Language:

ဒုက္ခသည်များပြန်လည်နေရာချထားရေး တွင် အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူများ၏ အခန်းကဏ္ဍ

အမေရိကန်ပြည်ထောင်စု ဒုက္ခသည် လက်ခံရေး အစီအစဉ် (USRAP) မှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသို့ လာရောက်သည့်  ဒုက္ခသည် များသည် သူတို့၏ကိစ္စရပ်များ အတွက်ကူညီ ပံ့ပိုးပေးသော ပြန်လည်နေရာချထားရေး အထောက်အကူပြု စင်တာ (RSC) နှင့် အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူကို  ရွေးချယ်သတ်မှတ်ရန် အခွင့်အရေးရှိသည်။

တရားဝင်မိသားစုဝင်မှလျှောက်ထားသော ဆွေမျိုးတော်စပ်မှုဆိုင်ရာ၊ I-730 လျှောက်ထား ခြင်း သို့မဟုတ် အတည်ပြုထားသော အချို့    I-130 လျှောက်ထားခြင်း ကိစ္စရပ်များနှင့်မတူဘဲ၊ ဒုက္ခသည်များသည် ၄င်းတို့သွားရောက်နေထိုင် လိုသည့်အမေရိကန်ပြည်ထောင်စုရှိဆက်နွယ်သူ တစ်ဦးဦး၏ အနီးတွင် အခြေချရန် မည်သို့သော ဆက်နွယ် တော်စပ်မှု ဖြစ်စေကာမှု ရွေးချယ် သတ်မှတ် ခွင့်ရှိသည်။ ဒုက္ခသည်များ အနေဖြင့် နိုင်ငံရပ်ခြား ကိစ္စများ ဆောင်ရွက်စဉ် ကာလ အတွင်း  အမေရိကန် ပြည်ထောင်စု နှင့် ဆက်နွယ်သူကိုရွေးချယ်သတ်မှတ်ရန်မလိုအပ်ပါ သို့ရာတွင် တစ်စုံတစ်ဦးကို  ရွေးချယ်သတ်မှတ် ခဲ့ပါက ဒုက္ခသည်များ နှင့်  အမေရိကန် ပြည်ထောင်စုဆက်နွယ်သူ နှစ်ဦး စလုံးသည် ဒုက္ခသည်များပြန်လည်နေရာချထားရေး ဆိုင်ရာ အမေရိကန် ပြည်ထောင်စု ဆက်နွယ်သူများ၏ အခန်းကဏ္ဍကို နားလည်ရန် အရေးကြီးသည်။

The Role of U.S. Ties in Refugee Resettlement

ဤစာမျက်နှာရှိ သတင်းအချက်အလက်များကို လေ့လာရန် ပုံစံတစ်ခုကို ရွေးချယ်ပါ။ သင်သည်  ဗွီဒီယို ကြည့်ရှုခြင်း၊ အချက်အလက်စာရွက်တစ်ခုကို ဒေါင်းလုပ် ဆွဲနိုင်ခြင်း Podcast ကို နားထောင်ခြင်းတို့ ကို ပြုလုပ်နိုင်သည်။ ရွေးချယ်မှုတိုင်း  အတွက် သတင်း အချက်အလက်မှာ အတူတူ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူများဆိုတာ ဘာလဲ။

အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်အခြေချ နေထိုင်သောဒုက္ခသည်များသည်သူတို့ရောက်ရှိ ချိန်တွင် ပြန်လည်ဆုံစည်းရန်ဆန္ဒ ရှိသော  အမေရိကန်ပြည်ထောင်စုတွင် နေထိုင် နေသည့် သူငယ်ချင်းများနှင့်ဆွေမျိုး များကို ရွေးချယ် သတ်မှတ်နိုင်သည်။ ရွေးချယ်သတ်မှတ်ပြီးသည် နှင့်တပြိုင်နက် ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီမှ ဒုက္ခသည်များကို ၎င်းတို့၏ အနီး အနားတွင် ပြန်လည်နေရာချထားစေလိုခြင်း ရှိမရှိကို ထိုသူ များထံဆက်သွယ်သည်။ သူတို့ သဘောတူလျှင် ထိုတစ်ဦး ချင်းကို အမေရိကန် ပြည်ထောင်စုဆက်နွယ်သူများဟုသတ်မှတ်ည်။ ပြန်လည်အခြေချနေထိုင်ရေးအေဂျင်စီ သည် ဒုက္ခသည်များ၏ ဆေးဘက်ဆိုင်ရာ အချက်အလက်ကဲ့သို့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အမေရိကန် ပြည်ထောင်စု ဆက်နွယ်သူများနှင့် မျှဝေမည် မဟုတ်ပါ။ သို့သော် အမေရိကန် ပြည်ထောင်စု သို့ ဒုက္ခသည်များ ရောက်ရှိမှုအတွက် ၄င်းတို့ ကြိုတင် ပြင်ဆင်ရန် အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူ  များနှင့် ပူးပေါင်းလုပ်ဆောင်မည်။

အမေရိကန်ပြည်ထောင်စု  ဆက်နွယ်သူ များ သည် အသစ်ရောက်ရှိလာသော ဒုက္ခသည် သူငယ်ချင်းများ သို့မဟုတ် ဆွေမျိုးများအတွက် ငွေကြေးရောဥပဒေအရပါတာဝန်မရှိပါ။ သို့သော် ၎င်းတို့သည် ပြန်လည်အခြေချ နေထိုင်ရေး အေဂျင်စီနှင့် ပူးပေါင်း၍ သူတို့၏ သူငယ်ချင်း များနှင့်ဆွေမျိုးများ၏ ပြန်လည်နေရာချထားရေး  အတွေ့အကြုံကို ကူညီခြင်းဖြင့် ဒုက္ခသည် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် အထောက်အကူပြုသောအခန်းကဏ္ဍမှ ပါဝင် နိုင် သည်။ ဒုက္ခသည်များအတွက် ရည်မှန်းချက်မှာ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီ၏ အကူအညီနှင့်အတူ အမေရိကန် ပြည်ထောင်စု သို့ သူတို့ရောက်ရှိပြီးနောက် အမြန်ဆုံးအလုပ် အကိုင်မှ တဆင့် စီးပွားရေးကို မိမိကိုယ်တိုင် ရပ်တည်ဖူလုံနိုင်ရေး ဖြစ်သည်ကို သတိရရန် အရေးကြီးသည်။

The role of U.S. Ties in Refugee Resettlement
The role of U.S. Ties in Refugee Resettlement

ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီ ဆိုတာ ဘာလဲ။

ပြန်လည်နေရာချထားရေးအေဂျင်စီသည် အကျိုး အမြတ်မယူသောအဖွဲ့အစည်းဖြစ်ပြီး (USRAP) မှတဆင့် အမေရိကန်သို့လာရောက်သော ဒုက္ခသည်များကို ကူညီရန် အစိုးရနှင့်ပုဂ္ဂလိက မိတ်ဖက်အဖြစ် အမေရိကန်ပြည်ထောင်စုအစိုးရ နှင့် ပူးပေါင်းဆောင်ရွက်သည်။ လက်ခံရေးနှင့် နေရာချထားရေး (R&P)အစီအစဉ် မှ ဒုက္ခသည် များရရှိသည့် လိုအပ်သော အဓိက ၀န်ဆောင်မှု များအတွက် အမေရိကန် ပြည်ထောင်စု အစိုးရ သည်လမ်းညွှန် ချက်များကို ချမှတ်ပြီး ရန်ပုံငွေ တစိတ်တပိုင်းကို ထောက်ပံ့ ပေးသည်။

ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီများ သည်ဤ၀န်ဆောင်မှုများလုပ်ဆောင်ပေးရန်နှင့်  ဒုက္ခသည်များနှင့် ၎င်းတို့၏မိသားစုများကို အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိသည့် ပထမလများအတွင်း အရေးပါသော အထောက် အပံ့ များပေးရန် တာဝန်ရှိသည်။ ပြန်လည်အခြေချနေထိုင်ရေးအေဂျင်စီ အကြောင်း ပိုမိုလေ့လာရန် CORE ပြန်လည် နေရာချထားရေး လမ်းညွှန်ဝက်ဘ်ဆိုက် www.corenav.org တွင်ဝင်ရောက်ကြည့်ရှုပါ။

The Role of U.S. Ties in Refugee Resettlement

အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူ များသည် ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီနှင့် မည်သို့ ပူးပေါင်းရမည်လဲ။

ပြန်လည်အခြေချနေထိုင်ရေးအေဂျင်စီသည် R&P အစီအစဉ်နှင့် လိုအပ်သော အဓိက ၀န်ဆောင်မှုများကို ရှင်းပြရန်အတွက် သူတို့၏ သူငယ်ချင်းများ သို့မဟုတ် မိတ်ဆွေများ ရောက်လာခါနီးတွင် ဒုတိယအကြိမ်ဆက်သွယ် မည်ဖြစ်သည်။ ဤ ဒုတိယအဆက်အသွယ်သည် ပထမအဆက်အသွယ်ပြီးနောက် လများ သို့မဟုတ် နှစ်ချီကြာမြင့်နိုင်ပြီး၊ အမေရိကန် ပြည်ထောင်စု ဆက်နွယ်သူများ၏ လိပ်စာ ပြောင်းလဲခြင်းအပါအဝင် ဆက်သွယ်ရန် အချက် အလက်များပြောင်းလဲခြင်း ရှိပါက ပြန်လည် အခြေချနေထိုင်ရေး အေဂျင်စီသို့ ဆက်သွယ်ရ ပါမည်။

ပြန်လည်အခြေချနေထိုင်ရေးအေဂျင်စီသည်  ဒုက္ခသည်များ ရောက်လာခါနီး အမေရိကန် ဆက်နွယ်သူများကို ဆက်သွယ်လျှင် ၎င်းတို့ သည် ပြန်လည်နေရာချထားရေး ၀န်ဆောင်မှု များနှင့် ထောက်ပံ့ရေးများဖြစ်သည့်လေဆိပ်တွင်  ၎င်းတို့ သူငယ်ချင်း ဆွေမျိုးများကို ကြိုဆိုရာတွင် ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီနှင့်အတူ လိုက်ပါပေးခြင်း၊ ချိန်းဆိုမှုများအတွက် နေစရာ သို့မဟုတ် ပို့ဆောင်ရေး စီစဉ်ပေးခြင်း သို့မဟုတ် ၎င်းတို့ ပတ်ဝန်းကျင်အသစ်တွင် ကူညီလမ်းညွှန် ပြသ ပေးခြင်းများကို ပါဝင်လုပ်ဆောင်လိုခြင်း ရှိမရှိ မေးမြန်းလိမ့်မည်။ ပြန်လည်အခြေချ နေထိုင်ရေး အေဂျင်စီသည် ထိုဝန်ဆောင်မှု များကို ပေးအပ်ရန်နှင့် ဒုက္ခသည်များအတွက် R&P ရန်ပုံငွေအသုံးပြုမှုကိုဆုံးဖြတ်ရန်အတွက် အဆုံးမဲ့တာဝန်ရှိသည်။

အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူများမှ ပေးသောမည်သည့်အကူအညီမဆို မိမိဆန္ဒ အလျောက်သာဖြစ်သည်။ အချို့ပြန်လည် အခြေချနေထိုင်ရေး အေဂျင်စီ များတွင် “အမေရိကန်ပြည်ထောင်စု ဆက်နွယ် သူများ သဘောတူညီချက်” ဟူ၍ရှိပြီး  အမေရိကန် ပြည်ထောင်စုသို့ ရောက်လာသော ၎င်းတို့၏ သူငယ်ချင်း ဆွေမျိုးများကို ထောက်ပံ့ နိုင်မှု များ ကို ဖော်ပြထားသည့် ပုံစံဖြစ်သည်။ ၎င်းပုံစံသည် တရားဝင်စာရွက်စာတမ်းမဟုတ် သော်လည်း အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူများနှင့် အေဂျင်စီဝန်ထမ်းများကို ကူညီနိုင်သည့်  ကိရိယာ တစ်ခုဖြစ်သည်။

အမေရိကန် ပြည်ထောင်စု ဆက်နွယ်သူများနှင့် ဒုက္ခသည်များအတွက် အကျိုးအမြတ်များနှင့် စဉ်းစားပေးမှုများ

ဒုက္ခသည်များသည် ၎င်းတို့၏ အမေရိ ကန် ပြည်ထောင်စု ဆက်နွယ်သူများမှ နည်းလမ်း များစွာဖြင့် ပေးသော ထပ်ဆောင်းအထောက် အပံ့များမှ အကျိုးရရှိနိုင်သည်။ အမေရိကန် ပြည်ထောင်စု ဆက်နွယ်သူများသည်  အသစ် ဖြစ်ပြီး အကျွမ်းတဝင်မရှိသော စနစ်များ နှင့် ယဉ်ကျေးမှုဆိုင်ရာကွဲပြားခြားနားမှုများကို  ၎င်းတို့၏ အသစ်ရောက်ရှိလာသော ဒုက္ခသည် သူငယ်ချင်းများ သို့မဟုတ် ဆွေမျိုးများနှင့်ကို အမေရိကန်ပြည်ထောင်စုရှိ နေထိုင်မှုဘဝနှင့် ပတ်သက်၍ သူတို့၏ကိုယ်ပိုင်အတွေ့ အကြုံ များကိုမျှဝေရန် အရေးပါသောနေရာတွင်ရှိသည်။ အမေရိကန်ပြည်ထောင်စုရှိ ဒုက္ခသည်တစ်ဦး ချင်းစီ၏ အတွေ့အကြုံသည်ကွဲပြားပြီး  အသက်၊ ပြန်လည်နေရာချထားရေး တည်နေရာသာမက အလုပ်နှင့် ဘာသာစကားကျွမ်းကျင်မှုစသည့် အချက်များက လွှမ်းမိုးနိုင်သည်ကို အသိအမှတ် ပြုရန်လည်းအရေးကြီးသည်။

ဘာသာစကားနှင့် စကားပြန်ဆိုခြင်း

အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူများသည် အင်္ဂလိပ် နှင့် ဒုက္ခသည်များ၏ ဘာသာစကား နှစ်မျိုးစလုံးကို ပြောဆိုနိုင်သော်လည်း ပြန်လည် အခြေချနေထိုင်ရေးအေဂျင်စီ ၀န်ထမ်းများ အနေဖြင့် ဒုက္ခသည်များနှင့်ဆက်ဆံသောအခါ စကားပြန်အဖြစ် ၎င်းတို့ကိုအသုံးမပြုနိုင်ပါ။ ဖက်ဒရယ်အစိုးရပြဌာန်းချက်အရ ပြန်လည် အခြေချနေထိုင်ရေး အေဂျင်စီသည်ဒုက္ခသည်၏ ဘာသာစကားကို ၎င်းတို့ ဝန်ထမ်းမည်သူမျှ မပြောနိုင်ပါက အလွတ်တန်း စကားပြန်တစ်ဦး ကိုဆက်သွယ်ပေးရန်လိုအပ်သည်။ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီမှ လိုအပ်သောအဓိက ၀န်ဆောင်မှုကို ပေးအပ်ခြင်း မရှိသော အခြေအနေအချို့တွင် အမေရိကန် ပြည်ထောင်စု ဆက်နွယ်သူများ အနေဖြင့် ၎င်းတို့၏ အသစ်ရောက်ရှိလာသော သူငယ်ချင်း သို့မဟုတ် မိသားစုဝင်များအတွက် စကားပြန် ပေးနိုင်သည်။  အေဂျင်စီအနေဖြင့် စကားပြန်ဆို ခြင်းနှင့် ပတ်သက်၍ လိုအပ်သလို လမ်းညွှန်မှု ပေးနိုင်သည်။ အမေရိကန် ပြည်ထောင်စု ဆက်နွယ်သူများကို အင်္ဂလိပ်စာလေ့လာရန်နှင့် ၎င်းတို့အသိုင်းအဝိုင်းအတွင်း အင်္ဂလိပ်စာ လေ့လာရေးတွင် ပါဝင်ရန်အရေးကြီးပုံကို အလေးထားရန်တိုက်တွန်းသည်။

သင်သိပါသလား။

အမေရိကန် ပြည်ထောင်စုသို့ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးနှင့်ပတ်သက်၍ အောက်ဖော်ပြပါအချက်များသည် အမေရိကန် ပြည်ထောင်စု ဆက်နွယ်သူများရှိသော ဒုက္ခသည်များအတွက်  သင့်လျော်မှု အရှိဆုံး အချက်အလက်များဖြစ် သည်။  USRAP နှင့် အမေရိကန်ပြည်ထောင်စုရှိ ဘဝအကြောင်း ပိုမိုလေ့လာလိုပါက corenav.org ရှိ CORE ပြန်လည်နေရာချထားရေးလမ်းညွှန်ဝက်ဘ်ဆိုက် သို့ဝင်ရောက်ကြည့်ရှုပါ။ ဤ ၀က်ဘ်ဆိုက် သည် ဒုက္ခသည်များနှင့် ၎င်းတို့ကို အမေရိကန် ပြည်ထောင်စုသို့ ပြန်လည်နေရာချထားရေးတွင် ကူညီပေးသူများအတွက်  ရှင်းလင်းသော၊ တိကျ မှန်ကန်သော နောက်ဆုံးရ သတင်းအချက် အလက်များကို ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူများ ရှိရန် USRAP ၏ လိုအပ်ချက်မဟုတ်ပါ၊ USRAP လျှောက်ထားသူများသည် အမေရိကန် ပြည်ထောင်စု၌ ဆက်နွယ်သူများမရှိသော်လည်း   အမေရိကန် ပြည်ထောင်စုသို့ ပြန်လည်အခြေချ နိုင်သည်။ အလားတူပင်အမေရိကန် ပြည်ထောင်စု ဆက်နွယ်သူများရှိခြင်းသည် အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်အခြေချ နေထိုင်ရေးကို အာမခံနိုင်ခြင်းမရှိဘဲ လုပ်ငန်းစဉ် အတွင်းအမေရိကန်ပြည်ထောင်စုဆက်နွယ်သူ ရှိသူများအတွက်  ရှင်းလင်းခြင်းလုပ်ငန်းစဉ် သည် ကွဲပြားခြားနားခြင်း သို့မဟုတ် မြန်ဆန် သွားခြင်း မရှိပါ။

R&Pအစီအစဉ်အတွက်အမေရိကန်ပြည်ထောင်စုအစိုးရမှချမှတ်ထားသောလမ်းညွှန်ချက်များအရ ပြန်လည်အခြေချ နေထိုင်ရေးအေဂျင်စီသည် လိုအပ်သောအခြေခံ ၀န်ဆောင်မှုများအတွက် စကားပြန်အဖြစ် အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူကို အသုံးပြုရန် ခွင့်မပြုပါ။

USRAP အတွက် အမေရိကန်ပြည်ထောင်စု အစိုးရမှ ချမှတ်ထားသော လမ်းညွှန်ချက်များ သည် နှစ်စဉ်ပြောင်းလဲနိုင်ပြီး ရလဒ်အနေဖြင့် ပြန်လည်အခြေချနေထိုင်ရေးအေဂျင်စီများမှ ဒုက္ခသည်များကိုပေးသော ၀န်ဆောင်မှုများနှင့် အကူအညီများကို အကျိုးသက်ရောက်နိုင်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု ဆက်နွယ်သူများဖြစ်လာနိုင်သော ယခင်ဒုက္ခသည်များမှ ရရှိသော အဓိကပြန်လည် နေရာချထားရေး ၀န်ဆောင်မှုများသည် အသစ် ရောက်ရှိလာသောဒုက္ခသည်များအတွက် ပေးသော ၀န်ဆောင်မှုများနှင့်ကွဲပြားနိုင်သည်။

ပြန်လည်အခြေချနေထိုင်ရေးအေဂျင်စီသည် အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူများမှ ၀န်ဆောင်မှုပေးထားသည့် အရာများကို အတည်ပြု ခြင်း အပါအ၀င် ဆောင်ရွက်ပြီးစီး ခဲ့သည့် လိုအပ်သော အဓိက၀န်ဆောင်မှုများ အားလုံး ကို မှတ်တမ်းတင် ထားရမည်။ သို့ဖြစ်၍ အမေရိကန် ပြည်ထောင်စုဆက်နွယ်သူများသည် ၄င်းတို့ဆောင်ရွက်ပေးခဲ့သည့် ၀န်ဆောင်မှု များ နှင့် ပတ်သက်၍ စာရွက်စာတမ်းတစ်ခုကို လက်မှတ်ထိုးရန် တောင်းဆို ခြင်းခံရနိုင်သည်။ သို့သော် အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူ များသည် မည်သည့်  အဓိကလိုအပ်သော ၀န်ဆောင်မှုများကိုမျှ ပေးရန်တာဝန်မရှိပါ။

အမေရိကန်ပြည်ထောင်စု ဆက်နွယ်သူများသည် သူတို့၏ အသစ်ရောက်ရှိလာသော ဒုက္ခသည် သူငယ်ချင်းများနှင့်ဆွေမျိုးသားချင်းများပြန်လည် နေရာချထားခြင်းကို ပျော်ရွှင်စွာ ကူညီ ပံ့ပိုးလေ့ ရှိပြီး ၎င်းတို့၏နေအိမ်များတွင် နေထိုင် စေခြင်း၊  ချိန်းဆိုမှုများသို့ ပို့ဆောင် ပေးခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အထောက် အပံ့များ ပေးအပ်ခြင်းများ ပြုလုပ်ပေး လေ့ရှိကြ ပါသည်။ အကယ်၍ အမေရိကန် ပြည်ထောင်စု ဆက်နွယ် သူများသည် ၎င်းတို့၏ စေတနာ့ ဝန်ထမ်း နာရီများကို ပြန်လည် အခြေချ နေထိုင် ရေး အေဂျင်စီသို့ သတင်းပို့ပါက ၎င်းတို့၏ မည်သည့် လုပ်ဆောင်မှုများသည် စေတနာ့ ဝန်ထမ်း ထောက်ပံ့မှုအဖြစ် သတ်မှတ် နိုင်သည်ကို  ပြန်လည်အခြေချေ နထိုင်ရေး အေဂျင်စီ ၀န်ထမ်းများနှင့် အတည်ပြုသင့်သည်။

The role of US Ties in Refugees Resettlement

Ready to test your knowledge?

Education Settle in app

Download the Settle In App

Get unlimited access to hundreds of lessons designed for all learners

Apple Store icon
Get it on Google Play store
Settle In App

Download the Settle In App

With short videos and interactive lessons, you can learn about a wide range of pre- and post-arrival resettlement topics like traveling to the U.S., housing, and looking for a job.