အဆင့် (၂): USCIS အင်တာဗျူး

: အပ်ဒိတ်လုပ်ထားသည်9/19/2024
ပထမအဆင့်အောင်ပါက RSC မှ ဆက်သွယ်မည်။ အမေရိကန်ပြည်ထောင်စု Department of Homeland Security (DHS) ၏ အခွဲဖြစ်သော USCIS သို့ အမေရိကန်ပြည်ထောင်စု နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးမှ အစိုးရအရာရှိများက မေးမည့် အင်တာဗျူးကို စီစဉ်ပေးမည်။ သင်နှင့် သက်ဆိုင်သူအားလုံး အင်တာဗျူးဝင်ရမည်။
Image
A man in a blue shirt is sitting at a desk, shaking hands with a woman in a green shirt. Another man in a green shirt is sitting beside her. An American flag is visible in the background, suggesting a formal or official setting.

အဆင့် (၂) USCIS အင်တာဗျူး

USCIS အရာရှိများသည် ပထမအဆင့် အင်တာဗျူးတွင် သင်ဖြေဆိုခဲ့သော မေးခွန်းများကိုပဲ မေးလိမ့်မည်။ သင်သည် ရွှေ့ပြောင်းခိုလှုံသူ တစ်ယောက် ဖြစ်လာခဲ့ရပုံကို ထပ်မံ၍ ရှင်းပြရမည်။ USCIS အရာရှိနှင့် တွေ့သောအခါ သူတို့သည် ပထမအဆင့်အင်တာဗျူးတွင် သင်ပေးခဲ့သော အချက်အလက်များကို ဖတ်ထားပြီးဖြစ်လိမ့်မည်။ USCIS အရာရှိသည် သင်ပေးခဲ့သော အချက်အလက်များ မှန်ကန်ကြောင်း သက်သေပြရန် လိုအပ်ပြီး ပြောင်းရွှ့အခြေချရန် ခွင့်ပြုသင့်မသင့် ဆုံးဖြတ်ရန် မေးခွန်းများ ထပ်မေးလိမ့်မည်။ သင်ကတော့ ရိုးသားရမည်။ အင်တာဗျူးတွင် ဖြေဆိုသမျှ မှန်ကန်ကြောင်း သင့်ကို သစ္စာဆိုခိုင်းမည်။ အမေရိကန်တွင် ပြောင်းရွှေ့အခြေချရန် တောင်းဆိုချက်ကို သက်သေခံချက်နှင့် ရရှိနိုင်သော သက်သေပေါ်တွင် မူတည်ပြီး ဆုံးဖြတ်မည်။ အမေရိကန်ပြည်ထောင်စုတွင် ရွှေ့ပြောင်းခိုလှုံသူ အဖြစ် နေထိုင်ခွင့်ရရန် မှန်ကန်မှုရှိရမည်။ မှန်ကန်မှုမရှိပါက လျှောက်လွှာပယ်ချခံရနိုင်သည်။

ပထမအဆင့်အင်တာဗျူးကဲ့သို့ RSC မှ ဘာသာပြန်ပေးမည်။ RSC မှ ဘာသာပြန်များသည် ကောင်းစွာ လေ့ကျင့်ပြီး ကျွမ်းကျင်သူများဖြစ်သည်။ ဘာသာပြန်၏ တာဝန်သည် သင်နှင့် USCIS အရာရှိတို့ ကောင်းစွာ ဆက်သွယ်နိုင်အောင် ကူညီ ပေးရန်ဖြစ်သည်။ ဘာသာပြန်သည် သင်ပြောပြသော အကြောင်းအရာကို ထပ်မံဖြည့်စွက်ခြင်း၊ ထိန်ချန်ထားခြင်းမလုပ်ပါ။ သင်နှင့် USCIS မှ အရာရှိတို့ပြောသမျှ ဘာသာပြန်ပြီး သင့်စကား အဓိပ္ပါယ်ပြောင်းလဲသွားအောင် မလုပ်ပါ။ ဘာသာပြန်နှင့်ပတ်သက်၍ သံသယရှိပါက ပွင့်လင်းစွာပြောပါ။ အင်တာဗျူးတွင်နားမလည်ပါက သို့မဟုတ် တစ်ခုခုမရှင်းလင်းပါက USCIS အရာရှိကို ပြောနိုင်သည်။

ပထမအဆင့်အင်တာဗျူးပြီးနောက်မှ နေရပ်လိပ်စာ၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ အမေရိကန်ရှိ အသိများ ပြောင်းသွားပါက ပြောင်းသွားသော အချက်အလက်များကို ဤအကြိမ်တွင် ပေးရမည်။ ပထမအဆင့်အင်တာဗျူးတွင် လက်ဗွေမနှိပ်ခဲ့ပါက အသက် ၁၄ နှစ်အထက် ရှိသူတိုင်း လက်ဗွေနှိပ်ရမည်။

USCIS သည် သင် ပြောင်းရွှေ့အခြေချခွင့်ရမရ ဆုံးဖြတ်မည်။ RSC ဝန်ထမ်းများနှင့် ဘာသာပြန်များသည် ဆုံးဖြတ်ချက်တွင် မည်သည့်နည်းနှင့်မျှ မပါဝင်ပါ။ အင်တာဗျူး ဖြေပြီးပြီးချင်းနေ့တွင် ရလဒ်သိရမည်မဟုတ်ပါ။ USCIS မှ ဆုံးဖြတ်ချက်ချပြီးသည်နှင့် RSC မှ အကြောင်းကြားမည်။ အောက်ပါဆုံးဖြတ်ချက် ၃ ခုအနက် တစ်ခုကို လက်ခံရရှိမည်။

၁။ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချခွင့်ရသည်။

၂။ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချခွင့် မရပါ။

၃။ အခြေချခွင့်ရမရ ဆုံးဖြတ်ရန် အချိန်ထပ်လိုသည်။

အခြေချခွင့်ရသည် သို့မဟုတ် ဆုံးဖြတ်ရန် အချိန်ထပ်လိုသည်ဟု အကြောင်းကြားပါက သင့်လျှောက်ထားမှုသည် နည်းစဉ်အတိုင်း ဆက်သွားလိမ့်မည်။ သို့သော် အဆင့်တိုင်းတွင် လုံခြုံရေးစစ်ဆေးမှုကို ကြုံတွေ့ရလိမ့်မည်။ ဆုံးဖြတ်ချက်သည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Image
Three people are engaged in a discussion. A man in a blue shirt is holding a pen, a woman with braided hair and a name tag is speaking animatedly, and a man with curly hair in a green shirt is listening. The setting appears to be a meeting or consultation.
Image
The image consists of several elements: a stack of documents and a blue stamp labeled 'Approved,' a fingerprint being scanned, a camera on a tripod, and a diagram of a hierarchical organization chart with red figures. These elements represent various processes, including documentation, identification, photography, and organizational structure.

မကြာခဏမေးတတ်သော မေးခွန်းများ

ပထမအဆင့်အင်တာဗျူးတွင် ပေးခဲ့ပြီးလျှင်ပင် သင်နှင့် သင့်မိသားစုဝင်အကြောင်းဖော်ပြထားသော စာရွက် စာတမ်းများအားလုံးကို ယူလာပါ။ သင့်တွင်ရှိသော မူရင်းစာရွက်စာတမ်းအားလုံး ယူလာပါ။ မူရင်းမရှိပါက မိတ္တူယူလာပါ။

အောက်တွင် USCIS အင်တာဗျူးတွင် အသုံးဝင်လောက်သော စာရွက်စာတမ်းစာရင်းကို ဖော်ပြထားသည်။

  • UNHCR ရွေ့ပြောင်းဒုက္ခသည် လက်မှတ်များ/UNHCR ရွေ့ပြောင်းဒုက္ခသည် မှတ်ပုံတင်ကဒ်ပြားများ/ UNHCR မှတ်ပုံတင်စာရွက်စာတမ်းများ
  • ပတ်စပို့ သို့ ခရီးသွားစာရွက်စာတမ်းများ (ရက်လွန်ပြီးသော ခရီးသွားစာရွက်စာတမ်းများအပါအဝင်)
  • အမျိုးသားမှတ်ပုံတင်
  • နိုင်ငံသားမှတ်ပုံတင်
  • နိုင်ငံခြားသားများအတွက် ယာယီမှတ်ပုံတင်
  • မွေးစာရင်း
  • လက်ထက်စာချုပ်
  • ကွာရှင်းစာချုပ်
  • အုပ်ထိန်းခွင့်
  • မွေးစားစာချုပ်
  • ညှင်းပန်းနှိပ်စက်ခံရကြောင်း သက်ဆိုင်ပါက သေစာရင်းများ
  • ဘာသာရေးစာရွက်များ (နှစ်ခြင်း၊ လက်ထပ်ခြင်း၊ ယာယီလက်ထပ်စာချူပ်၊ သေခြင်း)
  • ရွှေ့ပြောင်းနေထိုင်သူအတွက် လိုအပ်ပါက လုပ်ခန့်ထားမှုစာရွက်များ
  • ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ/ ဒီပလိုမာများ
  • အရေးကြီးသော ဆေးဘက်ဆိုင်ရာ စာရွက်စာတမ်းများ (တွေ့ရှိချက်များနှင့် ဆေးညွှန်းများ)
  • ကိုယ်ဝန်ရှိပါက မွေးမည့်ရက်ပါသော ဆေးစာရွက်
  • ခြိမ်းခြောက်စာများ
  • ရဲ/ စစ်တပ်ထံမှ ဆင့်ခေါ်စာများ
  • မည်သည့်နေရာတွင်မဆို သင်စီရင်ချက်ချခံရသော ပြစ်မှုအတွက် တရားရုံးမှ စာရွက်စာတမ်းများ
  • သင်နှင့်ပတ်သက်၍ သတင်းမီဒီယာများမှ ရိုက်နှိပ်ဖော်ပြမှုများ (သတင်းစာဆောင်းပါးများ၊ သက်ဆိုင်သော အီးမေးလ်များ)
  • မှတ်ပုံတင်ကဒ်၊ ချီးမြှင့်လွှာများ၊ စစ်တပ်မှထုတ်စာ သို့မဟုတ် လက်နက်ကိုင်ဆောင်ခွင့်တို့ကဲ့သို့ စစ်တပ်နှင့်ပတ်သက်သော စာရွက်စာတမ်းများ
  • စစ်ပွဲသုံ့ပန်းအဖြစ် မှတ်တမ်းတင်ခံရပါက ကြက်ခြေနီဂုဏ်ပြုလွှာ
  • သင့်လျှောက်ထားမှုနှင့် သက်ဆိုင်ပါက ထောက်ခံစာများ
  • အမေရိကန်ရှိ အဆက်အသွယ်များ၏ အမည်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ် (အမေရိကန်တွင် နေထိုင်လျက်ရှိသော မိတ်ဆွေများ၊ ဆွေမျိုးများ)

RSC တွင် အင်တာဗျူးမဖြေခင်နှင့် ဖြေပြီး အကြာကြီးစောင့်ရနိုင်သည်။ RSC ဝန်ထမ်းသည် တတ်နိုင်သမျှ အဆင်ပြေအောင် စီစဉ်ပေးလိမ့်မည်။ သို့သော် သင့်စိတ်ရှည်မှုကို အသိအမှတ်ပြုပါလိမ့်မည်။ စောင့်ဆိုင်းနေစဉ် မေးခွန်းမေးလိုပါက စောင့်ဆိုင်းရာနေရာရှိ RSC ဝန်ထမ်း သို့ လုံခြုံရေးဝန်ထမ်းကို မေးနိုင်သည်။

သင့်ကလေးများလည်း မဖြစ်မနေပါလာရမည်။ သင့်ကလေးအတွက် မုန့်များ၊ ဒိုက်ပါများ (လိုအပ်ပါက)၊ အရုပ်များနှင့် အခြားသောပစ္စည်းများ ကလေးအဆင်ပြေရန် ယူလာသင့်သည်။

စောင့်ဆိုင်းသည့်အခန်းမှ အင်တာဗျူးရန် ဘာသာပြန် သို့ RSC ဝန်ထမ်းက ခေါ်ဆောင်သွားလိမ့်မည်။ ဘာသာပြန်များကို သင့်အကြောင်းနှင့်ပတ်သက်၍ သင်နှင့် စကားမပြောရန် ညွှန်ကြားထားကြောင်း မှတ်ထားပါ။ သင် သိလိုသမျှကို တာဝန်ရှိသူ သို့ USCIS အရာရှိထံသို့သာ တိုက်ရိုက်မေးမြန်းပါ။

သင့်ကို USCIS မှ အရည်အချင်းပြည့်ဝသော အရာရှိများမှ မေးမြန်းလိမ့်မည်။ ရွှေ့ပြောင်းအခြေချခွင့်ပေးမပေး ဆုံးဖြတ်ရန် သင့်အနေဖြင့် မေးခွန်းများစွာ ဖြေရလိမ့်မည်။ အချို့သောမေးခွန်းများကို ဖြေဆိုရန် သင့်အတွက် အခက်အခဲရှိနိုင်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်။ ဤအဆင့်အတွက် သင့်စိတ်ရှည်သည်းခံမှုကို ကျေးဇူးတင်ပါသည်။

အင်တာဗျူးပြီးပါက လျှောက်လွှာကို ပြန်ကြည့်နေစဉ် စောင့်သည့်အခန်းသို့ သင့်ကို ပြန်ပို့လိမ့်မည်။ RSC သို့ အင်တာဗျူးနေရာမှ ထွက်ခွာနိုင်ကြောင်းကို RSC ဝန်ထမ်းမှ အသိပေးလိမ့်မည်။ ထွက်ခွာနိုင်ကြောင်း အသိပေးမခံရပါက မထွက်ပါနှင့်။

အင်တာဗျူးရလဒ်ကို ချက်ချင်းအသိပေးမည်မဟုတ်ပါ။ USCIS မှ အင်တာဗျူးရလဒ်ကို လပေါင်းများစွာ ကြာမှ ထုတ်ပြန်လိမ့်မည်။

SCIS အင်တာဗျူးပြီးပါက အောက်ပါရလဒ် ၃ ခုကို ရနိုင်သည်။

၁။ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချခွင့်ရပြီး နောက်တစ်ဆင့် တက်လှမ်းရမည်။

၂။ အခြေချခွင့်ရမရ ဆုံးဖြတ်ရန် အချိန်ထပ်လိုပြီး နောက်တစ်ဆင့်တက်ကောင်းတက်နိုင်သည်။

၃။ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချခွင့်မရပါ။ ဤရလဒ်ရပါက နောက်တစ်ကြိမ်ထပ်မံစဉ်းစားပေးရန် တောင်းဆိုနိုင်သည်။ မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်ကို ညွှန်ကြားလိမ့်မည်။

လျှောက်ထားသူအားလုံးသည် လုံခြုံရေးစစ်ဆေးမှုကို တစ်ချိန်လုံးကြုံတွေ့ရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်ပြောင်းလဲနိုင်သည်။

သင့်လျှောက်ထားမှုကို လျစ်လျူရှုမည်မဟုတ်ပါ။

ပထမအဆင့်အင်တာဗျူးကို RSC ဝန်ထမ်းက ကျင်းပသည်။ ထိုပုဂ္ဂိုလ်သည် အမေရိကန်အစိုးရ၏ ဝန်ထမ်းမဟုတ်ပါ။ ပထမအဆင့်အင်တာဗျူးအတွင်း RSC ဝန်ထမ်းသည် လျှောက်ထားသော အချက်အလက်များနှင့် လုံခြုံရေးကင်းရှင်းမှုအတွက် အချက်အလက်များ စုဆောင်းသည်။ သင့်နိုင်ငံမှ ထွက်ခွာလိုသော အကြောင်းကို မှတ်တမ်းယူသည်။ RSC မှ ကောက်ယူထားသော ထိုအချက်အလက်များကို USCIS မှ ယူသည်။