Skip to main content

မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်ကို တန်ဖိုးထားပါသည်။

ယခု ဝက်ဆိုဒ်သည် နိုင်ငံတကာကယ်ဆယ်ရေး ကော်မတီ International Rescue Committee (IRC) ၏ ကိုယ်ပိုင်စီမံခန့်ခွဲမှု အောက်တွင်ရှိနေပါသည်။ ကျွန်နှပ်တို့ ဝက်ဘ်ဆိုဒ်တွင် လာရောက်သူများက သူတို့ကိုယ်ပိုင် အချက်အလက်များကို ပေးရာတွင် ထိုအချက်အလက်များကို ကျွန်ုပ်တို့ ဘက်မှ မည်သို့လုပ်ဆောင်မည်ကို မသိပဲ စိုးရိမ်နိုင်သည်ကို ကျွန်ုပ်တို့မှ နားလည်သဘောပေါက်ပါသည်။ ယခု ပုဂ္ဂိုလ်ရေး ကြော်ငြာချက်သည် ဝက်ဘ်ဆိုဒ်သုံးစွဲသူများအတွက် ထုတ်ပြန်ခြင်းဖြစ်ပါသည်။

ဤ IRC အဖွဲ့အစည်းသည် ဝက်ဘ်ဆိုဒ် ကိုလာရောက်ကြသောသူများ ကိုယ်ရေးအချက်အလက်ကို လေးစားပါသည်။ ဝက်ဘ်ဆိုဒ်တွင် လာရောက်ကြသောသုံးစွဲသူများ ပေးထားသော နာမည်များ၊ လိပ်စာများနှင့် ဖုန်းနံပါတ်များကို IRC ဝန်ထမ်းများ၊စေတနာဝန်ထမ်းများမှ လုံခြုံစွာ ထိန်းသိမ်းပေးထားမည်ဖြစ်ကာ ထိုအချက်အလက်များကို အလှူရှင်များမှ ခွင့်ပြုချက်ရမှသာ ထုတ်ပြမည်ဖြစ်ပါသည်။ IRCအဖွဲ့အနေနှင့် မည်သည့်အဖွဲ့ကိုမှ သုံးစွဲသူတို့ နာမည်များ၊နေရိပ်လိပ်စာများ၊ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်များကို ပေးခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်းကို ပြုလုပ်မည် မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်တို့ မူဝါဒနှင့် ပတ်သက်ပြီး မေးမြန်းစရာများရှိပါက အောက်တွက်ဖော်ပြထားသော မေးလ်လိပ်စာကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
COResourceExchange@Rescue.org

IRC အဖွဲ့အစည်းမှ သိမ်းစည်းသောကိုယ်ရေးအချက်အလက်များ

ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်သည် လာရောက်သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို သုံးစွဲသူများဆန္ဒမပါဘဲ ကောက်ခံထားမည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်ကိုဝင်ရောက်ကြည့်ရှုလျှင် ထိုအချက်အလက်များကို ဖြည့်ပေးရန် မလိုပါ။ IRC ဝက်ဘ်ဆိုဒ်မှ သုံးစွဲသူ ကိုယ်ရေးအချက်အလက်များဖြစ်သည့် နာမည်၊ လိပ်စာ၊ zip/ စာတိုက်သတ္တောအမှတ်၊ မေးလ်လိပ်စာများကို ဝက်ဘ်ဆိုဒ် သုံးစွဲသူကိုယ်တိုင်မှ လိုလိုလားလား ပေးအပ်မှသာလျှင် လက်ခံထားမည်ဖြစ်ပါသည်။ ယခုအချိန်တွင် ကျွန်ုပ်တို့ Website တွှင် ထိုသို့အချက်အလက်များကို လက်ခံထားနိုင်သော စနစ်မရှိသေးပါ။ အကယ်၍ နောင်တချိန်တွင် သုံးစွဲသူမှ ကိုယ်ရေးအချက်အလက်များကို ပေးအပ်ခဲ့လျှင် ထိုအချက်အလက်များသည် IRC အဖွဲ့နှင့်ဤ ဝက်ဘ်ဆိုဒ်ကို ဝန်ဆောင်မှုအပိုင်းကိုင်တွယ်သောသူများသို့ ပေးပို့သွားမည်ဖြစ်သည်။ IRCသည် တတိယပါတီ အနေနှင့် ဤ ဝက်ဘ်ဆိုဒ် ဝန်ဆောင်မှု ကိုင်တွယ်နေသည့်သူများအား မိတ်ဆွေတို့၏ ကိုယ်ရေးအချက်အလက် များကို လုံခြုံတင်းကြပ်စေမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ထိုဝက်ဘ်ဆိုဒ် ဝန်ဆောင်မှု ကုမ္ပဏီများကို မပိုင်သော်လည်း ထိုကုမ္ပဏီများသည် မိတ်ဆွေတို့၏ကိုယ်ရေးအချက်အလက်များကို မှန်မှန်ကန်ကန်နှင့် တာဝန်ကျေပွန်စွာ ထိန်းသိမ်းသွားမည်ဟု ယုံကြည်ပါသည်။

အခြားအင်တာနက်ဆိုဒ်များကဲ့သို့ပင် ကျွန်နုပ်တို့၏ ဆာဗာသည် ဤဆိုဒ် သို့လာရောက်ကြသောသူများ၏ ဒိုမိန်းအမည်များကို မှတ်မိမည်ဖြစ်ပြီး အီးမေးလ်လိပ်စာကိုမူ မှတ်ထားမည်မဟုတ်ပါ။ ထိုIPလိပ်စာသည် သင်မည်သည့် ဒိုမိန်းအကောင့် (ဥပမာ..gmail.com, aol.com) နှင့် ဤဆိုဒ်ကိုဝင်ရောက်သည်ကို ဖော်ပြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုအချက်ကို ဆာဗာ၏ ပြဿနာများကို ဖြေရှင်းရန်နှင့် ဝက်ဆိုဒ်၏ စာသားများကို ပိုမိုကောင်းအောင်မွန်ရန်အတွက် ပြုပြင်ရာတွင် အသုံးပြုရန်အတွက် မှတ်ယူထားမည်ဖြစ်သည်။ ထိုအချက်အလက်ကို မည်သည့်အကြောင်းနှင့်မျှ အခြားအဖွဲ့အစည်းကို မျှဝေသွားမည် မဟုတ်ပါ။

ရွေးချယ်နိုင်သည့် မူဝါဒ

နောင်တစ်ချိန်တွင် မိတ်ဆွေအနေဖြင့် သင်၏ စာတိုက်လိပ်စာ၊ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်များအား ကျွန်ုပ်တို့ကို ပေးထားပါက မိတ်ဆွေအနေဖြင့် ကျွန်ုပ်တို့၏ အစီအစဉ်များ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်သော အချက်အလက်များကို လက်ခံရရှိလိမ့်မည်။ အကယ်၍ မိတ်တွေအနေနှင့် ထိုအချက်အလက်များကို လက်မခံလိုပါက ကျွန်ုပ်တို့၏ အောက်တွင်ဖော်ပြထားသော အီးမေးလ်လိပ်စာသို့ စာပို့ပြီး အကြောင်းကြားနိုင်ပါသည်။
COResourceExchange@Rescue.org

ထိုအခြေအနေမျိုးတွင် ရွေးချယ်ခွင့်မရှိပါ

အကယ်၍ အာဏာပိုင် အဖွဲ့အစည်းမှဖြစ်စေ၊ တရားဥပဒေအရဖြစ်စေ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို တောင်းဆိုခဲ့ပါမူ IRCမှ ထုတ်ဖော်နိုင်ပေးနိုင်ပါသည်။ ထို့အပြင် IRC ၏ အခွင့်အရေး၊ ပိုင်ဆိုင်မှုဆိုင်ရာများ၊ IRC ကို ထောက်ပံ့ပေးနေသူများနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်မှ (ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) ထိခိုက်အောင်ပြုလုပ်သည်ကို သံသယရှိပါက ထိုသူ၏ ကိုယ်ရေးအချက်များကို ထုတ်ဖော်ခြင်း၊ ဥပဒေအရ အရေးယူခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။

“Cookies” များကို သုံးစွဲခြင်း

သုံးစွဲသူများအနေဖြင့် သိထားသင့်သည့်အချက်မှာ IRCမှ အခြားကိုယ်ရေးကိုယ်တာနှင့်မဆိုင်သော အချက်များ၊ ဒေတာများကိုမူ ဝက်ဘ်ဆိုဒ်၏ cookies များမှတဆင့် အလိုအလျောက် သိမ်းဆည်းသွားမည်ဖြစ်သည်။ Cookies ဆိုသည်မှာ ဖိုင်အသေးစားများဖြစ်ပြီး ယင်းတို့မှတဆင့် မကြာခဏဝက်ဘ်ဆိုဒ်ကို လာရောက်သုံးစွဲသူများကို သိနေရန်၊ သုံးစွဲသူများ သွားလိုသည့်siteများကို ပိုမိုလျင်မြန်စွာရှာဖွေနိုင်ရန်နှင့် Website တွင် ရှာဖွေကြသည့် အကြောင်းအရာများကို စုပေါင်းကာ စာရင်းလုပ်ပေးပြီး ဝက်ဘ်ဆိုဒ်ကို ပိုမိုတိုးတက်မှုရှိအောင် ကူညီပေးပါသည်။

Cookies သည် သုံးစွဲသူများ၏ စနစ်အတွင်းသို့ ဝင်ရောက်ပြီးဖိုင်များကို အန္တရာယ်ဖြစ်စေသော ပရိုဂရမ်မဟုတ်ပါ။ ယေဘူယျအားဖြင့် cookies သည် ဝက်ဘ်ဆိုဒ် သုံးစွဲသူကို ။ အကယ်၍ သုံးစွဲသူသည် cookies မှ စုပေးထားသော အချက်ကို မလိုချင်ပါက ဘရောင်ဆာ တော်တော်များများတွင် ထိုသို့ cookies စနစ်ကို လက်ခံ (သို့) ငြင်းပယ်နိုင်သည့် ရိုးရှင်းသည့်နည်းလမ်း ပါဝင်သည်။ ထို cookies စနစ်ကို ဖြုတ်ချရန်အတွက် မိတ်ဆွေ၏ browser စနစ်တွင်ပါသော “အကူအညီ” သို့ “ပံ့ပိုးကူညီမှု”ဟူသောနေရာကိုသွားရောက်ပါ။ IRC ထိုသို့ cookies နည်းပညာကိုအသုံးပြုရခြင်းမှာ ဝက်ဘ်ဆိုဒ်သုံးစွဲသူမှ ကိုယ်ရေးအချက်အလက် မဟုတ်သည့် ဒေတာများကိုယူပြီး ထိုသူ၏ ဝက်ဘ်ဆိုဒ်သုံးစွဲမှုပိုမိုအဆင်ပြေစေရန်နှင့် လွယ်ကူချောမွေ့စေရန်ဖြစ်သည်။

ကိုယ်ရေး အချက်အလက်

အထွေထွေအချက်အလက်များ ကာကွယ်မှု စည်းမျဉ်းစည်းကမ်း The General Data Protection Regulation (‘GDPR’) သည် ဥရောပ၏ကိုယ်ရေးအချက်အလက်များကို စနစ်တကျ အသုံးချခြင်းနှင့်သက်ဆိုင်သော စည်းမျဉ်းဖြစ်ပါသည်။ GDPR စည်းမျဉ်းသည် မေလ ၂၅၊ ၂၀၁၈ခုနှစ်မှစတင်ပြီး အကျူံးဝင်ပါသည်။ ကျွန်ုပ်တို့သည် မိတ်ဆွေတို့၏ ကိုယ်ရေးအချက်အလက်များကို GDPR စည်းမျဉ်းနှင့်အညီ စနစ်တကျ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

အောက်ဖော်ပြပါ တောင်းဆိုချက်များနှင့်ပတ်သက်လာလျှင် ကျွန်ုပ်တို့သည် GDPR စည်းမျဉ်းနှင့်အညီ ကိုယ်ရေးအချက်အလက်များကို စနစ်တကျ ထိန်းသိမ်းသွားနိုင်အောင် အတတ်နိုင်ဆုံး အားထုတ်သွားမည်ဖြစ်သည်။

မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ဝင်ရောက်ခြင်း

ရယူထားသော ကိုယ်ရေးအချက်အလက်များကို ပြုပြင်ခြင်းများ

မိတ်ဆွှေ၏ကိုယ်ရေးအချက်အလက်များကို ဖယ်ရှားခြင်း

မိတ်ဆွေ၏ကိုယ်ရေးအချက်အလက်များကို လုံခြုံရေးတင်းကြပ်ခြင်း

ကိုယ်ရေးအချက်အလက်များကို အခြားအဖွဲ့အစည်းသို့ လက်လွှဲပေးခြင်း

IRC(သို့) တတိယပါတီ ၏အနေဖြင့် မိတ်ဆွေ၏ကိုယ်ရေးအချက်များကိုအသုံးပြုရန် သိမ်းဆည်းရာတွင် မိတ်ဆွေအနေနှင့် အခြေအနေတစ်ခုကြောင့် ငြင်းပယ်ခြင်း

ကျွန်ုပ်တို့သည် မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းထားပြီး ထိုအချက်များကို လုံခြုံရေးဆိုင်ရာမူဝါဒအတွက် အသုံးပြုသွားမည်ဖြစ်သည်။ IRC အဖွဲ့သည် မိတ်ဆွေ၏ ကိုယ်ရေးအချက် များကို စနစ်တကျထိန်းသိမ်းရန် အလွန်မှ အလေးထားပါသည်။ IRC အဖွဲ့သည် လူသားချင်းမစာနာ မထောက်ထားသော အလွန်တရာ ဆိုးရွားလွန်းသော အဖြစ်အပျက်များ အတွက် လှုပ်ရှားကာ ပဋိပက္ခများနှင့် သဘာဝဘေးရန်များကြောင့် ဒုက္ခရောက်ရသောသူများကို ပြန်လည် နေရာချထားပေးရေးနှင့် အနာဂတ်ထူထောင်ရေးအစီအစဉ်များဖြင့် ကူညီပေးနေပါသည်။ ထိုရည်ရွယ်ချက်များသည် မိတ်ဆွေ၏အခွင့်အရေးကို ပြသနာမဖြစ်စေပါ။ ကျွန်နုပ်တို့သည် မိတ်ဆွေ၏ ကိုယ်ရေးအချက်များကို ဥပဒေဘောင်နှင့်အညီ အသုံးချသွားမည်ဖြစ်ပါသည်။

ဤ websiteသည် အမေရိကန်ပြည်ထောင်စုတွင် စတင်ခဲ့ကာ အမေရိကန်နိုင်ငံ၏ ဥပဒေကို အမှူးထားခဲ့ပါသည်။ အသေးစိတ်ဖော်ပြရလျှင် New York ပြည်နယ်တွင် ကျင့်သုံးသော ဥပဒေသည် မည်သည့်နေရာဒေသ တွင်မဆို အကျုံးဝင်မည်ဖြစ်သည်။ မိတ်ဆွေကို လုံခြုံရေးမူဝါဒ(သို့) ဝက်ဘ်ဆိုဒ်ကို အသုံးပြုခြင်းနှင့်သက်ဆိုင်သော ပြသနာများ (သို့) အငြင်းပွားဖွယ်ရာကိစ္စများကို New York နှင့် New York ပြည်နယ်ရှိ မည်သည့်တရားစီရင်ရာရုံးတွင်မဆို တရားစီရင်ပိုင်ခွင့်ရှိသည်ဟု ခွင့်ပြုထားသည်ဖြစ်ကြောင်း အကြောင်းကြားချင်ပါသည်။

အကယ်၍ မိတ်ဆွေမှာ အမေရိကန်နိုင်ငံအပြင်ဘက်တွင်နေထိုင်ကာ မိမိ၏ကိုယ်ရေးအချက်များကို ကျွန်ုပ်တို့ကို လိုလားစွာပေးအပ်ခဲ့လျှင် ထိုကိုယ်ရေးအချက်ကို လုံခြုံရေးမူဝါဒနှင့်အညီ အမေရိကန်နိုင်ငံသို့ လွှဲပြောင်းခြင်း/ထားသိုခြင်းတို့ကို ခွင့်ပြုပြီးဖြစ်ပါသည်။ IRC အနေဖြင့် ထိုအချက်အလက်များကို အသုံးပြုပြီး မလိုလားအပ်သော နစ်နာဆုံးရှံး မှုများဖြစ်လာပါက မိမိတို့တာဝန်မဟုတ်ပါကြောင်း ကြိုတင်အသိပေး အပ်ပါသည်။ ထို့ကြောင့်မိတ်ဆွေအနေနှင့် ကိုယ်ပိုင်ဆန္ဒမပါပဲ IRC အားမည်သည့်ပုဂ္ဂိုလ်ရေး အချက်အလက်များကိုမျှ ပေးရန်မလိုအပ်သည်ကို သတိကြိုတင်ပေးချင်ပါသည်။

တတိယပါတီများသို့ ပေးသည့်လင့်ခ်များ

မိတ်ဆွေအနေဖြင့် ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် အကြောင်းအရာ များကို ရရှိနိုင်ရန် ကျွန်ုပ်တို့မှ မိတ်ဆွေကို အခြားဝက်ဘ်ဆိုဒ်များကို “နှိပ်ခြင်း” ဖြင့် ဝင်ရောက်ခွင့်ပေးပါမည်။ဤလုံခြုံရေးမူဝါဒသည် မိမိတို့ Rescue.org ဝက်ဘ်ဆိုဒ်တွင်သာ အကျူံးဝင်ပြီး အခြား တတိယပါတီဆိုဒ်များနှင့် မဆိုင်ပါ။ ထိုကြောင့် IRCသည် IRC တံဆိပ် ပါဝင်နေသော အခြားဝက်ဘ်ဆိုဒ်များ၏ လုံခြုံရေးစနစ်များနင့် ပတ်သက်ပြီး အာမ,မခံနိုင်ပါ။ ထို့ကြောင့် မိတ်ဆွေအနေနှင့် ထိုတတိယပါတီ ဝက်ဘ်ဆိုဒ်များ၏ မူဝါဒများကို ထိုဝက်ဘ်ဆိုဒ်များကို ဝင်ရောက်မသုံးမီ သေချာလေ့လာပါရန် အကြံပေးလိုပါသည်။

ကလေးငယ်များနှင့် သက်ဆိုင်သည့် မူဝါဒ

IRC အနေဖြင့် ကလေးငယ်များကို ကာကွယ်သည့်အနေနှင့် (၁၃) နှစ်အောက် အွန်လိုင်းသုံးသည့် ကလေးငယ်များကို မည်သည်ကိုယ်ရေး အချက်အလက်များကို မေးမြန်းမည်မဟုတ်ပါ။ ထို (၁၃) နှစ်အောက် ကလေးငယ်များသည် အုပ်ထိန်းသူတို့၏ခွင့်ပြုချက်ရမှသာ Rescue.orgကို အသုံးပြုသင့်ပြီး IRCကို သူတို့၏ ကိုယ်ရေးဆိုင်ရာအချက်များကို မပေးအပ်သင့်ပါ။

လုံခြုံရေးမူဝါဒအပြောင်းအလဲများ

IRC မှ လက်ရှိကျင့်သုံးနေသော လုံခြုံရေးဆိုင်ရာမူဝါဒများကို ကြိုတင်အသိပေးခြင်းမရှိပဲ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ထို့ကြောင့် မိတ်ဆွေအနေနှင့် ထိုသို့လုံခြုံရေးဆိုင်ရာပြောင်းလဲမှုများကို သိရှိနိုင်ရန် ပုံမှန်စစ်ဆေးသင့်ပါသည်။ နောက်ဆုံးအကြိမ် လုံခြုံရေးဆိုင်ရာမူဝါဒများကို ပြောင်းလဲခဲ့သည်မှာ လွန်ခဲ့သည့် မေလ ၂၈၊ ၂၀၁၈တွင် ဖြစ်ပါသည်။

မိတ်ဆွေအနေဖြင့် လုံခြုံရေးဆိုင်ရာမူဝါဒများနှင့် ပတ်သက်ပြီး မေးမြန်းလိုပါက အောက်ဖော်ပြပါလိပ်စာသို့ ဆက်သွယ်ပါ COResourceExchange@Rescue.org

IRC websiteကို အသုံးပြုခြင်းအားဖြင့် မိတ်ဆွေအနေနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒကို သဘောတူကြောင်းလက်မှတ်ထိုးရပါမည်။ ထို့အပြင် ကျွန်ုပ်တို့၏ လုံခြုံရေးမူဝါဒများ ပြောင်းလဲခဲ့လျှင်လည်း မိတ်ဆွေအနေဖြင့် Website ကို ဆက်လက်အသုံးပြုနေပါက ထိုပြောင်းလဲမှုများကို လက်ခံကြောင်း ယူဆမည်ဖြစ်သည်။

သို့သော်ငြားလည်း IRCမှ မိတ်ဆွေ၏ ဆန္ဒမပါဘဲ ကိုယ်ရေးအချက်အလက် များကို ထည့်သွင်းခိုင်းမည်မဟုတ်ပါ။ မိတ်ဆွေအနေနှင့် မိမိ၏ ကိုယ်ရေးအချက်အလက်များကို IRC မှ အသုံးပြုသည်ကို မကြိုက်ပါက ကိုယ်ရေးအချက်အလက်များမလိုသည့် အခြား Website ဝန်ဆောင်မှုများ(သို့) အခြားလုပ်ဆောင်ချက်များကို အသုံးပြုနိုင်ပါသည်။

ဤ ဝက်ဘ်ဆိုဒ် တွင်ပါသော အကြောင်းအရာများသည် အမေရိကန် ရွှေ့ပြောင်းဒုက္ခသည်နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရို၏ သဘောတူညီချက် ရထားပါသည်။ သို့သော် အဆိုပါ အကြောင်းအရာများသည် ထိုအဖွဲ့ကို ကိုယ်စားပြုမည် မဟုတ်သည့်အပြင် ဗဟိုအစိုးရ၏ ထောက်ခံချက် ရရှိထားသည်ဟု မထင်စေလိုပါ။