နေအိမ်လုံခြုံမှု

နေအိမ်လုံခြုံမှု အခြေခံ
အိမ်အသစ်သို့ ပြောင်းဝင်သည့်အချိန်တွင် ကပ်လျက် အိမ်နီးချင်းများနှင့် အနီးအနားတွင် နေထိုင်သူများကို အချိန်ယူပြီး တွေ့ဆုံပါ။ သင့်အသိုင်းအဝိုင်းနှင့် ကျွမ်းဝင်ပါက တစ်စုံတစ်ခု ပုံမမှန်ဖြစ်နေလျှင် သို့မဟုတ် သင်မသိသော လူစိမ်းများ တွေ့လျှင် ပို၍ သတိပြုမိ နိုင်သည်။
လူတိုင်း လုံခြုံစေရန်အတွက် အပြင်တံခါးများကို အမြဲတမ်းသော့ခတ်ပါ။ သူစိမ်းများကို သင့်အိမ်တွင်းသို့ အဝင်မခံပါနှင့်။ သင်အိမ်တွင် မရှိလျှင် ပြူတင်းပေါက်များကို ပိတ်ပြီး သော့ချထားပါ။ အိမ်မှ အချိန် အတန်ကြာ အဝေးရောက်နေမည်ဆိုပါက အချိန်ဖြင့် အလိုအလျောက် မီးဖွင့်-ပိတ်ရန် သို့မဟုတ် တီဗီဖွင့်-ပိတ်ရန် တိုင်မာစက်ဖြင့် စီစဉ်ထားသင့်သည်။ ၎င်းက သင်အိမ်တွင် ရှိနေသကဲ့သို့ ထင်ရနိုင်ပြီး သူစိမ်းများ သင့်အိမ်တွင်းသို့ ဝင်ရောက်ခြင်း မပြုရန် အတားအဆီး ဖြစ်စေနိုင်သည်။
နောက်ဆုံးအဖြစ် အိမ်တွင်းရှိ စက်ကိရိယာများနှင့် ရေချိုးခန်းတွင်းမှ ပစ္စည်းများအား ညွှန်ကြားထားသည့် အတိုင်း အသုံးပြု၍ ထိမ်းသိမ်းပါ။ ဥပမာ- ပျက်စီးနေသော လျှပ်စစ်ကြိုးကို မသုံးပါနှင့်။ မျက်နှာသစ်ကန်၊ ရေပန်း သို့မဟုတ် ရေချိုးကန်ကို အသုံးမပြုပါက ရေကို လုံးဝပိတ်ထားပါ။



မီးဘေး လုံခွုံမှု




သင်သည် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ မပြောတတ်ပါက ၉-၁-၁ စကားပြန်များက သင့်အား ကူညီနိုင်ပါသည်။ ၉၁၁ ကို ခေါ်သည့် အချိန်တွင် သင့်ဘာသာစကားသည့် မည်သည်ဖြစ်ကြောင်း အင်္ဂလိပ်လို ပြောတတ်ပါစေ။ ဥပမာ – ကျွန်ုပ် မြန်မာလို ပြောသည့်အကြောင်း “အိုင် စပိ ဘာမီးစ်”၊ “အိုင် စပိ ကရင်” ၊ “အိုင် စပိ ကချင်” ၊ “အိုင် စပိ မွန်”၊ “အိုင် စပိ ရိုဟင်ဂျာ”၊ “အိုင် စပိ ရှမ်း” စသဖြင့် မိမိလိုလားသော ဘာသာစကားအလိုက် ပြောတတ်ရန် သင်ယူလေ့ကျင့်ပါ။