Language:

အမေရိကန်ပြည်ထောင်စုရှိရဲများနှင့် အပြန်အလှန်ဆက်ဆံရမည့်ပုံစံ

အမေရိကန်ပြည်ထောင်စုရှိရဲများ၏အခန်းကဏ္ဍသ

ည် အများပြည်သူနှင့်ဆိုင်သောအမိန့်နှင့် အများပြည်သူဘေး

ကင်းရေးကို ထိန်းသိမ်းပေးရန်၊ တရားဥပဒေစိုးမိုးအောင်လုပ်ပေးရန်၊

နှင့် နိုင်ငံတစ်ဝှမ်းရှိလူမှုအသိုင်းအဝန်းးများမှ လူတစ်ဦးချင်းစီ၏ ပြည်သူ့ရပိုင်ခွ

င့်များကို ကာကွယ်ပေးရန်ဖြစ်ပါသည်။

ဤစာမျက်နှာရှိ သတင်းအချက်အလက်များကို လေ့လာရန် ပုံစံတစ်ခုကို ရွေးချယ်ပါ။ သင်သည်  ဗွီဒီယို ကြည့်ရှုခြင်း၊ အချက်အလက်စာရွက်တစ်ခုကို ဒေါင်းလုပ် ဆွဲနိုင်ခြင်း Podcast ကို နားထောင်ခြင်းတို့ ကို ပြုလုပ်နိုင်သည်။ ရွေးချယ်မှုတိုင်း  အတွက် သတင်း အချက်အလက်မှာ အတူတူ ဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုရှိရဲများ၏အခန်းကဏ္ဍသ

ည် အများပြည်သူနှင့်ဆိုင်သောအမိန့်နှင့် အများပြည်သူဘေး

ကင်းရေးကို ထိန်းသိမ်းပေးရန်၊ တရားဥပဒေစိုးမိုးအောင်လုပ်ပေးရန်၊

နှင့် နိုင်ငံတစ်ဝှမ်းရှိလူမှုအသိုင်းအဝန်းးများမှ လူတစ်ဦးချင်းစီ၏ ပြည်သူ့ရပိုင်ခွ

င့်များကို ကာကွယ်ပေးရန်ဖြစ်ပါသည်။

သင့်တွင် အရေးပေါ်ကိစ္စရှိပါက၊ သင်သည် အကူအညီတောင်းခံရန်အတွက် 9-1-1

သို့ဖုန်းခေါ်ဆိုရန် လိုအပ်နိုင်ပါသည်။

မီးသတ်သမားများနှင့် ဆေးရုံကားများကဲ့သို့ပင်

၊ သင့်ကိုကူညီပေးရရဲများရောက်လာပါလိမ့်မည်။

 

ယာဉ်စည်းကမ်းချိုးဖောက်သော ယာဉ်မောင်းများကို ရဲများက တားဆီးရပ်တန့်သည့်အခါကဲ့သို့ သင့်အသိုင်းအဝန်းရှိ အမျိုးမျိုးသော အခြေအနေဖြစ်ရပ်များတွင်လည်း သင်သည် ရဲများနှင့်ကြုံတွေ့နိုင်သည်။

သင်သည်လူမြင်ကွင်းတွင်ရဲများနှင့်ရင်ဆိုင်ကြုံတွေ့ရပါက၊ ၎င်းတို့က သင်ကားမောင်းနေစဉ် ရပ်ခိုင်းပါက၊ သို့မဟုတ် နေရာတစ်ခုခုတွင်၎င်းတို့နှင့်တွေ့ဆုံမိပါက၊ အောက်ဖော်ပြပါတို့သည်၎င်းတို့နှင့်အပြန်အလှန်ဆက်ဆံရန် သင့်လျော်သောနည်းလမ်းများနှင့်ပတ်သက်သည့် အကြံဉာဏ်အချို့ဖြစ်ပါသည်-

  1. စိတ်အေးအေးထားကာ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ပါ။
  2. လေးစားမှုရှိပါ။ ငြင်းခုံခြင်းမပြုပါနှင့်။
  3. သင်၏လက်များကို အိတ်ကပ်အပြင်သို့ထုတ်ထားပြီး မြင်သာအောင်ထားထားပါ။
  4. ရုတ်တရက် ကိစ္စတစ်ခုခုကြောင့် ပြေးခြင်း သို့မဟုတ် ထွက်သွားခြင်းမျိုး မပြုလုပ်ပါနှင့်။
  5. တစ်နေရာတည်းတွင် ငြိမ်ငြိမ်နေပါ။
  6. သင်သည် ယာဉ်ထဲတွင်ဖြစ်ပါက၊ ယာဉ်ထဲတွင်ပင်နေကာ ထိုင်ခုံခါးပတ်ပတ်ထားပါ။
  7. ရဲအရာရှိကို ထိကိုင်ခြင်းမပြုပါနှင့် သို့မဟုတ် ၎င်းနှင့် အလွန်နီးကပ်စွာရပ်နေခြင်းမပြုပါနှင့်။
  8. သင်၏ I.D. ကို ယူလာပြီး၊ လိုအပ်မည်ဆိုပါက

သင့်ကိုကူညီနိုင်မည့်တစ်စုံတစ်ဦး၏ဖုန်းနံပါ

တ်ကို ယူထားပါ။

  1. သွား၍ ရ မရမေးမြန်းကာ၊ ရပြီဆိုပါ

က၊ စိတ်အေးအေးနှင့် ထွက်ခွာပါ။

US Law First Amendment Rights How to interact with police in the United States
US Law First Amendment Rights

မှတ်ထားပေးပါ- သင်နားမလည်ကြောင်းပြောနိုင်ပါသည်။ သ

င့်တွင် စကားပြ

န်ရယူရန် တရားဝင်ရပိုင်ခွင့်ရှိပါသည်။

သင်သည် ဥပဒေကိုချိုးဖောက်သည်ဟုစွပ်စွဲခံရကာ ဖမ်းဆီးခံရပါက၊ သင့်တွင် နှုတ်ဆိတ်နေပိုင်ခွင့်ရှိကာ မေးမြန်းစစ်ဆေးခြင်းမခံရမီရှေ့နေနှင့်စကားပြောပိုင်ခွင့်ရှိပါသည်။

သင်သည် ရှေ့နေမငှားနိုင်ပါက၊ တရားရုံးက သင့်အတွက်ရှေ့နေတစ်ဦးကို ပေးပါလိမ့်မည်။

ဤသည်မှာ ရဲများနှင့်အပြန်အလှန်ဆက်ဆံရာတွင် သင့်ကိုကူညီပေးနိုင်သည့် သင် သယ်ဆောင်သွားနိုင်သောကဒ်ဖြစ်ပါသည်။

 

ဤကဒ်ကိုမယူမီတွင် အရင်ဆုံးမေးမြန်းကာ ခွင့်ပြုချက်ကိုရယူပါ

ခိုလှုံသူ-ရဲ အပြန်အလှန်ဆက်ဆံခြင်းကဒ်

ကျွန်ုပ်သည် ပြန်လည်အခြေချနေထိုင်သော ခိုလှုံသူတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စုတွင် တရားဝင်နေထိုင်ခြင်းဖြစ်ပါသည်။

ကျွန်ုပ်ပြောဆိုသောဘာသာစကားမှာ ______ ဖြစ်ပါသည်။ ကျွန်ုပ်အတွက် စကားပြန်လိုအပ်ပါသည်။

_______ ထံ ဖုန်းခေါ်ဆိုပေးပါ။

ဆေးကုသမှုဆိုင်ရာအခြေအနေများ-

 

 

ရဲများနှင့်အပြန်အလှန်ဆက်ဆံခြင်းနှင့်ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက၊ အကူအညီရယူရန်အတွက် သင်၏ ပြန်လည်အခြေချနေထိုင်မှုဆိုင်ရာရုံးမှ ဝန်ထမ်းကို မေးမြန်းပါ။

US Law First Amendment Rights

Ready to test your knowledge?

Education Settle in app

Download the Settle In App

Get unlimited access to hundreds of lessons designed for all learners

Apple Store icon
Get it on Google Play store
Settle In App

Test your Knowledge

With short videos and interactive lessons, you can learn about a wide range of pre- and post-arrival resettlement topics like traveling to the U.S., housing, and looking for a job.