အဆင့် (၃): ဆေးစစ်ခြင်း
: အပ်ဒိတ်လုပ်ထားသည်11/1/2024
နောက်တစ်ဆင့်တက်ပါက သင်နှင့်သင့်မိသားစုသည် ဆေးစစ်ရမည်။ သင့်တွင်ရှိသော ကျန်းမာရေးနှင့် ကာကွယ်ရေးဆိုင်ရာမှတ်တမ်းများအားလုံးကို ယူလာပါ။ ရွှေ့ပြောင်းစဉ်အတွင်းနှင့် အမေရိကန်သို့ ရောက်ရှိပြီးနောက် သင့်တော်သော ကျန်းမာရေး စောင့်ရှောက်မှုအတွက် အလွန်အရေးကြီးသည်။ ဆေးစစ်သည့်ရလဒ်သည် ၃ လ မှ ၆ လ အထိ အကျုံးဝင်သည်။ ပထမအကြိမ် ဆေးစစ်ပြီး သက်မှတ်ရက်ကျော်လွန်သည်အထိ အမေရိကန် ပြည်ထောင်စုသို့ မထွက်ခွာဖြစ်ပါက ထပ်မံစစ်ဆေးရမည်။
Image

အဆင့် (၃) ဆေးစစ်ခြင်း
ဆေးစစ်ခြင်း၏ ရည်ရွယ်ချက်မှာ သင်သည် အမေရိကန်နိုင်ငံသို့ ဝင်ရန် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီကြောင်း သေချာစေရန် ဖြစ်သည်။ ခရီးသွားနိုင်သည်။ လိုအပ်ပါက သင့်တော်သော ဆေးဝါးကုသမှု ပြုလုပ်နိုင်သည်။ အခြားခရီးသွားများ အန္တရာယ်မဖြစ်စေရန်ဖြစ်သည်။
ဆေးစစ်ခြင်းတွင် အောက်ပါတို့ ပါဝင်သည်။
- လူထုကျန်းမာရေးထောက်ခံလွှာ
- မထွက်ခွာမီ၊ ထွက်ခွာချိန်နှင့် ပြောင်းရွှေ့ အခြေချချိန်တို့တွင် ထပ်မံလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု
- လိုအပ်ပါက* ခရီးသွားနိုင်ကြောင်း ထောက်ခံချက်၊ ကုသမှု၊ ကိုယ်နှင့်မကွာ ဆောင်သောဆေးများ
- *ပြင်းထန်သောရောဂါ ရှိသူများကို အမေရိကန်ပြည်ထောင်စုသို့ သွားနေစဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးမည်။
Image

Image

မကြာခဏမေးတတ်သော မေးခွန်းများ
ဆေးစစ်နေစဉ် သင့်အသက်ပေါ်မူတည်၍ အောက်ပါတို့ကို စစ်ရမည်။
- သွေးဖိအား၊ အရပ်၊ ကိုယ်အလေးချိန်နှင့် မျက်စိအမြင်
- သွေးစစ်ခြင်း
- ဓါတ်မှန်
- ဆရာဝန်မှ စမ်းသပ်ပေးခြင်း
- ကာကွယ်ဆေးထိုးခြင်း
ဆေးစစ်ပြီးပါက ရလဒ်ထွက်ပြီး RSC မှ အသိမပေးခင် ရက်သတ္တပတ်များစွာ ကြာနိုင်သည်။ ထပ်မံ စမ်းသပ်ရန်လည်း လိုအပ်နိုင်သည်။ ထိုကဲ့သို့ လိုအပ်လာပါက ဆရာဝန် သို့မဟုတ် RSC ဝန်ထမ်းမှ တွေ့ဆုံရန် ချိန်းလိမ့်မည်။ ဆေးစစ်ခြင်းသည် ဆရာဝန်နှင့် စမ်းသပ်ပြီး ၃ လမှ ၆လအတွင်း အကျုံးဝင်သည်။ အခြားသော ရွှေ့ပြောင်းအခြေချခြင်းဆိုင်ရာ လုပ်ထုံးများကြောင့် ထပ်မံဆေးစစ်ရနိုင်သည်။