အမေရိကန်ပြည်ထောင်စုတွင် အိမ်နေရာချထားခြင်း

: အပ်ဒိတ်လုပ်ထားသည်9/24/2024
အမေရိကန်ပြည်ထောင်စုသို့ သင်စတင်ရောက်ရှိသောအခါ သင့်ကို တိုက်ခန်း သို့မဟုတ် ဟိုတယ်တစ်ခုတွင် ထားနိုင်ပါသည်။ သို့မဟုတ် အမေရိကန်ပြည်ထောင်စုတွင် အခြေကျနေပြီးသားဖြစ်သော ဆွေမျိုး များနှင့် နေထိုင်ရနိုင်ပါသည်။ သင်အိမ်ထောင်မရှိပါက သင်နှင့် လိင်တူညီသည့် အခြားအိမ်ထောင်မရှိသော ဒုက္ခသည်များနှင့်အတူ ထားနိုင်ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် အိမ်နေရာချထားခြင်း

အမေရိကန်ပြည်ထောင်စုတွင် သင်၏ ပထမဆုံးလအတွင်း အိမ်နေရာ ရရှိအောင် သင်၏ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီက ဆောင်ရွက်ပေးပါလိမ့်မည်။ သန့်ရှင်းပြီး ဈေးသက်သာကာ လုံခြုံမှု ရှိသော ပတ်ဝန်းကျင်တွင် ရှိသည့် အိမ်နေရာကို သူတို့က ရှာပေးပါမည်။ အစပိုင်းတွင် သင့်မှာဝင်ငွေကန့်သတ်ချက် ရှိသည့် အတွက် သင့်ပထမဆုံးနေအိမ်က သင့်စိတ်ကြိုက် ဖြစ်ချင်မှ ဖြစ်ပါမည်။ သို့သော်လည်း ဝင်ငွေတည်ငြိမ်လာသောအခါ သင့်ဝင်ငွေ၊ လိုအပ်ချက်၊ ကြိုက်နှစ်သက်မှုများနှင့် ကိုက်ညီသော နေအိမ်ကို နောင်အခါ ရွေးချယ်နိုင်ပါလိမ့်မည်။

Image
Housing
Image
Housing

အဆင်တန်ဆာများ

သင်နှင့် သင့်မိသားစုအတွက် ရွေးချယ်ထားသော တိုက်ခန်း သို့မဟုတ် နေအိမ်တွင် အခြေခံ ပရိဘောဂနှင့် အိမ်သုံးပစ္စည်းများ ထားရှိပေးရန် သင်၏ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီက တာဝန်ရှိပါသည်။ ထိုပစ္စည်းများထဲတွင် ပရိဘောဂများ၊ အိပ်ရာခင်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ပါဝင်ပါသည်။ ထိုအေဂျင်စီသည် ပစ္စည်းအသစ်များ သင့်အားပေးရန် မလိုအပ်ပါ။ ထိုပစ္စည်းများက အခြေအနေကောင်းမွန်သင့်သော်လည်း အသစ်ဖြစ်ရန် မလိုပါ။

နေအိမ် သို့မဟုတ် တိုက်ခန်းတွင် မီးဖို၊ လက်ဆေးကန်နှင့် ရေခဲသေတ္တာတို့ရှိသော မီးဖိုချောင်၊ ဧည့်ခန်းနှင့် ထမင်းစားခန်း၊ တစ်ခန်း သို့မဟုတ် တစ်ခန်းထက်ပိုသော အိပ်ခန်း၊ ရေချိုးခန်း၊ ဗီရိုများ ပါဝင်လေ့ရှိပါသည်။

Image
Housing

အမေရိကန်ပြည်ထောင်စုတွင် အိမ်နေရာချထားခြင်း

အိမ်နေရာချထားခြင်း ကုန်ကျစရိတ်များ

အမေရိကန်ပြည်ထောင်စုတွင် အိမ်နေရာချထားခြင်းသည် တစ်ခါတစ်ရံ ဈေးကြီးတတ်ပြီး နေထိုင်စရာ သင့်တော်သော နေရာတစ်ခု ရှာတွေ့ဖို့ ခက်ခဲနိုင်ပါသည်။ နေအိမ် သို့မဟုတ် တိုက်ခန်းငှားနေလေ့ ရှိပါသည်။ အိမ်နေရာချထားခြင်းသည် ပြည်နယ်တစ်ခုနှင့်တစ်ခု၊ တစ်မြို့နှင့် တစ်မြို့ မတူညီသလို ရပ်ကွက်တစ်ခုနှင့်တစ်ခုပင် မတူညီပါ။ သင်ဘယ်မှာနေနေ အိမ်နေရာချထားသည့် ကုန်ကျစရိတ်သည် သင့်လစဉ်ကုန်ကျစရိတ်၏ အများဆုံးအစိတ်ပိုင်း ဖြစ်နေပါလိမ့်မည်။

ငှားရမ်းစာချုပ်တွင် သဘောတူထားသည့်အတိုင်း သင့်အိမ်ရှင်ကို ကြိုတင်အသိပေးထားပါက တိုက်ခန်း သို့မဟုတ် နေအိမ်မှ သင်ထွက်ခွာနိုင်ပါသည်။ သို့သော် ရွှေ့ပြောင်းမှု ကုန်ကျစရိတ်များ ရှိသည်ကို သတိပြုစေလိုပါသည်။ သင့်ငှားရမ်းမှု မရပ်ဆိုင်းမီ ရွှေ့ပြောင်းရန် သင်တတ်နိုင်ကြောင်း သေချာဖို့လိုပါသည်။

အိမ်နေရာချထားခြင်း အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ

အမေရိကန်ပြည်ထောင်စုတွင် အိမ်ငှားရော အိမ်ရှင်ပါ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ ရှိပါသည်။ တိုက်ခန်း သို့မဟုတ် နေအိမ်ကို သင်ငှားသောအခါ ငှားရမ်းမှု သဘောတူစာချုပ်ကို လက်မှတ် ထိုးရပါမည်။  ငှားရမ်းမှု သဘောတူစာချုပ်ထဲတွင် သင့်ကို အိမ်ငှားဟု သတ်မှတ်ပြီး သတ်မှတ် အချိန်ကာလအတွက် အိမ်ခြံမြေကို သင်ကငှားရန်၊ ငှားရမ်းခနှင့် အသုံးအဆောင်ခများကို အချိန်မီပေးရန်၊ အိမ်ခြံမြေကို ထိန်းသိမ်းစောင့်ရှောက်ရန် သဘောတူပါသည်။ သင်လက်မှတ်ထိုးထားသော ငှားရမ်းမှု သဘောတူစာချုပ်ကို  ချိုးဖောက်ပါက (ငှားရမ်းသောကာလ မကုန်ဆုံးခင် တိုက်ခန်းမှ ထွက်ခွာပါက) ဒဏ်ကြေး ပေးရနိုင်ပြီး သင့်ရမှတ်အဆင့် သတ်မှတ်ချက်ကို အပျက်သဘော သက်ရောက်နိုင်ပါသည်။ သင်တကယ် ရွှေ့ပြောင်းပါက သင်ဆောင်ရွက်ရမည့် ကိစ္စများရှိပြီး အမေရိကန် အစိုးရအား အသိပေးခြင်းနှင့် စာတိုက်စသည်တို့ ပါဝင်ပါသည်။ ရွှေ့ပြောင်းရန် စဉ်းစားနေပါက သင်၏ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီထံမှ လမ်းညွှန်ချက် ရယူစေလိုပါသည်။

မြေရှင်၏ တာဝန်ဝတ္တရားများ

အိမ်နေရာချထားခြင်း ဥပဒေများက အိမ်ရှင်ရော အိမ်ငှားကိုပါ အကျုံးဝင်ပါသည်။ အိမ်ရှင်များက သူတို့၏အိမ်နေရာများသည် ငှားရမ်းမှုအိမ်ခြံမြေအတွက် လုံခြုံရေးနှင့် ပိုးမွှားကင်းစင်ရေး စံချိန်စံညွှန်း အချို့နှင့် ကိုက်ညီအောင် စီမံဆောင်ရွက်ရပါမည်။ လျှပ်စစ်မီး၊ ရေပိုက်များနှင့် အပူပေးစနစ်များ အခြေအနေကောင်းအောင် အိမ်ရှင်က စီမံပေးရပါမည်။ မီးခိုးထောက်လှမ်းစက်များ ပေးထားပြီး ကြွက်နှင့် အင်းဆက်ပိုးမွှားများ မရှိအောင်ပြုလုပ်ရပါမည်။ အိမ်ရှင်သည် အိမ်ငှားမည့်သူ၏ လူမျိုး၊ နိုင်ငံသား၊ ကိုးကွယ်သည့်ဘာသာ၊ လိင်၊ မိသားစုအခြေအနေ၊ ကိုယ်၊ စိတ်ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အိမ်မငှားခြင်းမျိုး မပြုလုပ်ရန် အိမ်နေရာချထားခြင်း ဥပဒေများက ဖော်ပြထားပါသည်။

အိမ်နီးချင်းကောင်း ပီသခြင်း

အမေရိကန်ပြည်ထောင်စုရှိ အိမ်နီးချင်းကောင်း ဆိုသည်မှာ မိမိတိုက်ခန်း သို့မဟုတ် အိမ်အနီးတွင် နေထိုင်သူများအပေါ် ကိုယ်ချင်းစာတတ်သူကို ဆိုလိုပါသည်။ အိမ်နီးချင်းကောင်းသည် တိုက်ခန်းအဆောက်အအုံများရှိ အများပိုင်နေရာများကို သန့်ရှင်းအောင်ထားပါသည်။ နေအိမ်ဖြစ်ပါက သင့်အိမ်ရှိမြက်ခင်းကို သပ်ရပ်အောင်ထားပြီး အမှိုက်ပစ်သော နေ့များတွင်သာ အမှိုက်စွန့်ပစ်ပါ။ ကိုယ်ချင်းစာတတ်သော အိမ်နီးချင်း ဆိုသည်မှာ ညအခါ ဆူညံသံများကို လျှော့ချခြင်းဖြင့် သင့်အိမ်နီးချင်းများကို အနှောင့်အယှက် မပေးရပါ။

 

Image
Housing
Image
Housing
Image
Screenshot of Settle In app
Image
App Icon

Settle In အက်ပ်ကို ဒေါင်းလုပ်လုပ်ပါ

ဗီဒီယိုတိုများ၊ တုန့်ပြန်သည့် သင်ခန်းစာများ၊ သင်ယူခြင်း တိုးတက်မှုကို ခြေရာခံသည့် တံဆိပ်များကို ရယူအသုံးပြုပါ။ Settle In သည် သင်၏ ရွှေ့ပြောင်းအခြေချနေထိုင်သည့် ခရီးစဉ်အတွင်း သင်၏ အဖော်မွန်ဖြစ်ပါသည်။

Was this article helpful?
0
0