ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများ

: အပ်ဒိတ်လုပ်ထားသည်9/19/2024
အမေရိကန်ပြည်ထောင်စုတွင် ပြည်သူအားလုံး၏ အခွင့်အရေးများကို ဥပဒေများဖြင့် ကာကွယ်ပေးထားသည်။ သင်သည် ဥပဒေများကို လေ့လာပြီး လိုက်နာရမည်။ ဥပဒေကို ချိုးဖောက်လျှင် ဖြစ်လာနိုင်သည်များကို သင် သိထားရမည်။ ဥပဒေကို ချိုးဖောက်ခြင်းကြောင့် ဒဏ်ငွေဆောင်ရခြင်း သို့မဟုတ် ထောင်ဒဏ် ချမှတ်ခံရနိုင်ခြင်းတို့ ဖြစ်နိုင်ပြီး သင်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခြေအနေ အပေါ် ရိုက်ခတ်နိုင်သည်။ သင်သည် ပြည်နှင်ဒဏ်ကိုပင် ခံရနိုင်သည်။

သိရှိသင့်သည့် အခြေခံ အခွင့်အရေးလေးခုမှာ-

  1. ၁။ သင့်ထံတွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့် ကဲ့သို့သော ပြည်သူများရပိုင်ခွင့် အခွင့်အရေးများ ရှိသည်။
  2. ၂။ သင့်ထံတွင် အလုပ်လုပ်ပိုင်ခွင့် ရှိသည်။ မည်သူကမျှ သင်၏ လူမျိုး၊ ဘာသာ၊ လိင်နှင့် မျိုးရိုးဇာတိကို အကြောင်းပြုပြီး သင့်အား အလုပ်ကို ငြင်းပယ်ခွင့် မရှိပါ။
  3. ၃။ အသက် ၁၈ နှစ်အောက် ကလေးများ အားလုံးတို့သည် လုံခြုံစွာ နေထိုင်ခွင့်နှင့် ဘေးအန္တရာယ်မှ အကာအကွယ် ရပိုင်ခွင့် ရှိသည်။
  4. ၄။ သင်သည် ပြစ်မှုကျူးလွန်ခံလျှင် သင့်တွင် တရားစွဲဆိုခွင့် ရှိသည်။ ပြစ်မှုကို တိုင်ကြားရန် ရဲတပ်ဖွဲ့သို့ ဆက်သွယ်ပါ။ အရေးပေါ်ကိစ္စမျိုး ဖြစ်လျှင် 911 ကို ဖုန်းခေါ်ပါ။
Image
A wooden gavel resting on its sound block, symbolizing authority and justice. The gavel is polished and placed on a wooden surface.
Image
An empty courtroom featuring wooden furnishings, a judge's bench, jury seats, and a witness stand. The room is well-lit with chandeliers hanging from the ceiling, and an American flag is visible behind the judge's bench.

လိုက်နာရမည့် အခြေခံ တာဝန်ဝတ္တရား လေးခုမှာ-

  1. ၁။ မိသားစုဝင်များ အပါအဝင် တစ်စုံတစ်ဦးကို ထိခိုက်စေခြင်း သို့မဟုတ် နာကျင်စေခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်။ ထိခိုက်စေမှုထဲတွင် နှောင့်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု နှင့် အိမ်တွင်း အကြမ်းဖက်မှုတို့ ပါဝင်သည်။
  2. ၂၊ လူတစ်ယောက်ကို ၎င်း၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး အဓမ္မ စေခိုင်းခြင်းသည် ဥပေဒမဲ့ လုပ်ရပ်ဖြစ်သည်။ မည်သူကမျှ သင့်အား အဓမ္မ လက်ထပ် ထိမ်းမြားစေခြင်း  သို့မဟုတ် လစာမပေးဘဲ အလုပ်ခိုင်းစေခြင်း ပြုလုပ်၍ မရပါ။
  3. ၃။ ကလေးများကို နှိပ်စက်ခြင်း သို့မဟုတ် အရွယ်ရောက်သူ၏ စောင့်ကြပ်မှုမရှိဘဲ ကလေးများကို ထားခြင်းတို့သည် ဥပေဒမဲ့ လုပ်ရပ်ဖြစ်သည်။
  4. ၄။ ဘိန်းဖြူ နှင့် ကိုကင်း ကဲ့သို့သော မူးယစ်ဆေးများကို ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ သို့မဟုတ် သုံးစွဲခြင်းသည် ဥပေဒမဲ့ လုပ်ရပ်ဖြစ်သည်။
Image
A view of the United States Supreme Court building, featuring its grand neoclassical architecture with tall columns and a detailed pediment. An American flag is flying in front of the building, and the scene is set against a clear blue sky.

သိရှိထားရမည့် နောက်အရေးကြီးသည့် ဥပဒေ နှစ်ခု-

  1. ၁။ အရက်ကို ဝယ်ရန် သို့မဟုတ် သောက်သုံးရန် သင်သည် အသက် ၂၁ နှစ် ရှိရပါမည်။
  2. ၂။ ကားမောင်းနှင်ရန် သင်သည် ယာဉ်မောင်း လိုင်စင် ရှိရပါမည်။

သင်သည် ပြည်နယ်နှင့် ဒေသန္တရ ဥပဒေများကိုလည်း လေ့လာထားရပါမည်။ ၎င်းတို့ထဲတွင် အများပြည်သူဆိုင်ရာ နေရာများ၊ အဆောက်အအုံများတွင် ဆေးလိပ်သောက်ခြင်း၊ လိုင်စင်မရှိဘဲ ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်းဆိုင်ရာ ဥပဒေများ ပါဝင်သည်။

သတိရနေရန်- အမေရိကန်ပြည်ထောင်စုတွင် ဥပဒေ အများအပြား ရှိပါသည်။ သင်က ဥပဒေကို ချိုးဖောက်ခဲ့လျှင် ဥပဒေကို သိမထားမှုကြောင့် ပြစ်ဒဏ်ပေးခံရခြင်းကို ရှောင်လွှဲ၍ မရပါ။

Image
Screenshot of Settle In app
Image
App Icon

Settle In အက်ပ်ကို ဒေါင်းလုပ်လုပ်ပါ

ဗီဒီယိုတိုများ၊ တုန့်ပြန်သည့် သင်ခန်းစာများ၊ သင်ယူခြင်း တိုးတက်မှုကို ခြေရာခံသည့် တံဆိပ်များကို ရယူအသုံးပြုပါ။ Settle In သည် သင်၏ ရွှေ့ပြောင်းအခြေချနေထိုင်သည့် ခရီးစဉ်အတွင်း သင်၏ အဖော်မွန်ဖြစ်ပါသည်။

Was this article helpful?
0
0