ယူအကစ်ဥပဒေ-ထေမးြငေဆငထည်းတသင်းျားခ်ကှအခခင်းပအရျားမ်များ

: အပ်ဒိတ်လုပ်ထားသည်9/19/2024
၁၆၀၀ ပြည့်နှစ်များကတည်းကပင် တိုင်းပြည်အား ကိုလိုနီလက်အောက်ခံ အဖြစ် အုပ်ချုပ်ခဲ့သည့် ဂရိတ်ဗြိတိန်အား တော်လှန်ဆန့်ကျင်ခဲ့သော စစ်ပွဲကာလ ၁၇၇၆ တွင် အမေရီကန်ပြည်ထောင်စုအား ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်တွင် လက်အောက်ခံကိုလိုနီများသည် ပြည်နယ်များ ဖြစ်လာကြပြီး၊ ပြည်နယ်တစ်ခုစီမှ ကိုယ်စားလှယ်များသည် နိုင်ငံသစ်၏ ဥပဒေများအား ထုတ်ပြန်ထားသည့် အမေရီကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအား မူကြမ်းရေးဆွဲခဲ့ကြသည်။ သက်ရောက်မှုရှိစေရန်အတွက်ငှာ အတည်ပြုလက်မှတ်ရေးထိုးခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်နယ်တစ်ခုစီမှ လက်ခံကြောင်း ပြသရန် လိုအပ်ခဲ့သည်။
Image
A woman is holding a megaphone and speaking into it while standing under an umbrella in the rain. She appears to be at an outdoor event or protest, with blurred greenery in the background.

အမေရီကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်များ ဖော်ပြချက်

v၁၆၀၀ ပြည့်နှစ်များကတည်းကပင် တိုင်းပြည်အား ကိုလိုနီလက်အောက်ခံ အဖြစ် အုပ်ချုပ်ခဲ့သည့် ဂရိတ်ဗြိတိန်အား တော်လှန်ဆန့်ကျင်ခဲ့သော စစ်ပွဲကာလ ၁၇၇၆ တွင် အမေရီကန်ပြည်ထောင်စုအား ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်တွင် လက်အောက်ခံကိုလိုနီများသည် ပြည်နယ်များ ဖြစ်လာကြပြီး၊ ပြည်နယ်တစ်ခုစီမှ ကိုယ်စားလှယ်များသည် နိုင်ငံသစ်၏ ဥပဒေများအား ထုတ်ပြန်ထားသည့် အမေရီကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအား မူကြမ်းရေးဆွဲခဲ့ကြသည်။ သက်ရောက်မှုရှိစေရန်အတွက်ငှာ အတည်ပြုလက်မှတ်ရေးထိုးခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်နယ်တစ်ခုစီမှ လက်ခံကြောင်း ပြသရန် လိုအပ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အတွက် အတည်ပြုလက်မှတ် ရေးထိုးခြင်းသည် အချေအတင်ငြင်းခုံဆွေးနွေးကြသည့် ကိစ္စတစ်ရပ် ဖြစ်ခဲ့ပြီး၊ နောက်ဆုံး ၎င်းအား အောင်မြင်မှုရရှိစဉ် ပြည်နယ်တစ်ခုစီ၌ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ၎င်းတို့ ပြုလုပ်လိုသော အပြောင်းအလဲ စာရင်းရှည် တစ်သီတစ်သန်းကြီး ရှိခဲ့ကြသည်။ ၎င်းတို့ ဆောင်ရွက်လိုသော ဤအပြောင်းအလဲ အများစုသည် အစိုးရ၏ ဖြစ်နိုင်ခြေရှိသော နိုင်လိုမင်းထက်ပြုသည့် ဖိနှိပ်အုပ်ချုပ်မှုမှန်သမျှမှ အကာအကွယ်ပေးသည့် တစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးများနှင့် သက်ဆိုင်ပေသည်။ အကြံပြုခဲ့ကြသော အပြောင်းအလဲများ အားလုံးထဲတွင်မှ အချက် ဆယ်ချက်အား ဖွဲ့စည်းပုံအတွင်း ပြင်ဆင်ထည့်သွင်းချက်များအနေနှင့် ၁၇၉၁ တွင် ပေါင်းထည့်ခဲ့သည်။ ဤပြင်ဆင်ထည့်သွင်းချက် ဆယ်ချက်အား နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်များအဖြစ် သိရှိထားကြသည်။ နောက်ပိုင်းတွင် နောက်ထပ်သော ပြင်ဆင်ထည့်သွင်းချက်များအား ပေါင်းထည့်ခဲ့ကြသည်၊ ခက်ခဲနိုင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအား အနာဂါတ်တွင် ထပ်မံ ပြင်ဆင်မှုပြုနိုင်ပေသည်။

ပထမ ပြင်ဆင်ထည့်သွင်းချက်

ပထမ ပြင်ဆင်ထည့်သွင်းချက်အတွင်း ဖော်ပြထားသည်မှာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ဘာသာရေး ယုံကြည်ကိုးကွယ်မှု မည်သို့ပင်ဖြစ်စေ သူ သို့မဟုတ် သူမ၏ လွတ်လပ်စွာ ကိုးကွယ်ကျင့်ကြံမှုအား အစိုးရသည် တားမြစ်ပိုင်ခွင့်မရှိပေ။ ထို့ပြင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် နှင့် လွတ်လပ်စွာဖြင့် ငြိမ်းချမ်းစွာ စီတန်းစုဝေးခွင့်၊ လွတ်လပ်စွာဖြင့် အစိုးရထံ အသနားခံစာ တင်သွင်းခွင့် အစရှိသည်တို့အားလည်း အစိုးရမှ ကန့်သတ်ခြင်း မပြုရန် တားမြစ်ထားသည်။ ထို့ပြင် ပထမ ပြင်ဆင်ထည့်သွင်းချက်သည် အစိုးရအား “ဘာသာရေးတစ်ခုကို ဖွဲ့စည်းခြင်း” မပြုရန် တားမြစ်ထားပေသည်၊ ဆိုလိုသည်မှာ အစိုးရသည် မည်သည့် ဘာသာရေးကိုမှ အားပေးမြင့်တင်ခြင်း၊ ထောက်ခံခြင်း သို့မဟုတ် ဖိနှိပ်ခြင်း မပြုနိုင်ပေ။

Image
Three professionals are having a discussion in an office setting. A woman with long brown hair and a man with glasses and a beard, both holding tablets, are listening to a blonde woman who is speaking. An American flag stands in the background, along with bookshelves and framed photographs.
Image
Two women in colorful traditional attire are voting at polling stations. One woman is wearing a red headscarf and yellow dress with a floral pattern, while the other woman is wearing a light-colored headscarf and grey dress. They are standing at white voting booths with the word 'VOTE' and an American flag printed on them.

လွတ်လပ်ခွင့် ငါးရပ်

လွတ်လပ်စွာ ကိုးကွယ်ခွင့်  

အစိုးရမှ ကြားဝင်နှောက်ယှက်ခြင်းမရှိဘဲ တစ်ဦးတစ်ယောက်စီသည် မိမိတို့ ကိုယ်ပိုင် ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များနှင့်အညီ ကိုးကွယ်ခွင့် ရှိသည်။ ဤလွတ်လပ်ခွင့်သည် တစ်ဦးတစ်ယောက်အား ဘာသာမဲ့အဖြစ် ရပ်တည်နိုင်ခွင့်အပါအဝင် မည်သည့် ဘာသာရေးကိုမှ လက်ခံယုံကြည်ခြင်း မပြုလိုသော အခွင့်အရေးကိုလည်း ကာကွယ်ပေးသည်။

လွတ်လပ်စွာ ပြောဆိုခွင့်

တစ်စုံတစ်ဦး၏ ထင်မြင်ယူဆချက်သည် အစိုးရသို့ ဝေဖန်ချက်များဖြစ်သည့်တိုင် သူ သို့မဟုတ် သူမ၏ ထင်မြင်ယူဆချက်အား အများပြည်သူအကြား ဖွင့်ဟဖော်ထုတ်နိုင်သည့် အခွင့်အရေးကို ကာကွယ်ပေးသည်။ ဤတွင် ဆောင်ပုဒ်တစ်ခုပါဝင်သည့် တီရှပ်အင်္ကျီအား ဝတ်ဆင်ခြင်း သို့မဟုတ် သင့်နေအိမ်ရှေ့တွင် ဆိုင်းဘုတ်ထောင်ထားခြင်းတို့ ကဲ့သို့သော သင်္ကေတပြ ဖွင့်ဟဖော်ထုတ်မှုများလည်း ပါဝင်သည်။

လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်

ဂျာနယ်သတင်းထောက်များ နှင့် သတင်း အဖွဲ့အစည်းများအား အစိုးရ၏ ဆင်ဆာဖြတ်တောက်ခြင်းများမှ ကာကွယ်ပေးသည်။

လွတ်လပ်စွာဖြင့် ငြိမ်းချမ်းစွာ စီတန်းစုဝေးခွင့်

အများပြည်သူပိုင်နေရာများတွင် လူများ စုရုံး၍ ၎င်းတို့၏ ထင်မြင်ယူဆချက်များအား စုပေါင်း ဖော်ထုတ်ခြင်းကို ခွင့်ပြုထားခြင်း ဖြစ်ပြီး၊ ၎င်းလူစုလူဝေးများ ငြိမ်းချမ်းစွာ ထိုသို့ ဆောင်ရွက်နေသရွေ့ ခွင့်ပြုပေးသည်။

လွတ်လပ်စွာဖြင့် အစိုးရထံ အသနားခံစာတင်သွင်းခွင့်

တည်ဆဲ ဥပဒေများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများသို့ အပြောင်းအလဲများ ပြုလုပ်ခြင်းဖြင့် ဒေသခံ၊ ပြည်နယ် သို့မဟုတ် နိုင်ငံတော်အစိုးရအနေနှင့် နစ်နာချက် သို့မဟုတ် တရားမမျှတမှုတစ်ခုအား ဖြေရှင်းပေးရန် တစ်ဦးတစ်ယောက်စီ သို့မဟုတ် အုပ်စုများဖြင့် တရားဝင် တောင်းဆိုနိုင်ခွင့်ကို ခွင့်ပြုသည်။

Image
A display rack filled with various newspapers, including The New York Times, USA Today, and other international and local publications. The newspapers are arranged in an overlapping manner, showcasing different headlines and front-page stories.

ပထမ ပြင်ဆင်ထည့်သွင်းချက် ကန့်သတ်ချက်များ နှင့် ပြည်နယ် ဥပဒေများ

ပထမ ပြင်ဆင်ထည့်သွင်းချက်လက်အောက်တွင် ကာကွယ်ထားသည့် လွတ်လပ်ခွင့်များတွင် အရေးကြီးသည့် ခြွင်းချက်အခြေအနေများ အချို့ ရှိပေသည်။ ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်း၊ ချက်ချင်း အကြမ်းဖက်မှုများ ဖြစ်လာစေရန် သွေးထိုးလှုံ့ဆော်ခြင်း သို့မဟုတ် အစိုးရအား ဖြုတ်ချရန် အကြမ်းဖက်မှုများ အဆိုပြုခြင်း အစရှိသည်တို့သည် တရားမဝင်ပေ။ စုဝေးစီတန်းမှုအတွက် ခွင့်ပြုချက်များ နှင့် ကြီးမားသော စုဝေးမှုများအတွက် အချိန် နှင့် နေရာအပေါ် ကန့်သတ်ချက်များအား အစိုးရမှ ချမှတ်ပေးမည် ဖြစ်သည်၊ သို့မှသာ ယာဉ်လမ်းကြောင်းများအား စီမံခန့်ခွဲနိုင်ပြီး၊ အများပြည်သူများ ပရမ်းပတာဖြစ်ခြင်းအား ကာကွယ်တားဆီးနိုင်မည် ဖြစ်သည်။ ညစ်ညမ်းမှု နှင့် ညစ်ညမ်းရုပ်ရှင်များနှင့်ပတ်သက်သည့် ကန့်သတ်ချက်များ အချို့လည်း ရှိပေသည်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်သည် ဥပဒေအရ တားဆီးထားသော အလေ့အကျင့်များကို အကာအကွယ်ပေးသည်ဟု ဆိုလိုခြင်း မဟုတ်ပေ၊ ဆိုလိုသည်မှာ အမျိုးသမီး အင်္ဂါအား ဖြတ်တောက်ခြင်းကဲ့သို့သော အရာများဖြစ်ပြီး၊ ၎င်းသည် အမေရီကန်ပြည်ထောင်စုတွင် တရားမဝင်ပေ။

ပထမ ပြင်ဆင်ထည့်သွင်းချက်မှ အခွင့်ရေးများအား အနက်ဖွင့်ဆိုမှုသည် တစ်ခါတစ်ရံတွင် တရားရုံး ဥပဒေဖြင့် ဖြေရှင်းရမည်ဖြစ်သည့် အငြင်းပွားမှုများသို့ ဦးတည်သွားနိုင်ပေသည်။ လွတ်လပ်စွာ ဖွင့်ဟထုတ်ဖော်ခွင့် နှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်တို့နှင့်ပတ်သက်သည့် ဥပဒေများသည် ပြည်နယ်တစ်ခုနှင့်တစ်ခု အတိုင်းအတာတစ်ခုအထိ ကွဲပြားခြားနားပေသည်၊ သို့သော် ၎င်းတို့အားလုံးသည် ပထမ ပြင်ဆင်ထည့်သွင်းချက်နှင့်အညီ လိုက်နာမှုရှိရန် လိုအပ်သည်။ အမေရီကန်ပြည်ထောင်စု၏ နိုင်ငံတော် တရားရုံးချုပ်အနေနှင့် ပြည်နယ် ဥပဒေ တစ်ခုစီသည် ပထမ ပြင်ဆင်ထည့်သွင်းချက်အား ချိုးဖောက်ခြင်း ရှိ၊မရှိ ဆုံးဖြတ်နိုင်ပြီး၊ အကယ်၍ ချိုးဖောက်နေပါလျှင် ပြည်နယ်အနေနှင့် ဥပဒေအား ပြောင်းလဲရန် လိုအပ်ပေသည်။ သင် နေထိုင်သော ပြည်နယ်၏ ဥပဒေများအား သိရှိ၊ နားလည်သဘောပေါက်ထားရန် လိုအပ်ပေသည်၊ သို့မှသာ ၎င်းတို့သည် သင့်အား မည်သို့ ကာကွယ်ပေးနိုင်ကြောင်း သင် သိရှိနိုင်ပြီး၊ သို့မှသာ သင် ၎င်းတို့အား သင် လိုက်နာနိုင်ပေသည်။

Image
A large group of journalists and cameramen with video cameras and microphones gathered at an outdoor event. The scene is crowded, with cameras pointed in various directions, indicating a media frenzy.
Image
A crowd of people holding signs at a protest or rally. The foreground sign is yellow and reads 'RESPECT.' In the background, several American flags are visible.
Was this article helpful?
0
0