ပညာရေး

: အပ်ဒိတ်လုပ်ထားသည်9/19/2024
သန်စွမ်းမှု၊ ကျား/မ၊ အသက်၊ လူမျိုး၊ ဘာသာ၊ လိင်ပိုင်းဆိုင်ရာ နှစ်သက်မှု၊ လူမှုရေးသင်တန်းများနှင့် မပတ်သက်ဘဲ အမေရိကန်ပြည်ထောင်စုတွင် ကလေးတိုင်း ပညာသင်နိုင်သည်။

အစိုးရကျောင်းသည် အခမဲ့ဖြစ်သည်။ အစိုးရကျောင်း နှင့်ပတ်သက်၍ ဥပဒေနှင့် အခွန်များ ရှိသည်။ သတ်မှတ်ထားသော အသက်အရွယ် ရောက်ရှိလာသော ကလေးများအတွက် ကျောင်း မဖြစ်မနေတက်ရသည်။ ကျောင်း မဖြစ်မနေ တက်ရသည့် အသက်ကို ပြည်နယ်တစ်ခုစီအလိုက် ပြဌာန်းထားသည်။ မိဘများသည် ကလေးများ ကျောင်းပုံမှန်တက်အောင် ဂရုစိုက်ပေးခြင်းဖြင့် ပါဝင်ရသည်။

Image
Education
Image
Education

အရွယ်ရောက်ပြီးသူများ

လူတစ်ယောက်သည် အသစ်များကို သင်ယူရန် မကြီးလွန်း မငယ်လွန်းဟု အမေရိကန်များက ယုံကြည် ကြသည်။ အရွယ်ရောက်ပြီးသူများနှင့် ငယ်ရွယ်သော အရွယ်ရောက်ပြီးသူများအတွက် များစွာသော ပညာရေးဆိုင်ရာ အခွင့်အရေးများ ရှိသည်။ သို့သော် ရွှေ့ပြောင်းခိုလှုံသူများသည် အလုပ်တစ်ဖက်နှင့် ပညာသင်ရသည့် ကောင်းကျိုး ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားရမည်။ ပညာသင်ကြားခြင်းသည် အနာဂတ်တွင် ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ရရှိစေနိုင်သည်။ သို့သော် ရွှေ့ပြောင်းခိုလှုံသူများသည် မိမိကိုယ်တိုင်နှင့် မိသားစုကို ထောက်ပံ့ရန် အလုပ်လုပ်ဖို့ လိုသည်။ ရွှေ့ပြောင်းခိုလှုံသူများအတွက် အကောင်းဆုံး ရွေးချယ်မှုမှာ အချိန်ပြည့် အလုပ်လုပ်ပြီး အချိန်ပိုင်း ကျောင်းတက်ခြင်းဖြစ်သည်။

အဖွဲ့အစည်းတော်တော်များများက အရွယ်ရောက်ပြီး သူများအတွက် မတူညီသော ပညာရေး အခွင့်အလမ်းများ ပေးကြသည်။

  • အင်္ဂလိပ်ဘာသာနှင့် စာပေသင်တန်းများ
  • ကွန်ပျူတာနည်းပညာ၊ နိုင်ငံခြားဘာသာစကားများ နှင့် အတွင်းရေးမှူးဆိုင်ရာ အရည်အချင်းများ
  • အထက်တန်းဒီပလိုမာ မရှိသော အရွယ်ရောက်ပြီးသူများအတွက် General Education Development (GED) ဒီပလိုမာ
  • သက်မွေးဝမ်းကြောင်းနှင့် နည်းပညာကျောင်းများ
  • လူမှုကောလိပ်များ (များသောအားဖြင့် ၂ နှစ် ပရိုဂရမ်)
  • ကောလိပ် သို့ တက္ကသိုလ် (များသောအားဖြင့် ၄ နှစ် ပရိုဂရမ်)
  • နယ်ပယ်အမြောက်အမြားရှိ အဆင့်မြင့်ဘွဲ့ပေးသော ကျောင်းများ

ဤသင်တန်းများ၊ ကျောင်းများ၊ ကောလိပ်များသည် ကုန်ကျစရိတ်များသည်။ များစွာသော ကျောင်းများနှင့် ကောလိပ်များသည် ငွေကြေးလိုအပ်သော ကျောင်းသားများကို ထောက်ပံ့သည်။

ယဉ်ကျေးမှု ညှိခြင်း

အမေရိကန်ကျောင်းများသည် အခြားန်ိုင်ငံများတွင် သုံးသော သင်ကြားရေးနည်းလမ်းများနှင့် အပြိုင် ကောင်းမွန်သော စာသင်ခန်းပတ်ဝန်းကျင် ရှိသည်။ မူလတွေးတောခြင်းနှင့် တစ်ဦးချင်း အားစိုက်မှု အပေါ်တွင် မြင့်မားသော တန်ဖိုးဖြစ်လာသည်။ အုပ်စုလိုက်အလုပ်သည် အရေးပါသည်။ သို့သော် ကျောင်းသားများကို ကိုယ်ပိုင်အောင်မြင်မှုပေါ် မူတည်ပြီး အကဲဖြတ်သည်။

မိဘများသည် အင်္ဂလိပ်စာ မကျွမ်းကျင်လျှင်တောင် သားသမီးများကို ကူညီပြီး ပံ့ပိုးစရာ နည်းလမ်းများစွာ ရှိသည်။ ရွှေ့ပြောင်းခိုလှုံသူမိဘများ သားသမီးပညာရေးအတွက် ပါဝင်နိုင်သော နည်းလမ်းများမှာ

  • ကျောင်းမစခင် နွေရာသီတွင် ကျောင်းကို လှည့်ပတ်ပြသခြင်းရှိမရှိ စုံစမ်းပါ။
  • သင့်ကလေးကို ကျောင်းမှာ ဘာသင်ရလဲဟု ပြန်မေးပါ။
  • သင့်ကလေးကို အိမ်စာ စာအုပ် သို့ အိမ်စာ ဘာပါလဲဟု မေးပါ။
  • သင့်ကလေးကျောင်းတွင် ESL အတန်းရှိပါက တက်ခိုင်းပါ။
  • မိဘဆရာဆွေးနွေးပွဲများကို တက်ပါ။
  • ကျောင်းအားကစားအသင်း သို့ အနုပညာအသင်းစသော လှုပ်ရှားမှုများကို ကူညီပါ။
  • သင့်ကလေး၏ စာသင်ခန်းတွင် ကူညီပါ။
  • သင့်ကလေးကို ဘတ်စ်ကား သို့ ကျောင်းသို့ လိုက်ပို့ပါ။
  • သင့်ကလေးကို အိမ်စာအတူလုပ်ပေးပါ။
Image
Education

ကလေးနှင့် လူငယ်

အစိုးရကျောင်းသည် တစ်နိုင်ငံလုံး အခမဲ့ဖြစ်သည်။ ဥပဒေအရ  ဘာသာရေးသတ်မှတ်မှု မရှိပါ။ ပုဂ္ဂလိက ကျောင်းများသည် နေရာတော်တော်များများတွင် ရှိပြီး အချို့ကျောင်းများသည် ဘာသာရေးသတ်မှတ်မှု ရှိသည်။ ပုဂ္ဂလိကကျောင်းများသည် အလွန်ဈေးကြီးသော ကျူရှင်စရိတ်ရှိသည်။

အမေရိကန်တွင် ကလေးများအတွက် ပညာရေးအဆင့် ၄ ခု ရှိသည်။ အစိုးရကျောင်းများတွင် ယောက်ျားလေးနှင့် မိန်းကလေး တစ်ခန်းတည်း အတူတူတက်ရသည်။

မူကြိုကျောင်း။ ။အသက် ၃ နှစ်မှ ၅ နှစ်အထိ ကလေးများအတွက် ဖြစ်သည်။ ဥပဒေအရ မလိုအပ်ပေ။ ပုံမှန်အားဖြင့် အခမဲ့မဟုတ်ပေ။

မူလတန်းကျောင်း။ ။သူငယ်တန်း (အသက် ၅ နှစ်) မှ စပြီး ၅ တန်း သို့ ၆ တန်းထိ ရှိသည်။ (အသက် ၁၂ နှစ်)

အလယ်တန်း သို့ အထက်တန်းငယ်။ ။၆ တန်း သို့ ၇ တန်းမှ ၈ တန်း သို့ ၉ တန်းအထိ ပါဝင်သည်။ အသက် ၁၂ နှစ် မှ ၁၄ နှစ်အထိ ဖြစ်သည်။

အထက်တန်း။ ။၉ တန်း သို့ ၁၀ တန်းမှ ၁၂ တန်း (အသက် ၁၄ နှစ် မှ ၁၈ နှစ်အထိ) ပါဝင်သည်။ ဤအတန်း ပြီးမြောက်သော ကျောင်းသားများသည် အထက်တန်းဒီပလိုမာ ရရှိသည်။

အထက်တန်းဒီပလိုမာ ရရှိပြီး စာတော်သော ကျောင်းသားများသည် ကောလိပ် သို့ တက္ကသိုလ် ဆက်တက်ကြသည်။ သို့သော် ပိုမိုမြင့်မားသော ပညာရေးသည် အခမဲ့မဟုတ်ပါ။ ဒုတိယလိုက်သော သက်မွေးဝမ်းကြောင်းသင်တန်း တက်နိုင်ပြီး ကောလိပ်နှင့် တက္ကသိုလ်များထက် ဈေးသက်သာသည်။

Image
Screenshot of Settle In app
Image
App Icon

Settle In အက်ပ်ကို ဒေါင်းလုပ်လုပ်ပါ

ဗီဒီယိုတိုများ၊ တုန့်ပြန်သည့် သင်ခန်းစာများ၊ သင်ယူခြင်း တိုးတက်မှုကို ခြေရာခံသည့် တံဆိပ်များကို ရယူအသုံးပြုပါ။ Settle In သည် သင်၏ ရွှေ့ပြောင်းအခြေချနေထိုင်သည့် ခရီးစဉ်အတွင်း သင်၏ အဖော်မွန်ဖြစ်ပါသည်။

Was this article helpful?
0
0