ယူအက်စ် ဥပဒေ - တရားဥပဒေ စိုးမိုးရေး

: အပ်ဒိတ်လုပ်ထားသည်9/19/2024
အမေရီကန်ပြည်ထောင်စုသည် စနစ်တကျရှိမှုကို သေချာစေပြီး၊ နိုင်ငံသားများအား ဥပဒေများဖြင့် အကာအကွယ်ပေးရန် ရည်ရွယ်သော စနစ်တစ်ခုဖြင့် အုပ်ချုပ်ပြီး၊ အဆိုပါ ဥပဒေများအား အာဏာတည်တံ့စေရန် လုပ်ငန်းစဉ်ဆောင်ရွက်မှု ပြုပေသည်။ ဤသည်အား “တရားဥပဒေ စိုးမိုးရေး” အဖြစ် မကြာခဏ ရည်ညွှန်းတတ်လေ့ရှိသည်။ အမေရီကန်ပြည်ထောင်စုရှိ ဥပဒေများသည် အမေရီကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ဖော်ပြထားသည့် မူများ နှင့် လုပ်ပိုင်ခွင့် အခွင့်အရေးများတို့ကို လိုက်နာပေသည်။ ဒုက္ခသည်များ အပါအဝင် အမေရီကန်ပြည်ထောင်စုရှိ လူတိုင်းအား ဤဥပဒေများမှ အကာအကွယ်ပေးထားပြီး၊ လူတိုင်းသည် ၎င်းဥပဒေများအား သိရှိ၍ လိုက်နာကြရန် တာဝန်ရှိပေသည်။
Image
A wooden gavel resting on its sound block, symbolizing authority and justice. The gavel is polished and placed on a wooden surface.

“ပြည်သူ၏ အစိုးရ၊ ပြည်သူဖြင့်ဖွဲ့စည်းသော အစိုးရ၊ ပြည်သူ့အတွက် အစိုးရ”

 

၁၈၆၃ အမေရီကန်ပြည်ထောင်စု၏ အလှည့်အပြောင်းချိန် အမှတ်တစ်နေရာ၌ မိန့်ခွန်းပြောကြားခဲ့သည့် သမ္မတ အာဗြာဟန်လင်ကွန်း၏ ဤစကားလုံးများသည် ဒီမိုကရက် အယူအဆ၏ ဗဟိုချက် စံနမူနာတစ်ခု ဖြစ်ပေသည်။ ဒီမိုကရေစီတစ်ခုတွင် အစိုးရတစ်ရပ်သည် ၎င်းတို့အား မဲပေးသည့် ပြည်သူအား ကိုယ်စားပြုသော ရွေးကောက်ခံ အရာရှိဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ ဤရွေးကောက်ခံရသော ကိုယ်စားလှယ်များမှတဆင့်၊ ထို့ပြင် ဤမဲပေးမှုလုပ်ငန်းစဉ် နှင့် အခြားသော အရပ်သား လှုပ်ရှားဆောင်ရွက်မှုများတို့မှ တဆင့် နိုင်ငံသားများသည် ၎င်းတို့အား အုပ်ချုပ်၊ အကာအကွယ်ပေးမည့် ဥပဒေများချမှတ်မှုလုပ်ငန်းစဉ်တွင် ညှိနှိုင်းပါဝင်ရန် ခွန်အားရရှိကြသည်။ အရပ်သား ညှိနှိုင်းပါဝင်မှုသည် နိုင်ငံသားအားလုံး၏ အရေးကြီးသော အခွင့်အရေး နှင့် တာဝန်ဝတ္တရားတစ်ရပ် ဖြစ်ပေသည်။

 

ဥပဒေများအား မည်သို့ ချမှတ်သနည်း။

 

အမေရီကန်ပြည်ထောင်စုသည် ဖယ်ဒရယ်အစိုးရ အုပ်ချုပ်မှုပုံစံဖြစ်သည်၊ အမေရီကန်ပြည်ထောင်စုရှိ ပြည်နယ် ၅၀ မှ တစ်ခုစီတွင် ပြည်နယ်အစိုးရများ ရှိကြပြီး၊ ပြည်နယ်တစ်ခုစီအတွင်းရှိ ဒေသန္တရ အုပ်ချုပ်ရေးနယ်မြေတစ်ခုစီတွင် ဒေသခံ အစိုးရတစ်ရပ် ရှိပေသည်။ ဖယ်ဒရယ်အစိုးရ၏ ဥပဒေပြုအဖွဲ့ (ကွန်ဂရက် လွှတ်တော်) မှ ဥပဒေများအား အဆိုပြု၊ ရေးဆွဲသည်၊ အုပ်ချုပ်ရေးအဖွဲ့ (သမ္မတ နှင့် အစိုးရဌာနများ နှင့် အေဂျင်စီများ) မှ ဥပဒေများအား ပြဌာန်းသည်၊ ထို့နောက် တရားရေးအဖွဲ့ (နိုင်ငံတော် တရားရုံးချုပ်အပါအဝင် ဖယ်ဒရယ် တရားရေးစနစ်) မှမူ ဥပဒေများအား တည်တံ့ခိုင်မာမှုရှိစေရန် ဆောင်ရွက်ပေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှမူ ဥပဒေနယ်ပယ်တစ်ခု၏ အဓိက တာဝန်ရှိသူမှာ ဖယ်ဒရယ်အစိုးရ သို့မဟုတ် ပြည်နယ်နှင့်ဒေသခံအစိုးရဖြစ်ကြောင်း သတ်မှတ်ထုတ်ပြန်ပေးသည်။

အစိုးရ၏ ဥပဒေပြုအဖွဲ့ ၊ အုပ်ချုပ်ရေးအဖွဲ့ နှင့် တရားရေးအဖွဲ့တို့၏ တူညီသော စနစ်တစ်ခုအား အသုံးပြုကာ ပြည်နယ်အစိုးရသည် ဖယ်ဒရယ်အစိုးရမှ ဖန်တီးထားသည့် ဥပဒေများကို ရှင်းလင်းအတည်ပြု၍ တည်တံ့ခိုင်မာစေရန် လုပ်ဆောင်ကြပေသည်၊ ထို့ပြင် မိမိတို့ ပြည်နယ်အား အစိုးရသည့် နောက်ထပ်သော ဥပဒေများကိုလည်း ချမှတ်နိုင်ပေသည်။ ပြည်နယ်များသည် မိမိတို့ ဒေသခံ အစိုးရများအား ရွေးချယ်သတ်မှတ်ကာ ဥပဒေများ ချမှတ်နိုင်ရန် ၎င်းတို့အား အခွင့်အာဏာပေးအပ်ထားသည်။ ဖယ်ဒရယ်၊ ပြည်နယ် နှင့် ဒေသခံ အစိုးရများ အားလုံးသည် ဥပဒေများအား ချမှတ်နိုင်သည့်အတွက်ကြောင့်ငှာ ပြည်နယ်တစ်ခုနှင့် တစ်ခုမှ ဥပဒေများသည် ကွဲပြားခြားနားနိုင်ပြီး၊ ဒေသန္တရအုပ်ချုပ်ရေးနယ်မြေတစ်ခုနှင့် တစ်ခုပင် ကွဲပြားခြားနားနိုင်ပေသည်။ ဒုက္ခသည်များအနေနှင့် ဤအချက်အား နားလည်သိရှိထားရန် အရေးကြီးပေသည်၊ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် မိမိ အခြေချနေထိုင်သည့် နေရာမှ ပြည်နယ် နှင့် ဒေသခံ ဥပဒေများကို လိုက်နာရန် လိုအပ်သောကြောင့် ဖြစ်သည်။

 

ဥပဒေများသည် မည်သူတို့အပေါ် သက်ရောက်မှုရှိသနည်း။

 

သူ သို့မဟုတ် သူမ၏ လူမှုရေးအဆင့်အတန်း၊ ငွေကြေးပိုင်ဆိုင်မှု အခြေအနေ သို့မဟုတ် အခြားသော အထူးအကျိုးအမြတ်ခံစားခွင့်များ အစရှိသည်တို့ မည်သို့ပင်ရှိပါစေ အမေရီကန်ပြည်ထောင်စုတွင် မည်သူတစ်ဦးတစ်ယောက်မှသည် ဥပဒေ၏ ပြင်ပတွင် မရှိပေ။ လူတိုင်းအပေါ် တူညီသော ဥပဒေများ သက်ရောက်မှုရှိပေသည်။ ဥပဒေအား ရှောင်တိမ်းရန်အတွက် လာဘ်ထိုးခြင်းသည် ဥပဒေနှင့်ဆန့်ကျင်ပြီး၊ အထူးအခွင့်အရေးများ သို့မဟုတ် အထူးခြွင်းချက်များအား ရရှိရန်အတွက် အရာရှိတစ်ဦးအား လာဘ်ထိုးရန် ကြိုးစားခြင်းသည် ပို၍ပင် ပြစ်မှုမြောက်သော ရာဇဝတ်မှုတစ်ခု ဖြစ်ပေသည်။

ဥပဒေအား မသိ၊ မနားလည်ခြင်းကြောင့် ယေဘုအားဖြင့် ဥပဒေမှ ကင်းလွှတ်ခွင့်များ ရရှိနိုင်မည်မဟုတ်ပေ။ ဥပဒေအား တမင်ရည်ရွယ်၍ ချိုးဖောက်ခဲ့ခြင်း မဟုတ်သည့်တိုင် မသိ၊မနားလည်သောကြောင့် ဥပဒေ ချိုးဖောက်ခဲ့သည့် ပုဂ္ဂိုလ်သည်လည်း အကျိုးဆက်များအား ရင်ဆိုင်ရမည်ဖြစ်သည်။

 

မျှတသော တရားနည်းလမ်းအတိုင်းဆောင်ရွက်မှုကို ရရှိခွင့်

 

အကယ်၍ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ဥပဒေတစ်ခုအား ချိုးဖောက်ခဲ့လျှင် ၎င်းတို့အနေနှင့် မျှတသော တရားနည်းလမ်းအတိုင်းဆောင်ရွက်မှုကို ရရှိခွင့် ရရှိရပေမည်။ မျှတသော တရားနည်းလမ်းအတိုင်းဆောင်ရွက်မှုကို ရရှိခွင့်ဆိုသည်မှာ ပြစ်မှုတစ်ခုအတွက် စွပ်စွဲခံရပါက သတ်မှတ်ထားသော ဥပဒေ လုပ်ထုံးလုပ်နည်းများအား အသုံးပြု၍ မျှတစွာ ဆက်ဆံခံရခွင့်ကို ဆိုလိုခြင်း ဖြစ်သည်။ အမေရီကန်ပြည်ထောင်စုတွင် မျှတသော တရားနည်းလမ်းအတိုင်း ဆောင်ရွက်မှုကို ရရှိခွင့်အား အမေရီကန် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ငါးကြိမ်မြောက် ပြင်ဆင်ထည့်သွင်းချက်အတွင်း ထောက်ပံ့ဖော်ပြထားပေသည်၊ ထို့ပြင် နောက်ဆက်တွဲ မျှတသော အမှုစီရင်မှု အာမခံချက်များကိုမူ ခြောက်ကြိမ်မြောက် နှင့် တစ်ဆယ့်လေးကြိမ်မြောက် ပြင်ဆင်ထည့်သွင်းချက်များအတွင်း ထောက်ပံ့ဖော်ပြထားသည်။

Image
A view of the United States Capitol building in Washington, D.C., featuring its iconic dome and neoclassical architecture. The building is set against a blue sky with some clouds.
Image
An empty courtroom with a large wooden bench and five high-backed chairs for judges. The room is decorated with wood paneling and lit by ornate lamps. An American flag and another flag stand to the side.

ငါးကြိမ်မြောက် ပြင်ဆင်ထည့်သွင်းချက်

ငါးကြိမ်မြောက် ပြင်ဆင်ထည့်သွင်းချက်သည် အကယ်၍ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနှင့် ရာဇဝတ်မှုတစ်ခုအတွက် စွပ်စွဲခံရပါလျှင် သို့မဟုတ် အဆိုပါပုဂ္ဂိုလ်၏ ပိုင်ဆိုင်မှု အကျိုးအမြတ်များအား အစိုးရမှ သိမ်းဆည်းသွားခဲ့ပါလျှင် သို့ပါက မျှတသော တရားနည်းလမ်းအတိုင်းဆောင်ရွက်မှုတစ်ခုကို ရရှိနိုင်ခွင့်အား ထုတ်ပြန်ထားသည်။ ၎င်းသည် တစ်စုံတစ်ဦးအား တူညီသော ပြစ်မှုတစ်ခုအတွက် နှစ်ကြိမ် ပြစ်ဒဏ်ပေးခံရခြင်းကို တားမြစ်ထားသည်။ ထို့ပြင် ပုဂ္ဂိုလ်တစ်ဦးအား ရာဇဝတ် အမှုခင်းတစ်ခုအတွင်း သူကိုယ့်သူ သို့မဟုတ် သူမကိုယ်သူမအပေါ် မျက်မြင်သက်သေတစ်ဦးအဖြစ် ထွက်ဆိုရန် အတင်းအကြပ်ဆောင်ရွက်စေခွင့် မရှိကြောင်း၊ ထို့ပြင် မျှတသော လျော်ကြေးပေးလျော်မှု မရှိဘဲ တစ်စုံတစ်ဦး၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုပစ္စည်းများအား အများပြည်သူလူထုအတွက် သိမ်းယူခြင်းမပြုနိုင်ကြောင်းတို့ကိုလည်း ဖော်ပြထားသည်။

 

ခြောက်ကြိမ်မြောက် ပြင်ဆင်ထည့်သွင်းချက်

ခြောက်ကြိမ်မြောက် ပြင်ဆင်ထည့်သွင်းချက်အတွင်း ဖော်ပြထားသည်မှာ ရာဇဝတ်မှုတစ်ခုအတွက် စွပ်စွဲခံထားရသော ပုဂ္ဂိုလ်တစ်ဦးသည် ဘက်မလိုက်သော ခုံသမာဓိအဖွဲ့တစ်ဖွဲ့ထံမှ လျှင်မြန်ပြီး အများပြည်သူရှေ့ မှောက် စစ်ဆေးသော စီရင်မှုတစ်ခုကို ရပိုင်ခွင့်ရှိပြီး၊ ဥပဒေရေးရာ အကြံပေးများ ရယူခွင့်ရှိကြောင်း ဖော်ပြထားသည်။ ပုဂ္ဂိုလ်တစ်ဦးသည် သူ သို့မဟုတ် သူမအပေါ် စွပ်စွဲချက်များအကြောင်းကိုလည်း သိရှိခွင့် ရှိပေသည်။ ထို့ပြင် ၎င်းပြင်ဆင်ထည့်သွင်းချက်အတွင်း၌ ဖော်ပြထားသည်မှာ စွပ်စွဲခံရသောသူသည် ၎င်းတို့အပေါ် မျက်မြင်သက်သေများအား ထိပ်တိုက်ရင်ဆိုင်ခွင့် ရှိပြီး၊ သက်သေများအား ၎င်းတို့မှ ခုခံချေပနိုင်ခွင့် ရှိပေသည်။

 

တစ်ဆယ့်လေးကြိမ်မြောက် ပြင်ဆင်ထည့်သွင်းချက် တစ်ဆယ့်လေးကြိမ်မြောက် ပြင်ဆင်ထည့်သွင်းချက်သည် အမေရီကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထောက်ပံ့ထားသည့် အခွင့်ရေးများစုအား ချိုးဖောက်သည့် ဥပဒေများကို ပြည်နယ်များမှ ချမှတ်ခြင်း သို့မဟုတ် တွန်းအားပေးခြင်း မပြုလုပ်နိုင်စေရန် တားမြစ်ထားသည်။ သို့သော်လည်း ဤတစ်ဆယ့်လေးကြိမ်မြောက် ပြင်ဆင်ထည့်သွင်းချက်သည် မျှတသော တရားနည်းလမ်းအတိုင်းဆောင်ရွက်မှုအား ရရှိပိုင်ခွင့်အပါအဝင် ဤအခွင့်အရေးများအား ပြည်နယ်မှ မည်သို့ သေချာခိုင်ခံ့မှုရှိစေရန် ဆောင်ရွက်သင့်ကြောင်းကိုမူ ထုတ်ပြန်ပြဌာန်းထားခြင်း မရှိပေ။ ဆိုလိုသည်မှာ ဤအခွင့်အရေးများအား ကာကွယ်ပေးထားသည့် ဥပဒေများ နှင့် မျှတသော တရားနည်းလမ်းအတိုင်းဆောင်ရွက်မှုအား ရရှိပိုင်ခွင့်တို့သည် ပြည်နယ်တစ်ခု နှင့် တစ်ခု ကွဲပြားခြားနားနိုင်ပေသည်။

Image
An empty courtroom featuring wooden furnishings, a judge's bench, jury seats, and a witness stand. The room is well-lit with chandeliers hanging from the ceiling, and an American flag is visible behind the judge's bench.
Was this article helpful?
1
0