တစ်လလျှင် အစားအစာဝယ်ရန် အကြွေးကတ်ပေးထားသည်။ ရွှေ့ပြောင်းခိုလှုံသူများသည် ဒေသတွင်း အစိုးရရုံးတွင် အစားအစာထောက်ပံ့မှုအတွက် လျှောက်ထားနိုင် သည်။ ထောက်ပံ့သောပမာဏသည် ပြည်နယ်အလိုက် ကွာခြားမှုရှိပြီး မိသားစုဝင် အရေအတွက်နှင့် ဝင်ငွေပေါ်မူတည်သည်။
ဖြည့်စွက်လုံခြုံရေးဝင်ငွေ (SSI)
မသန်စွမ်းသူ သို့ အသက် ၆၅ နှစ်ကျော်သူ သို့ ဝင်ငွေနည်းသူ သို့ မရှိသူများအတွက် ထောက်ပံ့သော အစီအစဉ်ဖြစ်သည်။
ကလေးစောင့်ရှောက်ရန် ထောက်ပံ့သော အစီအစဉ်များ
အချို့သော အဖွဲ့အစည်းများသည် ဝင်ငွေနည်းသူများ အလုပ်လုပ်နိုင်ရန် သို့ အလုပ်ရှာနိုင်ရန် အခမဲ့ သို့ ကုန်ကျစရိတ်နည်းနည်းဖြင့် ကလေးစောင့်ရှောက် ပေးသည်။
အများပြည်သူဝန်ဆောင်မှုများ
အဖွဲ့အစည်းတိုင်းတွင် အဖွဲ့အစည်းအတွင်းရှိ လူတိုင်း ရရှိနိုင်သော အများပြည်သူဝန်ဆောင်မှုများ ရှိသည်။


အစိုးရကူညီမှု
ပန်းခြံများနှင့် အပန်းဖြေရာနေရာများ
ဒေသတွင်း ပန်းခြံများသည် ပျော်ပွဲစားထွက်ရန်နေရာ၊ ကစားကွင်းနှင့် အားကစားကွင်းတို့ ရှိသည်။ ပန်းခြံအတော်များများတွင် လည်ပတ်သူများ လုပ်ရ မလုပ်ရသော လိုက်နာချက်များ ရှိသည်။ ဒေသတွင်း ပန်းခြံအများစုသည် အခမဲ့ဖြစ်သည်။ သို့သော် ပြည်နယ်နှင့် အမျိုးသားပန်းခြံများသည် ဝင်ကြေးပေးရသည်။
အစိုးရမဟုတ်သော ထောက်ပံ့မှု
အချို့အဖွဲ့အစည်းများသည် နိုင်ငံသားများ၏ လှူဒါန်းမှုများနှင့် အစိုးရရန်ပုံငွေများဖြင့် လည်ပတ် ကြသည်။ သူတို့တွင် အလုပ်ကို ကြိုမြင်သော ဘုတ်အဖွဲ့ရှိပြီး သူတို့ လှုပ်ရှားမှုများကို နှစ်စဉ် တင်ပြရသည်။ သို့သော် သူတို့သည် အစိုးရနှင့် သီးခြားဖြစ်သည်။
ဤအဖွဲ့အစည်းများသည် အောက်ပါတို့မှ တစ်ခုတွင် ပါဝင်သည်။
အမျိုးသားအစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO)
NGO များသည် တစ်နိုင်ငံလုံးတွင် ဝန်ဆောင်မှုပေးပြီး မြို့ကြီးများရှိ ရုံးချုပ်များမှ အစီအစဉ်ချသည်။ အချို့သည် ရွှေ့ပြောင်းခိုလှုံသူများကို ထောက်ပံ့သည်။ ပမာဏ၊ ကုန်ကျစရိတ်နှင့် အမျိုးအစားသည် နေရာပေါ်မူတည်ပြီး ကွာသည်။ သို့သော် အများအားဖြင့် အောက်ပါတို့ကို ပေးသည်။
- အကြံပေးခြင်း
- ရွှေ့ပြောင်းမှုအခြေအနေ ကူညီခြင်း
- အင်္ဂလိပ်စာသင်တန်းများ
- အလုပ်အကိုင်များ
- ဘာသာပြန်နှင့် စကားပြန်လုပ်ငန်းများ
လူမှုအခြေပြုအဖွဲ့အစည်းများ (CBO)
ဤအဖွဲ့အစည်းများသည် ဒေသတွင်း လူမှုအဖွဲ့ အစည်းတွင် ဆောင်ရွက်ပြီး အဖွဲ့ဝင်များကို အပန်းဖြေခြင်း၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများပေးသည်။ သင့်အဖွဲ့အစည်းတွင် CBO ၏ အမျိုးအစားတစ်ခုဖြစ်သော လူမျိုးစု လူမှုအခြေပြု အဖွဲ့အစည်း (ECBO) ကို တွေ့နိုင်သည်။ အချို့က အရွယ်ရောက်ပြီး ပညာရေး၊ အမျိုးသမီးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ယဉ်ကျေးမှုနှင့် အပန်းဖြေနေရာများ ကျင်းပခြင်းတို့ ပြုလုပ်သည်။
ယုံကြည်မှုအခြေပြုအဖွဲ့အစည်းများ (FBO)
FBO တွင် ခရစ်ယာန်ဘုရားကျောင်းများ၊ ဗလီများ၊ ဂျူးဘုရားကျောင်းများနှင့် အခြားသော ဝတ်ပြု နေရာများ ပါဝင်ပြီး ရည်ရွယ်ချက်မှာ ဘာသာတရား ကိုးကွယ်မှု ရှင်သန်ရန်ဖြစ်သည်။ သို့သော် များစွာသော ဘာသာရေးအဖွဲ့အစည်းများမှ ရန်ပုံငွေလက်ခံရရှိထားသော FBO များစွာ ရှိသည်။ သို့သော် ရည်ရွယ်ချက်မှာ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ တစ်ဦးချင်းအလိုက် မိသားစုအလိုက် ကူညီရန်ဖြစ်သည်။ အချို့တွင် အရွယ်ရောက်ပြီးသူများအတွက် အင်္ဂလိပ်စာ သင်တန်းများ ရှိပြီး အချို့က အသုံးပြုပြီးသော အဝတ်အစားနှင့် ပရိဘောဂများအား ပေးသည်။