အင်္ဂလိပ်စာသင်ခြင်း

: အပ်ဒိတ်လုပ်ထားသည်9/19/2024
အင်္ဂလိပ်စာသင်ခြင်းသည် အမေရိကန်ပြည်ထောင်စုတွင် ကလေးရော လူကြီးပါ ပိုမိုအဆင်ပြေသည့်ဘဝသို့ ရောက်အောင် ပို့ဆောင် နိုင်သည့်အတွက် အရေးကြီးသည်။ အင်္ဂလိပ်စာသည် သင့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိမ့်မည်။ အလုပ်ရစေမည်။ အလုပ်တွင် အောင်မြင်စေသည်။ အခြားအမေရိကန်များနှင့် ဆက်ဆံနိုင်သည်။ အမေရိကန်တွင် ဘဝသစ်ကို ပိုမိုလျင်မြန်စွာ စနိုင်စေသည်။
Image
Learning English

အင်္ဂလိပ်စာသင်ခြင်း

လူတစ်ယောက်သည် အသစ်များကို သင်ရန် မငယ်လွန်း မကြီးလွန်းဟု အမေရိကန်များက ယူဆသည်။ ဘာသာစကားအသစ်သင်ခြင်းသည် အချိန်ကြာနိုင်ပြီး လူတစ်ယောက်ချင်းစီ သင်ယူပုံမှာလည်း မတူညီပေ။ အတွေ့အကြုံရှိသော ဆရာနှင့် စာသင်ခန်းတစ်ခုတွင် သင်ခြင်းသည် အင်္ဂလိပ်စာသင်ရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ သို့သော် အင်္ဂလိပ်စာသင်ရန် အခြားနည်းလမ်း များလည်း ရှိသေးသည်။

Image
Learning English
Image
Learning English

အင်္ဂလိပ်စာ လေ့လာသင်ယူခြင်း၏ အကျိုးကျေးဇူးများ

ဘာသာစကားအသစ်သင်ရန် လုပ်နိုင်သောအရာများ

  • အခြားအင်္ဂလိပ်စကား ပြောသူများနှင့် အင်္ဂလိပ်စကားပြောလေ့ကျင့်ခြင်း
  • အင်္ဂလိပ်ဘာသာဖြင့် တီဗွီကြည့်ခြင်း သို့ ရေဒီယို နားထောင်ခြင်း
  • အွန်လိုင်းမှ အင်္ဂလိပ်စာလေ့လာရန် အင်တာနက်ကို သုံးပါ။
  • အင်္ဂလိပ်စာသင်တန်းများ တက်ပါ။
  • အပတ်တိုင်း ပန်းတိုင်ထားပါ။
  • စကားလုံးအသစ်များကို စာရင်းလုပ်ထားပါ။
  • လမ်းများ၊ ဘတ်စ်ကားများ၊ စတိုးဆိုင်ပြတင်းပေါက်များတွင် မြင်သမျှ အင်္ဂလိပ်စာကို ကြိုးစားဖတ်ပါ။
Image
Learning English

အင်္ဂလိပ်စာ သင်တန်းများ

ရပ်ရွာအဖွဲ့အစည်း တော်တော်များများသည် မကြာသေးခင်ကမှ အမေရီကန်ပြည်ထောင်စုသို့ ရောက်ရှိလာသည့် ရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များတို့အတွက် အင်္ဂလိပ်စာ သင်တန်းများအား ကမ်းလှမ်းထောက်ပံ့ပေးသည်။ အချို့မှာ အခမဲ့ ဖြစ်ပြီး၊ သင့်အနီးတွင် ရရှိနိုင်သည့် အင်္ဂလိပ်စာ သင်ယူလေ့လာနိုင်မည့် အခွင့်အလမ်းများကို သင်၏ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီမှ ကူညီ ရှာဖွေပေးမည် ဖြစ်ပါသည်။

အင်္ဂလိပ်စာသင်တန်းများတွင် အမျိုးမျိုးသော အသက်အရွယ်ရှိသည့် ပညာရေး နှင့် တိုင်းရင်းသားနောက်ခံ အသိုင်းအဝိုင်းအသီးသီးမှ အမျိုးသားများ နှင့် အမျိုးသမီးများတို့သည် အတူထိုင်ကြရမည်ဖြစ်သည်။ အစပိုင်းအဆင့် သင်တန်းများတွင် ကျောင်းသားများသည် ပုံမှန်အားဖြင့် အသစ်ရောက်ရှိလာသူတစ်ဦးအနေနှင့် အနီးအနားသွားလာသည့်အခါတွင် အသုံးပြုရန် လိုအပ်သော ရိုးရှင်းပြီး လက်တွေ့ ကျသည့် အင်္ဂလိပ်စာအား သင်ယူလေ့လာကြရသည်။ ဥပမာဆိုရလျှင် စတိုးဆိုင်တစ်ခုတွင် သင် ပစ္စည်းများ ဝယ်ယူခြင်း၊ ဘတ်စ်ကား အချိန်စာရင်းတစ်ခုအား ဖတ်ရှုခြင်း သို့မဟုတ် အလုပ်အကိုင်တစ်ခုအား ရှာဖွေခြင်း အစရှိသည်တို့တွင် သင့်အား အထောက်အကူပြုပေးနိုင်သော အင်္ဂလိပ်စာ စကားစုများကို သင် သင်ယူလေ့လာကောင်း လေ့လာရပေမည်။ အချို့သော အတန်းများတွင်မူ ဟိုတယ်တစ်ခု၌ အလုပ်လုပ်ခြင်း သို့မဟုတ် ဆေးဘက်ဆိုင်ရာ နယ်ပယ်တစ်ခုအတွင်း အလုပ်လုပ်ခြင်းကဲ့သို့သော အချို့ အလုပ်အကိုင်များအတွက် သိရှိထားရန် လိုအပ်သည့် အင်္ဂလိပ်စာအား သင်ကြားကြရသည်။ ပိုမိုအဆင့်မြင့်သော အတန်းများတွင်မူ ကျောင်းသားများသည် အင်္ဂလိပ်စာ သဒ္ဒါ၊ စာဖတ်ခြင်း နှင့် စာအရေးအသားပိုင်းတို့ကို ပိုမို အာရုံစိုက်ကြရသည်။ ကျောင်းသားများအား ကောလိပ်ကျောင်းအတွက် ပြင်ဆင်ပေးသည့် အင်္ဂလိပ်စာသင်တန်းများလည်း ရှိပေသည်။

အင်္ဂလိပ်စာ သင်ယူလေ့လာရန် အခြားသော နည်းလမ်းများ

အင်္ဂလိပ်စာ သင်နေစဉ် အလုပ်တစ်ခု ရှာပြီး လူမှုအဖွဲ့အစည်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ရန်လည်း အရေးကြီးသည်။ ဘာသာပြန်လုပ်ငန်းများသည် ဆေးရုံးများနှင့် တရားရုံးများတွင် ရနိုင်သည်။

အင်္ဂလိပ်စာ သင်ယူတတ်မြောက်ရန် အချိန်ပေးရပေသည်

ဒေသတွင်း အခြေကျအေဂျင်စီများသည် ရွှေ့ပြောင်း ခိုလှုံသူများကို အင်္ဂလိပ်စာသင်တန်းအပ်ရန် ကူညီကြသည်။ ကမာ္ဘတစ်ဝှမ်းမှ လူများသည် အမေရိကန်ပြည်ထောင်စုတွင် အင်္ဂလိပ်စာကို အတူတကွ သင်ကြသည်။ ကျောင်းသားများသည် နောက်ခံဘဝမတူသော်လည်း သူတို့သည် အင်္ဂလိပ်စာသင်ရန်သာ တညီတညွတ်တည်း ဆန္ဒရှိကြသည်။

Image
Learning English
Image
Screenshot of Settle In app
Image
App Icon

Settle In အက်ပ်ကို ဒေါင်းလုပ်လုပ်ပါ

ဗီဒီယိုတိုများ၊ တုန့်ပြန်သည့် သင်ခန်းစာများ၊ သင်ယူခြင်း တိုးတက်မှုကို ခြေရာခံသည့် တံဆိပ်များကို ရယူအသုံးပြုပါ။ Settle In သည် သင်၏ ရွှေ့ပြောင်းအခြေချနေထိုင်သည့် ခရီးစဉ်အတွင်း သင်၏ အဖော်မွန်ဖြစ်ပါသည်။

Was this article helpful?
0
0