ရွှေ့ပြောင်းအခြေချနေထိုင်မှု လွယ်ကူစေခြင်း

ကျွန်ုပ်တို့က မည်သို့ကူညီပေးနိုင်ပါသနည်း။

အမေရိကန်နိုင်ငံ ရွှေ့ပြောင်းအခြေချနေထိုင်ခြင်း ဖြစ်စဉ်
အကယ်၍ သင်သည် ဒုက္ခသည်ဖြစ်ပြီး သင့်မူရင်းနိုင်ငံသို့ မပြန်နိုင်ပါက အခြားနိုင်ငံတစ်ခုသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခွင့်ရရန်အတွက် အကျုံးဝင်နိုင်ပါသည်။ ၎င်းကို ရွှေ့ပြောင်းအခြေချနေထိုင်ခြင်းဟု ခေါ်ပါသည်။ အမေရိကန်နိုင်ငံ၏ ဒုက္ခသည် ရွှေ့ပြောင်းအခြေချ နေထိုင်ရေး ဖြစ်စဉ်အကြောင်း သိရှိရန် အချက်အလက်များကို ကြည့်ပါ။

အမေရိကန်နိုင်ငံ၏ လူမှုဘဝ
အလုပ်အကိုင်ရှာဖွေရေးအတွက် အကူအညီလိုသည် ဖြစ်စေ၊ သင်၏ အိမ်ဝန်းကျင်အသစ်ကို စုံစမ်းလေ့လာလိုသည် ဖြစ်စေ၊ အမေရိကန်နိုင်ငံ၏ လူနေမှုဘဝကို ပိုမိုသိရှိလိုသည် ဖြစ်စေ၊ Settle In ထံတွင် သင်၏ အသိုင်းအဝိုင်းအသစ်အတွင်း ကိုယ်ပိုင်ရပ်တည်နိုင်ရေးအတွက် သင်လိုအပ်သည့် သတင်းအချက်အလက်များ ရှိပါသည်။

တိကျမှန်ကန်သော အချက်အလက်များကို ရယူခြင်း
Settle In သည် သင့်အား အမေရိကန်နိုင်ငံ ရွှေ့ပြောင်းအခြေချနေထိုင်ခြင်း ဖြစ်စဉ်အတွင်းနှင့် အမေရိကန်နိုင်ငံ၏ လူမှုဘဝအတွင်း ကူညီလမ်းညွှန်ပေးရန် ရာပေါင်းများစွာသော အရင်းအမြစ်များဖြင့် ပံ့ပိုးပေးပါသည်။ တိုက်ရိုက်အစီအစဉ်များ၊ ရင်းမြစ်များကို အသုံးချပြီး သင့်မေးခွန်းများအတွက် အကူအညီပံ့ပိုးမှုများကို ရယူပါ။